Connect with us

Hi, what are you looking for?

သတင်း

မြဝတီ လက်ခတ်တောင်တိုက်ပွဲ စစ်ကောင်စီဗိုလ်ကြီးတစ်ဦးသေ၊ လက်နက်နှင့် ကျည်များရဟု ကော်ဘရာ ထုတ်ပြန်

ယနေ့တိုက်ပွဲတွင် ရန်သူဘက်မှ လက်နက်ကြီးများဆက်တိုက်ပစ်၍ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ပူးပေါင်းတပ်ဖွဲ့ဘက်မှ တစ်ဦးဒဏ်ရာရခဲ့ကြောင်း အသိပေးထားသည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - Cobra Column)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - Cobra Column)

ကရင်ပြည်နယ် မြ၀တီမြို့အနီး လက်ခတ်တောင်ဒေသ၌ ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်မှ အရာရှိတစ်ဦးသေဆုံးခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ဇူလိုင် ၁၈ရက် နံနက် ၇နာရီခန့်တွင် လက်ခတ်တောင်အနီး ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ ဗိုလ်ကြီးတစ်ဦးသေဆုံးပြီး ဒဏ်ရာရသူ ၅ဦးရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ထို့ပြင် စစ်ကောင်စီတပ်ထံမှ MA3 သေနတ် (၁)လက်၊ RPG(၃)လုံး၊ (၆၀)မမ သုံးလုံး၊ အီနာဂါလေးလုံးနှင့် မိုဘိုင်းဖုန်း(၇)လုံးတို့အား သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။

ယနေ့တိုက်ပွဲတွင် ရန်သူဘက်မှ လက်နက်ကြီးများဆက်တိုက်ပစ်၍ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ပူးပေါင်းတပ်ဖွဲ့ဘက်မှ တစ်ဦးဒဏ်ရာရခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

လက်ခတ်တောင်တိုက်ပွဲတွင် စစ်ကောင်စီတပ်ကို KNU/KNLA၊ ကော်ဘရာ စစ်ကြောင်း(၁)၊ ကျားသစ်နက်၊ Federal Wingsတို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။