Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ခေါ်ထုတ်သွားတဲ့ ကျိုက်ဇကောထောင်က နိုင်ကျဉ်း ၃၇ ဦးပျောက်ဆုံးနေ

အခုလပိုင်းဖြစ်စဉ်တွေအရ ထောင်ထဲကနေ ခေါ်ထုတ်ပြီး စစ်ကြော သတ်ဖြတ်တဲ့သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေတယ်လို့ AAPP က ဆိုပါတယ်။

စစ်တပ်ခေါ်ထုတ်သွားတဲ့ ကျိုက်ဇကောထောင်က နိုင်ကျဉ်း ၃၇ ဦးပျောက်ဆုံးနေ
စစ်တပ်ခေါ်ထုတ်သွားတဲ့ ကျိုက်ဇကောထောင်က နိုင်ကျဉ်း ၃၇ ဦးပျောက်ဆုံးနေ

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်ဇကောအကျဉ်းထောင်ကနေ ထောင်ပြောင်းမယ်ဆိုပြီး စစ်တပ်က ခေါ်ထုတ်သွားတဲ့ နိုင်ငံရေးအကျဉ်းသား ၃၇ ဦးပျောက်ဆုံးနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ဒီနေ့မှာ ထုတ်ပြန်အသိပေးလိုက်ပါတယ်။

အဲဒီနိုင်ငံရေးအကျဉ်းသားတွေကို ပြီးခဲ့တဲ့ဇွန်လ ၂၇ ရက်က ခေါ်ထုတ်သွားတာလို့ AAPP က ဆိုပါတယ်။

ပျောက်ဆုံးနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့မိသားစုတွေက ကျိုက်ဇကောထောင်ကို သွားရောက် စုံစမ်းရာမှာတော့ ထောင်တာဝန်ရှိသူတွေက အကြိမ်ကြိမ်ငြင်းဆိုနေတယ်လို့ AAPP က ဖော်ပြပါတယ်။

ဒါပေမယ့် နိုင်ငံရေးအကျဉ်းသား လူငယ် ၂ ဦး ထောင်ပြောင်းချိန် ထွက်ပြေးလို့ ပစ်ခတ်ရာမှာ သေဆုံးသွားတယ်ဆိုတဲ့သတင်းကို တော့ ကျိုက်ဇကောထောင် အာဏာပိုင်တွေက မိသားစုတွေဆီကို ပြီးခဲ့တဲ့ရက်ပိုင်း ဇူလိုင် ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ အကြောင်းကြားလာပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစာတွေမှာ ဇွန်လ ၂၉ရက်လို့ ရက်စွဲတပ်ထားပေမယ့် မိသားစုတွေထံကို တစ်ပတ်ကျော်အကြာမှာ ရောက်လာတာလို့ AAPP က ထောက်ပြပါတယ်။

စာထဲမှာတော့ ဒိုက်ဦးထောင်ကနေ အင်းစိန်ထောင်ကိုပြောင်းတာလို့ ဖော်ပြထားပြီး လမ်းမှာ ကားမှောက်ချိန် ထွက်ပြေးလို့ ပစ်ခတ်ဖမ်းဆီးရာမှာ သေဆုံးသွားတာလို့အကြောင်းပြထားပါတယ်။

ထောင်ပြောင်းတယ်ဆိုတာဟာ အကြောင်းပြချက်တစ်ခုသာဖြစ်တယ်လို့ AAPP က ထုတ်ပြန်ချက်မှာပြောပါတယ်။

အခုလပိုင်းဖြစ်စဉ်တွေအရ ထောင်ထဲကနေ ခေါ်ထုတ်ပြီး စစ်ကြော သတ်ဖြတ်တဲ့သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေတယ်လို့ AAPP က ဆိုပါတယ်။

မြင်းခြံထောင်က နိုင်ငံရေးအကျဉ်းသား ဦးစိန်ဝင်းဆိုလည်း ထောင်ထဲမှာ သွေကြောပေါက်ပြီး သေဆုံးသွားတယ်လို့ ဇူလိုင်လ ၂ ရက်က မိသားစုဆီအကြောင်းကြားပေမယ့် တကယ်တော့ ထောင်ပြင်ခေါ်ထုတ်ပြီး စစ်ကြောခံရသလို ရုပ်အလောင်းမှာလည်း အညိုအမည်းဒဏ်ရာတွေ တွေ့ရတယ်ဆိုတာ မိသားစုအသိုင်းအဝိုင်းကတဆင့်ပြန်သိရတယ်လို့ AAPP က ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။