Connect with us

Hi, what are you looking for?

သတင်း

ရေဖြူ – ကလိန်အောင်လမ်းပိုင်းတွင် စစ်တပ်အရာရှိနှင့် မီးသတ်ဒုဦးစီးလိုက်ပါလာသည့်ယာဥ်အား ပစ်ခတ်တိုက်ခိုက်

မီးသတ်ဒုဦးစီးမှူး ဦးကျော်မိုးထွန်းနှင့် ခမရ (၄၁၀)မှ စစ်အရာရှိတစ်ဦးအပါအဝင် လေးဦးလိုက်ပါလာသည့် Honda Fit ယာဉ်အား ဇွန်လ၂၄ ရက်က ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(TPLF)နှင့် မဟာမိတ်အဖွဲ့များက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(ပစ်ခတ်ခံရ၍ စစ်တပ်အရာ ရှိလိုက်ပါလာသောယာဥ် လမ်းဘေးထိုးကျနေစဥ်။ဓာတ်ပုံ - TPLF)
(ပစ်ခတ်ခံရ၍ စစ်တပ်အရာ ရှိလိုက်ပါလာသောယာဥ် လမ်းဘေးထိုးကျနေစဥ်။ဓာတ်ပုံ - TPLF)

ရေဖြူမြို့နယ်ရှိ ရေဖြူ – ကလိန်အောင်လမ်းပိုင်းတစ်နေရာတွင် ကလိန်အောင်မြို့မီးသတ်ဦးစီးဌာနမှ ဒုဦးစီးမှူးနှင့် စစ်တပ်အရာရှိအပါအဝင် လေးဦးလိုက်ပါလာသည့်ယာဥ်အား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မီးသတ်ဒုဦးစီးမှူး ဦးကျော်မိုးထွန်းနှင့် ခမရ (၄၁၀)မှ စစ်အရာရှိတစ်ဦးအပါအဝင် လေးဦးလိုက်ပါလာသည့် Honda Fit ယာဉ်အား ဇွန်လ၂၄ ရက်က ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(TPLF)နှင့် မဟာမိတ်အဖွဲ့များက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စစ်တပ်အရာရှိလိုက်ပါသည့်ယာဥ်အား ကြိုတင်စုံစမ်းထောက်လှမ်း၍ရရှိသည့် သတင်းအရ စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်ခံရမှုကြောင့် ယာဥ်မှာ လမ်းဘေးမြောင်းထဲထိုးကျ၍ ယာဥ်ပေါ်ပါသူလေးဦးစလုံး ထိခိုက်ဒဏ်ရာရသွားကြောင်း TPLF မှ တာဝန်ရှိသူက ​People’s Spring သို့ ပြောသည်။

Public Service Announcement
Public Service Announcement

“လေးဦးစလုံးကို လူနာတင်ယဉ်နဲ့လာတင်သွားပါတယ်။ သိမ်းဆည်းရမိပစ္စည်း မရှိပါဘူးဗျ”ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF)နှင့် မဟာမိတ်တပ်ဖွဲ့များသည် စစ်ရေးပစ် မှတ်ကိုသာ အဓိကထားတိုက်ခိုက်၍ စစ်တပ်အရာရှိစီးလာသောယာဥ်အား မဖျက်ဆီးဘဲထားခဲ့ရာ နောင်တစ်နေ့တွင် ကရိန်းဖြင့်လာရောက်ဆွဲယူသွားကြောင်း အသိပေးသည်။

အထက်ပါ ပစ်ခတ်တိုက်ခိုက်မှုကို ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(TPLF) နှင့်အတူ ကံပေါက်ဒေသကာကွယ်ရေးတပ်ဖွဲ့(KBDF)၊ ထားဝယ်အမျိုး သားလွတ်မြောက်ရေးတပ်တော် (DNLA)၊ ရေဖြူအလယ်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ဝေဟင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်​သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။