Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြဝတီ လက်ခတ်တောင်တိုက်ပွဲ စစ်ကောင်စီဗိုလ်ကြီးတစ်ဦးသေ၊ လက်နက်နှင့် ကျည်များရဟု ကော်ဘရာ ထုတ်ပြန်

ယနေ့တိုက်ပွဲတွင် ရန်သူဘက်မှ လက်နက်ကြီးများဆက်တိုက်ပစ်၍ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ပူးပေါင်းတပ်ဖွဲ့ဘက်မှ တစ်ဦးဒဏ်ရာရခဲ့ကြောင်း အသိပေးထားသည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - Cobra Column)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - Cobra Column)

ကရင်ပြည်နယ် မြ၀တီမြို့အနီး လက်ခတ်တောင်ဒေသ၌ ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်မှ အရာရှိတစ်ဦးသေဆုံးခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ဇူလိုင် ၁၈ရက် နံနက် ၇နာရီခန့်တွင် လက်ခတ်တောင်အနီး ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ ဗိုလ်ကြီးတစ်ဦးသေဆုံးပြီး ဒဏ်ရာရသူ ၅ဦးရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ထို့ပြင် စစ်ကောင်စီတပ်ထံမှ MA3 သေနတ် (၁)လက်၊ RPG(၃)လုံး၊ (၆၀)မမ သုံးလုံး၊ အီနာဂါလေးလုံးနှင့် မိုဘိုင်းဖုန်း(၇)လုံးတို့အား သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။

ယနေ့တိုက်ပွဲတွင် ရန်သူဘက်မှ လက်နက်ကြီးများဆက်တိုက်ပစ်၍ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ပူးပေါင်းတပ်ဖွဲ့ဘက်မှ တစ်ဦးဒဏ်ရာရခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

လက်ခတ်တောင်တိုက်ပွဲတွင် စစ်ကောင်စီတပ်ကို KNU/KNLA၊ ကော်ဘရာ စစ်ကြောင်း(၁)၊ ကျားသစ်နက်၊ Federal Wingsတို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။