Connect with us

Hi, what are you looking for?

သတင်း

ဆိပ်ဖြူတိုက်ပွဲ ကပစ(၂၁)စစ်ကြောင်းမှ သုံးဦးသေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ကုန်းရွာကျေးရွာနှင့် ကျောင်းရွာကျေးရွာကြားတွင် ဇူလိုင် ၁၃ရက်က တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

(မကွေးတိုင်းအတွင်းရှိ PDF ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MOD/NUG)
(မကွေးတိုင်းအတွင်းရှိ PDF ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MOD/NUG)

▪️ဒဏ်ရာရသူများရှိဟု PDF စစ်ရုံးချုပ် အသိပေး

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် အမှတ်(၂၁) ကာကွယ်ရေးပစ္စည်း စက်ရုံ -ကပစ(၂၁) စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့သည်ဟု PDF စစ်ရုံးချုပ်က ယနေ့ထုတ်ပြန်သည်။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ကုန်းရွာကျေးရွာနှင့် ကျောင်းရွာကျေးရွာကြားတွင် ဇူလိုင် ၁၃ရက်က တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

PDF ပခုက္ကူခရိုင်၊ အမှတ်(၁၉) တပ်ရင်းနှင့် ရန်သူ့စစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရန်သူ့တပ်သား သုံးဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရခဲ့ကြောင်း ဖော်ပြသည်။

“၁၃ ရက်နေ့က ကပစ( ၂၁) ကထွက်လာတဲ့ ယာဉ်တန်းကို မိုင်းဆွဲပြီးဖြတ်လိုက်တာ။ မိုင်းဆွဲလိုက်တာ ၃ယောက်သေပြီး။ ၁၀ယောက်က ခြေပြတ်လက်ပြတ်ဖြစ်သွားတယ်။ ပြီးတော့ပစ်ကြတယ်။ သူပစ်ကိုယ်ပစ်ပေါ့”ဟုပခုက္ကူခရိုင် အမှတ် ၁၉ တပ်ရင်းက တာဝန်ခံကပြောသည်။

Public Service Announcement

Public Service Announcement

“ကပစ (၂၁ )ကနေ ကပစ( ၂၂ )ကိုရောက်နေတဲ့ သူတို့ (စစ်ကောင်စီတပ်) ရဲဘော်တွေကို သွားခေါ်တာ။ စစ်ကြောင်းထိုးဖို့ ရဲတွေစုပြီးအလာကို မိုင်းဆွဲပြီး ပစ်ဆုတ်ဆုတ်ခဲ့တာပါ”ဟု ၎င်းကဆက်ပြောသည်။

အဆိုပါတိုက်ပွဲ၌ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။