Connect with us

Hi, what are you looking for?

သတင်း

လုပ်ငန်းရှင်တစ်ဦးက PDF နှင့် ပူးပေါင်းတပ်ဖွဲ့များအတွက် ကျပ်သိန်း ၂၀၀၀ ကျော်လှူဒါန်း

NUG ၏ ​ငွေတိုက်စာချုပ် နှင့် အိမ်ယာများ​ရောင်းချမှုတွင်လည်းလုပ်ငန်းရှင်အချို့က ​ဒေါ်လာသိန်းနှင့်ချီလှူဒါန်မှုအချို့ရှိခဲ့​ကြောင်း ​​ငွေတိုက်စာချုပ်နှင့် EOD အိမ်ယာများကူညီ​ရောင်းချ​ပေးသူအချို့က​ပြောသည်။

(ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-MDY-PDF ၊YGN-PDF ၊JOC)
(ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-MDY-PDF ၊YGN-PDF ၊JOC)

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းတပ်ဖွဲ့များ၊တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များအတွက် လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း ၂၁၀၀ လှူဒါန်းလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ CRPHနှင့် ​တော်လှန်​ရေးသတင်းများအဓိက​ဖော်ပြ​ပေး​နေ​သော PVTV က ဇူလိုင် ၁၄ ရက်ညပိုင်းတွင်ဖော်ပြသည်။

အဆိုပါလုပ်ငန်းရှင်အနေဖြင့်အမည်မဖော်ဘဲ လှူဒါန်းခဲ့ခြင်းဖြစ်ပြီး The Suppressor of the Evils (ဒုစရိုက်များကို နှိပ်နင်းသူ)အမည်ဝှက်အဖြစ် စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်နေသည့် PDFနှင့် ပူးပေါင်းတပ်ဖွဲ့များကို လှူဒါန်းလာခြင်းလည်းဖြစ်သည်ဟုလည်းသိရသည်။

(ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-MDY-PDF ၊YGN-PDF ၊JOC)
(ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-MDY-PDF ၊YGN-PDF ၊JOC)

လှူဒါန်းငွေကို မည်သည့် နေ့ရက်တွင် လှူဒါန်းသည်၊ မည်သည့်တပ်ရင်းတပ်ဖွဲ့၊ မည်သည့် ဒေသ မည်သည့် စစ်ဆင်ရေး၌ အသုံးပြုမည်ဆိုသည်ကိုဖော်ပြမထားသော်လည်းလတ်တလောတွင် စစ်ရေးအရှိန်မြှင့်တင်ရန် ကြေညာထားသည့် နေရာဒေသများကို PVTVက ဖော်ပြသည်။

အလားတူ PDF များ၏ ​​ဆော်လမွန်စစ်ဆင်​ရေး အတွက် “ရိုးမခေါ်သံ” ကမ်ပိန်းအလှူရှင်တစ်ဦးက အ​မေရီကန်​ဒေါ်လာ သုံး​သောင်း ၊ကျပ်သိန်း ၉၀၀ ​ကျော် လှူဒါန်းခဲ့​ကြောင်း ဒါရိုက်တာ ကို​ပေါက်ကဇူလိုင် ၁၃ ရက်တွင် အသိ​ပေးသည်။

Public Service Announcement

Public Service Announcement

(ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-MDY-PDF ၊YGN-PDF ၊JOC)
(ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-MDY-PDF ၊YGN-PDF ၊JOC)

ထိုအပြင် ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်-မန္တ​လေး(MDY-PDF)၏ရန်ပုံ​ငွေအတွက် ပြည်​တော်ဝင် ကန်ပိန်းတွင် ၈၈မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင် ​ရေးဆွဲ​ပေးခဲ့​သော “ပြည်​တော်ဝင်”ပန်းချီကားကို ​ရွှေ​ဗောဓိ အမည်ရှိအလှူရှင်တစ်ဦးက ​ဒေါ်လာ ၁၂၃၄၅ ​ဒေါ်လာ ( ကျပ်သိန်း ၄၀၀ ခန့်)ဖြင့် ​လေလံဆွဲ၍ လှူဒါန်းခဲ့သည်။

Public Service Announcement
Public Service Announcement

NUG ၏ ​ငွေတိုက်စာချုပ် နှင့် အိမ်ယာများ​ရောင်းချမှုတွင်လည်းလုပ်ငန်းရှင်အချို့က ​ဒေါ်လာသိန်းနှင့်ချီလှူဒါန်မှုအချို့ရှိခဲ့​ကြောင်း ​​ငွေတိုက်စာချုပ်နှင့် EOD အိမ်ယာများကူညီ​ရောင်းချ​ပေးသူအချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook