Connect with us

Hi, what are you looking for?

သတင်း

ရေဦးနယ်၊ ရေမျက်ကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းအား စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့်လေကြောင်းမှတိုက်ခိုက်

ယနေ့( ဇူလိုင်လ ၁၀ ရက်) နံနက် ၉ နာရီခွဲဝန်းကျင်က တံတားဦးမှတက်လာသော ဂျက်ဖိုက်တာ ၂စီးသည် ရေဦးနယ်အနောက်ခြမ်း ရေမျက်ကျေးရွာကို လေကြောင်းမှတိုက်ခိုက်သွားခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

(စစ်​ကောင်စီက ​လေ​ကြောင်းတိုက်ခိုက်မှုများတွင် အဓိကအသုံးပြု​နေ​သော YAK-130 တိုက်​လေယာဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ)
(စစ်​ကောင်စီက ​လေ​ကြောင်းတိုက်ခိုက်မှုများတွင် အဓိကအသုံးပြု​နေ​သော YAK-130 တိုက်​လေယာဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ)

▪︎စေတီအချို့နှင့် စာသင်​​ဆောင်များပျက်စီး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရေမျက်ကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းအား စစ်ကောင်စီတပ်က ယ​နေ့ ဂျက်ဖိုက်တာ ၂ စီးဖြင့်လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စေတီအချို့နှင့် စာသင်ဆောင်ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

ယနေ့( ဇူလိုင်လ ၁၀ ရက်) နံနက် ၉ နာရီခွဲဝန်းကျင်က တံတားဦးမှတက်လာသော ဂျက်ဖိုက်တာ ၂စီးသည် ရေဦးနယ်အနောက်ခြမ်း ရေမျက်ကျေးရွာကို လေကြောင်းမှတိုက်ခိုက်သွားခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ထိုဂျက်ဖိုက်တာသည် ရေမျက်ကျေးရွာသို့ ပေါင် ဗုံး ၃ လုံး ဖြင့်ကျဲချပြီး ​သေနတ်ဖြင့်ကပါပစ်ခတ်သဖြင့် စာသင်ဆောင်နှင့် ဘုန်းကြီးကျောင်းအနီးတစ်လုံး၊ ရွာအပြင်၌ တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ကျန်တစ်လုံးမှာ ဓမ္မာရုံပေါ်ကျရောက်ခဲ့ပြီး မကွဲကြောင်း ရေဦးမြို့နယ် ပကဖခေါင်းဆောင် ဆရာဦးမြင့်ထွေးက ပြောသည်။

Public Service Announcement
Public Service Announcement

“စာသင်ဆောင်နဲ့ ဘုန်းကြီးကျောင်းစပ်ကြားကို တရစပ်ပစ်သွားတယ်။ သစ်ပင်သစ်ကိုင်းတွေ ပျက်စီးတယ်။ အဆောက်အဦးရဲ့ စာသင်ဆောင်တွေ မှန်တွေ ပျက်စီးသွားတယ်။ အနည်းဆုံး ပေါင် ၅၀၀ လောက်ယူဆရတဲ့လက်နက်ကြီးနဲ့ ပစ်သွားတာ။ မပေါက်ကွဲသေးတဲ့တစ်လုံးလည်း တွေ့တယ်။ ​စက်သေနတ်နဲ့ရော့ကတ်နဲ့ပစ်တဲ့သဘောရှိတယ်။ ထန်းပင်လိုဟာမျိုး ခါးကနေပြတ်ကျသွားတာရှိတယ်။”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ဘုန်းကြီးကျောင်းရှိ စေတီတစ်ဆူ ထီးတော်ပြတ်ကျသွားပြီး ကျန်ငါးဆူခန့်လည်း ပျက်စီးမှုရှိကြောင်း သိရသည်။

လက်ရှိ ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး လူထိခိုက်မှုအခြေအနေ မသိရသေးကြောင်း ဒေသခံများက ပြောသည်။

ရေဦးနယ်အနောက်ခြမ်းရှိ ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ် အထူးနားစွင့် ဂရုစိုက်ကြရန်နှင့် အကာကွယ်ကောင်းသည့်နေရာများတွင်သာ တိမ်းရှောင်ထားပေးကြရန် ရေဦးအခြေပြု People’s Defense Comradeအဖွဲ့က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Facebook