Connect with us

Hi, what are you looking for?

သတင်း

ရေတာရှည်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ် တိုက်ခိုက်ခံရ

ယမန်နေ့(ဇူလိုင် ၃) နေ့လယ် ၂ နာရီခွဲခန့်က ရေတာရှည်မြို့နယ် စည်ပိုင်းကျေးရွာအုပ်စု၊ အိုးမြေတူး ကျေးရွာဘက်သို့ အင်အား ၅၀ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို အိုးမြေတူးကျေးရွာနှင့် ရှမ်းစုကျေးရွာကြား မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(ပဲခူးတိုင်း PDF မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - Bago Region PDF)
(ပဲခူးတိုင်း PDF မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - Bago Region PDF)

ပဲခူတိုင်း၊ ရေတာရှည်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်သည့်အပြင် လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ (၃)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့(ဇူလိုင် ၃) နေ့လယ် ၂ နာရီခွဲခန့်က ရေတာရှည်မြို့နယ် စည်ပိုင်းကျေးရွာအုပ်စု၊ အိုးမြေတူး ကျေးရွာဘက်သို့ အင်အား ၅၀ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို အိုးမြေတူးကျေးရွာနှင့် ရှမ်းစုကျေးရွာကြား မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၁၀ဦးထိမနည်းသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ (၃)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြော သည်။

“​အသေတွေကို ဖောကားနဲ့ လာခေါ်သွားတယ်”ဟု ၎င်းတာဝန်ရှိသူက ဆိုသည်။

Public Service Announcement

Public Service Announcement

မိုင်းဆွဲတိုက်မှုနှင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်ဘက်မှ အထိနာသွားရာ ရှေ့ဆက်စစ်ကြောင်းမထိုးနိုင်ဘဲ စည်ပိုင်းကျေးရွာဘက်သို့ တပ်ပြန်ဆုတ်သွားကြောင်း စုံစမ်းသိရသည်။

အထက်ပါ တိုက်ခိုက်မှုများကို KNU/KNLA၊ တောင်ငူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)၊ တောင်ငူခရိုင် PDFတပ်ရင်း (၃၅၀၁)မှ တပ်ခွဲ (၃)၊ တပ်ခွဲ (၄)နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များမှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

“ရေတာရှည်မြို့နယ် စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းတွေမှာ KNLA နဲ့ ကျနော်တို့ PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေ စစ်ရေးလှုပ်ရှားမှုတွေရှိပါတယ်။ ဒါကလည်း ကျနော်တို့ စစ်ဆင်ရေးရဲ့ တစ်စိပ်တစ်ဒေသဖြစ်ပါတယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ် (၂) စစ်ဒေသ၊ ဒုစစ်ဒေသခွဲမှူးက People’s Spring သို့ မှတ်ချက်ပေးသည်။

လက်ရှိအခြေအနေတွင် ရေတာရှည်မြို့နယ်ရှိ စည်ပိုင်းကျေးရွာ၊ ရွာသစ်ရွာနှင့် ဘိုတဲကုန်းရွာစသည့် သုံးနေရာတွင် စစ်ကောင်စီတပ်မှ ရဲနှင့်စစ်သား ၁၀၀ ကျော်အထိုင်ချထားရာ ကျေးရွာများသို့ အချိန်မရွေး စစ်ကြောင်းထိုးလာနိုင်ကြောင်း တော်လှန်ရေးအင်အားစုများက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook