Connect with us

Hi, what are you looking for?

သတင်း

ဝန်းသိုတွင် အရပ်သား​ယောင်​ဆောင်၍ဓါးပြတိုက်​နေ​သောစစ်သားနှစ်ဦးကို ​တော်လှန်​ရေးတပ်သားများဖမ်းဆီး

ဝန်းသိုမြို့မှ စစ်ကောင်စီခြေမြန်တပ်ရင်း-ခမရ( ၁၁၁ )နှင့် ခြေမြန်တပ်ရင်း-ခမရ (၁၂၀) မှ တပ်သားနှစ်ဦးသည် ဇူလိုင်လ ၁၄ရက်က ကသာမြို့အဝင်ဂိတ်အနီးတွင်လူငယ်တစ်ဦးအား သေနတ်ပြ၍ ဓားပြတိုက်ရန် ကြိုးစားနေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးလိုက်ခြင်းဖြစ်​ကြောင်း သိရသည်။

(အရပ်သား​ယောင်​ဆောင်ဓါးပြတိုက်ခဲ့​သော စစ်သား ၂ ဦးထံမှ သိမ်းဆည်းရမိ​သော ပစ္စည်းများ။ဓါတ်ပုံ-KR)
(အရပ်သား​ယောင်​ဆောင်ဓါးပြတိုက်ခဲ့​သော စစ်သား ၂ ဦးထံမှ သိမ်းဆည်းရမိ​သော ပစ္စည်းများ။ဓါတ်ပုံ-KR)

▪︎တစ်ဦး​သေဆုံးပြီး တစ်ဦးကို​သေနတ်တစ်လက်ဖြင့်ဖမ်းမိ

ဝန်းသိုမြို့အခြေစိုက်စစ်ကောင်စီတပ်မှစစ်သားနှစ်ဦးက ကောလင်းမြို့ပေါ်တွင် အရပ်သား​ယောင်ဟန်​ဆောင်၍ ဓားပြတိုက်နေသည်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးရာ တစ်ဦးသေဆုံးပြီး တစ်ဦး အရှင်ဖမ်းမိကြောင်း ​ဒေသခံအချို့နှင့် PDFများက​​ပြောသည်။

ဝန်းသိုမြို့မှ စစ်ကောင်စီခြေမြန်တပ်ရင်း-ခမရ( ၁၁၁ )နှင့် ခြေမြန်တပ်ရင်း-ခမရ (၁၂၀) မှ တပ်သားနှစ်ဦးသည် ဇူလိုင်လ ၁၄ရက်က ကသာမြို့အဝင်ဂိတ်အနီးတွင်လူငယ်တစ်ဦးအား သေနတ်ပြ၍ ဓားပြတိုက်ရန် ကြိုးစားနေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးလိုက်ခြင်းဖြစ်​ကြောင်း သိရသည်။

“လူရည်သန့်လူငယ်တစ်ယောက်ကိုလုပ်သေနတ်တွေပြပြီး ဓားပြတိုက်နေတာ။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကင်းပုန်းနဲ့ ထိပ်တိုက်တွေ့တာ။ ဝန်းသို ၁၁၁ က တစ်ယောက်၊ ၁၂၀က တစ်ယောက်” ဟု ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ဝန်းသိုမြို့၊ စစ်ကောင်စီခြေမြန်တပ်ရင်း ၁၁၁ မှတပ်သားရွှေလျှံထွန်းဆိုသူသည် PDFများကဖမ်းဆီးစဉ် ပစ်ခတ်ထွက်ပြေးရန်ကြိုးစားသောကြောင့် အသေဖမ်းဆီးခဲ့ရသည်ဟုဆိုသည်။ခြေမြန်တပ်ရင်း ၁၂၀မှ တပ်သားဟန်ဝင်းအောင်ကို အရှင်ဖမ်းမိပြီး လက်လုပ်သေနတ်တစ်လက်၊ဖုန်းနှစ်လုံး၊ဆိုင်ကယ်တစ်စီးကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများကသတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“စစ်တပ်က အရပ်သားဟန်ဆောင်ပြီး ဓားပြတိုက်နေတာ။ အခုဖမ်းမိတယ်ကြားတော့ သတင်းကောင်းဗျ။ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ မြို့ပတ်ဝန်းကျင်အထိ နယ်မြေစိုးမိုးမှုရလာပြီဆိုတဲ့သဘောပဲ’ဟုကောလင်းမြို့ခံတစ်ဦးကပြောသည်။

၄င်းတို့နှစ်ဦးကိုအမိန့်ပေးစေခိုင်းသူမှာဝန်းသို ခမရ ၁၁၁မှ ဗိုလ်ဝင်းထွန်းဆိုသူဖြစ်ပြီး ၎င်းသည်လက်ရှိတွင်ကောလင်းထွေအုပ်နှင့်ဆေးရုံတွင်လုံခြုံရေးတာဝန်ကျနေကြောင်း လည်းထုတ်ပြန်ထားချက်တွင်​ဖော်ပြထားသည်။

ဓားပြတိုက်ရန် ကြိုးစားနေသည့် စစ်ခေါင်းစီတပ်ဖွဲ့ဝင်နှစ်ဦးအား ဖမ်းဆီးခဲ့သည့် မစ်ရှင်အား ကောလင်းမြို့နယ်ပကဖနှင့်The Secret warrier KawLinတို့ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။