Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လက်ခတ်တောင် စခန်းကုန်းတိုက်ပွဲ ၂၅နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များဟု ကော်ဘရာစစ်ကြောင်း ထုတ်ပြန်

စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးနှစ်ဦးအပါအဝင် သေဆုံးထိခိုက်မှု များပြားခဲ့ပြီး အရာရှိများသေဆုံးပြီးနောက်တွင် စခန်းစွန့်ခွာ ထွက်ပြေးမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင်း အဆိုပါ သတင်းရင်းမြစ်က ရှင်းပြသည်။

(​ကော်ဘရာအပါအဝင် ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ နှင့် သိမ်းဆည်းရမိ​သော လက်နက်ခဲယမ်းဆက်စပ်ပစ္စည်းများ။ ဓါတ်ပုံ-Cobra Column)
(​ကော်ဘရာအပါအဝင် ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ နှင့် သိမ်းဆည်းရမိ​သော လက်နက်ခဲယမ်းဆက်စပ်ပစ္စည်းများ။ ဓါတ်ပုံ-Cobra Column)

ကရင်ပြည်နယ် မြ၀တီမြို့အနီးလက်ခတ်တောင်တာဝါတိုင်စခန်းကုန်းကို ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့က ယနေ့မနက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း တိုက်ပွဲဝင် စစ်ကြောင်းဖြစ်သည့် ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

တပ်မဟာ(၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ ကျားသစ်နက်၊ Federal Wings တို့သည် လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းအား ဇူလိုင် ၂၀ရက် နံနက် ၆နာရီမှ စတင် စီးနင်းတိုက်ခိုက်ခဲ့ရာ ၂၅နာရီ ခန့်အကြာ ယနေ့ ဇူလိုင် ၂၁ရက် နံနက် ၅နာရီခန့်တွင်လက်ခတ်တောင်ကြော တစ်ခုလုံးအား သိမ်းပိုက်နိုင်ခဲ့သည်ဟု အသိပေးထားသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ခမရ(၁၁၈)၊ လ(၈) တို့ပါဝင်ပြီး ရန်သူထိခိုက်သေဆုံးမှုများရှိကြောင်း ဖော်ပြသည်။

စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့သည်။ဆက်သွယ်ရေးစက်(၁)လုံး၊ 60mm(၁၆)လုံး၊ ရှေ့ထွက်မိုင်း(၆)လုံး၊ ကားမိုင်း(၉)လုံး၊ Jammerစက်(၂)လုံး၊ မိုင်းရှာစက်(၂)လုံး၊ စက်လက်ပြောင်း(၁)ပြောင်း၊ ကွန်မန်ဒို60mmပြောင်း(၂)လက်၊ 40mm(၉)လုံး၊ G3ကျည်ဘောက်(၄)ခု၊ MAကျည်ဘောက်(၂)ဘောက်၊ စစ်ခမောက်(၈)လုံး၊ RPGပို့ယမ်း(၃)တောင့်၊ RPGသီး(၁)လုံး၊ 7.62ကျည်(၁၈၈၀)တောင့်၊ 5.56ကျည်(၃၀၂)တောင့် တို့ဖြစ်သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့များဘက်က ရဲဘော် ၆ဦး ဒဏ်ရာရခဲ့ကြောင်းလည်းအသိ​ပေးထားသည်။

(​ကော်ဘရာအပါအဝင် ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ နှင့် သိမ်းဆည်းရမိ​သော လက်နက်ခဲယမ်းဆက်စပ်ပစ္စည်းများ။ ဓါတ်ပုံ-Cobra Column)
(​ကော်ဘရာအပါအဝင် ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ နှင့် သိမ်းဆည်းရမိ​သော လက်နက်ခဲယမ်းဆက်စပ်ပစ္စည်းများ။ ဓါတ်ပုံ-Cobra Column)

လတ်ခတ်တောင်၏ တောင်ကုန်းများတွင် နေရာယူထားသော စစ်ကောင်စီတပ်များကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် သီတင်းပတ်ကတည်းက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တုန့်ပြန်ခဲ့သော်လည်း ၎င်းတို့၏ အရာရှိအချို့ သေဆုံးခဲ့ပြီးနောက် လက်ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားကြသည်ဟု သတင်းရင်းမြစ်က ပြောသည်။ ထို့အတွက် ယမန်နေ့(ဇူလိုင် ၂၀ ရက်)ညတွင် တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့များက လက်ခတ်တောင်၏ အမြင့်ဆုံးတောင်ကုန်းအပါအဝင် တောင်ကြောတစ်ခုလုံးကို သိမ်းပိုက်နေရာယူထားကြောင်း ရှင်းပြသည်။

Public Service Announcement
Public Service Announcement

“တကြောလုံးလို့ ပြောလို့ရတာပေါ့။ ကျွန်တော်တို့ဘက်က ထိခိုက်တဲ့ ဒဏ်ရာ အနည်းအကျဥ်း လူနည်းနည်းပဲရှိတယ်။ လောလောဆယ် ထိခိုက်ထားတာ နှစ်ယောက်ရှိတာပေါ့” ဟု မြေပြင်ရှိ သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးနှစ်ဦးအပါအဝင် သေဆုံးထိခိုက်မှု များပြားခဲ့ပြီး အရာရှိများသေဆုံးပြီးနောက်တွင် စခန်းစွန့်ခွာ ထွက်ပြေးမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင်း အဆိုပါ သတင်းရင်းမြစ်က ရှင်းပြသည်။

“ဒီနေ့မှာ မရှိတော့ဘူး။ သူတို့(စစ်ကောင်စီတပ်) ခံမနိုင်တော့ဘူးလေ။ သူတို့ခေါင်းဆောင် သေသွားတဲ့အခါကျတော့ သူတို့ကို ဦးဆောင်မယ့်ကောင်မှ မရှိတော့ပဲ။ ပြန်ဆင်းရတာပေါ့။ သေတဲ့ကောင်လည်း သူတို့ဆွဲနိုင်သလောက် လိုက်ဆွဲပေါ့။ ဆွဲကြမှာပေါ့” ဟု ၎င်းက ဆိုသည်။ ဒေသခံများ၏ ပြောကြားချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးကျော် သေဆုံးခဲ့ပြီး ရုပ်အလောင်းများကို ပြန်ဆွဲယူသွားကြောင်း သိရသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။