Connect with us

Hi, what are you looking for?

သတင်း

မြင်းမူနယ်တွင် စစ်တပ်က မီးရှို့ဖျက်ဆီးနေ၍ ဒေသခံများ ညတွင်းချင်းထွက်ပြေးနေရ

စစ်ကောင်စီတပ်သည် မြင်းမူနယ်အတွင်းရှိ ကျေးရွာများကို ဇူလိုင် ၆ ရက်မှစတင်ကာစစ်ကြောင်းထိုးပြီး ကျေးရွာ လေးရွာထက်မနည်း မီးရှို့ထားပြီး ဖမ်းဆီးသတ်ဖြတ်ခံရသူများလည်းရှိနေကြောင်း ​ဒေသခံများက ပြောသည်။

(မီးရှို့ဖျက်ဆီးခံနေရသော မူးမန္တလေးကျေးရွာအား တွေ့ရစဥ်။ ဓာတ်ပုံ-စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(မီးရှို့ဖျက်ဆီးခံနေရသော မူးမန္တလေးကျေးရွာအား တွေ့ရစဥ်။ ဓာတ်ပုံ-စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ မူးမန္တလေးကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေ၍ ဒေသခံများ ညတွင်းချင်းထွက်ပြေးနေရကြောင်း သတင်းရရှိသည်။

ယနေ့ (ဇူလိုင် ၁၇ ရက်) ညနေပိုင်းက မူးမန္တလေးကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFများ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရသွားသည့် စစ်သားများအား ထီးဆောင်းကျေးရွာသို့ သယ်ဆောင်သွားကြောင်း ဒေသကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

(မီးရှို့ဖျက်ဆီးခံနေရသော မူးမန္တလေးကျေးရွာအား တွေ့ရစဥ်။ ဓာတ်ပုံ-စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(မီးရှို့ဖျက်ဆီးခံနေရသော မူးမန္တလေးကျေးရွာအား တွေ့ရစဥ်။ ဓာတ်ပုံ-စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး)

ထို့နောက် ညနေ ၆ နာရီခန့်တွင် စစ်တပ်က မူးမန္တလေးရွာအား လက်နက်ကြီးများဖြင့်ပစ်ခတ်ကာ ဝင်ရောက်ခဲ့ကြောင်း၊ ည ၇ နာရီခန့်တွင် မူးမန္တလေးကျေးရွာအား မီးရှို့ဖျက်ဆီးနေ၍ ထိုကျေးရွာအပါအဝင် အနီးဝန်းကျင်ကျေးရွာများပါ ညတွင်းချင်းတိမ်းရှောင်နေရကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

“အလ္လကပ္ပနဲ့ညောင်ပင်ကန်ဘက်ကို တစ်ကြောင်းထွက်သွားတယ်။ နောက်တစ်ကြောင်းက မူးမန္တလေးဘက်ကို မီးရှို့နေတယ်။”ဟု ဒေသတွင်းရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

(မီးရှို့ဖျက်ဆီးခံနေရသော မူးမန္တလေးကျေးရွာအား တွေ့ရစဥ်။ ဓာတ်ပုံ-စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(မီးရှို့ဖျက်ဆီးခံနေရသော မူးမန္တလေးကျေးရွာအား တွေ့ရစဥ်။ ဓာတ်ပုံ-စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး)

ယမန်နေ့ (ဇူလိုင် ၁၆ ရက်) ညပိုင်းကလည်း စစ်ကောင်စီတပ်သည် မြင်းမူမြို့နယ်၊ မဲနောကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၁၀၀ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

စစ်ကောင်စီတပ်သည် မြင်းမူနယ်အတွင်းရှိ ကျေးရွာများကို ဇူလိုင် ၆ ရက်မှစတင်ကာစစ်ကြောင်းထိုးပြီး ကျေးရွာ လေးရွာထက်မနည်း မီးရှို့ထားပြီး ဖမ်းဆီးသတ်ဖြတ်ခံရသူများလည်းရှိနေကြောင်း ​ဒေသခံများက ပြောသည်။

ထို့အပြင် ဇူလိုင် ၁၃ ရက်ကမူ စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDF အဖွဲ့များ ခွက်ခွင်းရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုအထိအခိုက်များကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။