Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေပြည်သာတွင် စစ်ကောင်စီတပ်က ပြည်သူတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်

ရွှေပြည်သာမြို့နယ်၊ ဏ/၁၄ ရပ်ကွက်၊ ပန်းခြံ (၈) ၊ ကောက်သစ် (၁)လမ်းနေ (၄၀)ခန့်အရွယ် ကိုကျော်ဇေယျဆိုသူကို မူးယစ်ရမ်းကားသည်ဟု စွပ်စွဲပြီးနောက် သေနတ်ဖြင့် နှစ်ချက်ထက်မနည်း ပစ်သတ်ခဲ့ခြင်းဟု ဆိုသည်။

ရွှေပြည်သာတွင် စစ်ကောင်စီတပ်က ပြည်သူတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်
ရွှေပြည်သာတွင် စစ်ကောင်စီတပ်က ပြည်သူတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်၌ ယနေ့(ဇူလိုင် ၁၇ရက်) နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ပြည်သူတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ရွှေပြည်သာမြို့နယ်၊ ဏ/၁၄ ရပ်ကွက်၊ ပန်းခြံ (၈) ၊ ကောက်သစ် (၁)လမ်းနေ (၄၀)ခန့်အရွယ် ကိုကျော်ဇေယျဆိုသူကို မူးယစ်ရမ်းကားသည်ဟု စွပ်စွဲပြီးနောက် သေနတ်ဖြင့် နှစ်ချက်ထက်မနည်း ပစ်သတ်ခဲ့ခြင်းဟု ဆိုသည်။

“အပင်ကိုင်းတွေခုတ်နေရင်း ဘေးအိမ်က ပန်းပင်ကို သွားခုတ်မိတော့ စကားများရာကနေ ရပ်ကွက် အုပ်ချုပ်ရေးမှူးရောက်လာပြီး စစ်တပ် ခေါ်တာ။ပြီးတော့ သူ့တို့ကို ရန်ပြုနေပါတယ်ဆိုပြီး ပြောလိုက်ရော ဟိုက ရောက်ရောက်ချင်းကိုကျောဇေယျလည်ပင်းကို သေနတ်နဲ့ ပစ်လိုက် တာ”ဟု ဖြစ်စဥ်အား သိရှိသူက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ထိုဖြစ်စဥ်ကိုမူ စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းများတွင် ကျော်ဇေယျက တပ်မတော်အရာရှိကိုဓါးဖြင့်ရန်ပြုသဖြင့် အင်္ကျီစုတ်ပြဲခဲ့ပြီး သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးရာ ကျော်ဇေယျ လည်ပင်းကျည်ဖောက်ဝင်ဒဏ်ရာဖြင့် ဖမ်းဆီးရမိကြောင်း လိမ်လည်ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

“သေနတ်ကိုင်ပြီး ဗိုလ်ကျချင်နေတဲ့ကောင်တွေရဲ့ ဆင်ခြေပေါ့။သူတို့ကို ရန်ပြုလို့ပါပေါ့။ဓားနဲ့ထိုးတာ အင်္ကျီစုတ်သွားလို့တဲ့ စဥ်စားကြည့်ကြပေါ့ဗျာ။ကျွန် တော်သိရသလောက်ကတော့ ဘေးအိမ်နဲ့ စကားများတာ ဆဲဆိုတာကို တိုင်လိုက်တော့ အုပ်ချုပ်ရေးမှူးဆိုတဲ့ကောင်က အာဏာပြချင်တော့ စစ်တပ်ခေါ်တယ်။အဲဒါမှာ ထပ်ဆဲ နေတယ်ဆိုပြီး သေနတ်နဲ့ပစ်တာပါ”ဟု ဏ/၁၄ ရပ်ကွက် နေထိုင်သူတစ်ဦးက ရှင်းပြသည်။

လည်ပင်ကျည်ဖောက်ဝင်ပြီး သေဆုံးခဲ့သည့် ကိုကျော်ဇေယျမှာ စိတ်ကျန်းမာရေးလုံလောက် ကောင်းမွန်မှု မရှိသူဟု သိရှိရပြီး လူထုနွေဦးအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ထို့အပြင် ၎င်း၏ ရုပ်အလောင်းကို စစ်ကောင်စီက ထိန်းသိမ်းထားဆဲဖြစ်ပြီး မည်သည့်ဆေးရုံသို့ ပို့ဆောင်ထားသည်ကို မသိရှိရကြောင်းနှင့် မိသားစုဝင်များနှင့်ပါ အဆက်အသွယ်ဖြတ်ထားကြောင်းသိရသည်။

စစ်တပ်ကအာဏာသိမ်းခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ စတင်ပြီး ၂၀၂၃ ဇူ လိုင် ၁၂ ရက်အထိ စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည့် အရပ်သားဦးရေ ၃,၇၈၅ ဦးအထိရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း AAPP က မကြာသေးမီက ထုတ်ပြန်ထားသည်။