Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးနယ်တွင် စစ်ကောင်စီတပ်ရန်ကြောင့် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်

စစ်အာဏာသိမ်းမှုအပြီးတွင် စစ်ကိုင်းတိုင်း၌ နေရပ်စွန့်ခွာသူအရေအတွက် ၇၆၅,၂၀၀ ဦးဖြင့် အများဆုံးဖြစ်ပြီး စစ်အုပ်စု၏ မီးရှို့ဖျက်ဆီးခံရမှုလည်း အများဆုံးခံစားနေရသည့် ဒေသဖြစ်သည်။

(ထွက်ပြေးတိမ်းရှောင်လာသော ခင်ဦးနယ်ပြည်သူများအားတွေ့ရစဥ်။ ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(ထွက်ပြေးတိမ်းရှောင်လာသော ခင်ဦးနယ်ပြည်သူများအားတွေ့ရစဥ်။ ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ဒေသခံထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (ဇူလိုင် ၁၅ ရက်) မွန်းလွဲပိုင်းက ရွှေဘိုမြို့နယ်၊ ခွန်တောင်ကြီး ပျူစောထီးရွာနှင့် ညောင်ပင်သာ စိုက်ပျိုးရေးသိပ္ပံကျောင်းမှ စစ်ကောင်စီတပ်သား အင်အား ၁၀၀ကျော်ဖြင့် စစ်ကြောင်းထိုးလာခဲ့ခြင်း ဖြစ်သည်။

ညနေ ၃နာရီခန့်တွင် စစ်ကောင်စီတပ်သည် ခင်ဦးနယ် အနောက်တောင်ခြမ်း၊ ရေဦး – ညောင်ပင်သာ – ရွှေဘို ကားလမ်းဘေးရှိ တဲဘိုပင်ကျေးရွာသို့ လက်နက်ကြီး၊ ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့သည်။

(ထွက်ပြေးတိမ်းရှောင်လာသော ခင်ဦးနယ်ပြည်သူများအားတွေ့ရစဥ်။ ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(ထွက်ပြေးတိမ်းရှောင်လာသော ခင်ဦးနယ်ပြည်သူများအားတွေ့ရစဥ်။ ဓာတ်ပုံ – ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းကြောင့် ခင်ဦးနယ်ရှိ တဲဘိုပင်ကျေးရွာ၊ ကြာပင်အိုင်၊ တပင်ကောင်း(တောင်)ရွာနှင့် ရွှေဘိုနယ် သရက်ပင်ဝန်းကျေးရွာများမှ ဒေသခံ ၃,၀၀၀ကျော်မှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ညက တဲဘိုပင်ကျေးရွာတွင် ညအိပ်တပ်စွဲ၍ ယနေ့(ဇူလိုင် ၁၆ ရက်)တွင် အဆိုပါကျေးရွာမှ လက်နက်ကြီး၊ငယ် ရမ်းသမ်းပစ်ခတ်ကာ ထွက်ခွာခဲ့ကြောင်း ဒေသခံများက ပြောသည်။

(ထွက်ပြေးတိမ်းရှောင်လာသော ခင်ဦးနယ်ပြည်သူများအားတွေ့ရစဥ်။ ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(ထွက်ပြေးတိမ်းရှောင်လာသော ခင်ဦးနယ်ပြည်သူများအားတွေ့ရစဥ်။ ဓာတ်ပုံ – ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

အဆိုပါစစ်ကြောင်းသည် သိမ်တော်ကျေးရွာသို့ ဝင်ရောက်နေပြီး ကျေးရွာအနီးရှိ ကျွန်းလည်၊ကျွန်းဆွယ်၊ ရွှေယမင်း၊ ကံကြီးကုန်း၊ မြို့သစ်ရွာများမှ ဒေသခံရှစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

“အခြေအနေက မကောင်းဘူး။ ကျွန်တော်တို့နယ်မှာ စစ်ကြောင်းက နှစ်ကြောင်းထိုးနေတယ်။”ဟု ခင်ဦးနယ်ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ပြည်သူများထိခိုက်မှုမရှိသေးသော်လည်း ထွက်ပြေးတိမ်းရှောင်ရသူများပြားနေ၍ နေထိုင်စားသောက်ရေး အခက်အခဲများရှိနေသည်ဟု သိရသည်။

(ထွက်ပြေးတိမ်းရှောင်လာသော ခင်ဦးနယ်ပြည်သူများအားတွေ့ရစဥ်။ ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(ထွက်ပြေးတိမ်းရှောင်လာသော ခင်ဦးနယ်ပြည်သူများအားတွေ့ရစဥ်။ ဓာတ်ပုံ – ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

ဇူလိုင် ၇ရက်ကလည်း ခင်ဦးမြို့နယ်၊ မြကန်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်ပြီး နေအိမ် နှစ်လုံး မီးရှို့ဖျက်ဆီးကာ အမျိုးသား တစ်ဦးအား မီးရှို့သတ်ဖြတ်ခဲ့သည်။

မြန်မာပြည်တွင် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူအရေအတွက် ၁.၈ သန်းကျော် (၁,၈၅၁,၇၀၀)ရှိနေပြီဖြစ်ကြောင်း ဇွန်လကုန်ပိုင်းကထုတ်ပြန်သည့် ကုလသမဂ္ဂဒုက္ခသည်များအေဂျင်စီ UNHCR ၏ အစီရင်ခံစာတွင် ဖော်ပြသည်။

စစ်အာဏာသိမ်းမှုအပြီးတွင် စစ်ကိုင်းတိုင်း၌ နေရပ်စွန့်ခွာသူအရေအတွက် ၇၆၅,၂၀၀ ဦးဖြင့် အများဆုံးဖြစ်ပြီး စစ်အုပ်စု၏ မီးရှို့ဖျက်ဆီးခံရမှုလည်း အများဆုံးခံစားနေရသည့် ဒေသဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။