Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံး PDFမှ ရဲဘော်နှစ်ဦး တာဝန်ထမ်းဆောင်ရင်း ကျဆုံး

လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF)မှ ရဲဘော်ကျေးငှက်နှင့် ရဲဘော်ကြွက်နီတို့ကျဆုံးခဲ့သည့် သတင်းကို ယနေ့(ဇူလိုင် ၆ရက်) ထုတ်ပြန်ခြင်းဖြစ်သည်။

(ကျဆုံးရဲဘော်၏ နာရေးအခမ်းအနားအား တွေ့ရစဥ်။ ဓာတ်ပုံ - LLPDF)
(ကျဆုံးရဲဘော်၏ နာရေးအခမ်းအနားအား တွေ့ရစဥ်။ ဓာတ်ပုံ - LLPDF)

ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦး တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF)မှ ရဲဘော်ကျေးငှက်နှင့် ရဲဘော်ကြွက်နီတို့ကျဆုံးခဲ့သည့် သတင်းကို ယနေ့(ဇူလိုင် ၆ရက်) ထုတ်ပြန်ခြင်းဖြစ်သည်။

“ကျန်းမာရေးမကောင်းပြီး ကျဆုံးခဲ့ရတာပါ။ လုံခြုံရေးအခြေအနေကြောင့် အခုမှပဲထုတ်ပြန်တာပါ”ဟု လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရဲဘော်ကြွက်နီနှင့် ရဲဘော်ကျေးငှက်တို့ကို အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုပြီး အရေးတော်ပုံအောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ တိုင်တည်သစ္စာကတိပြုကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။