Connect with us

Hi, what are you looking for?

သတင်း

လက်ခတ်တောင် စခန်းကုန်းတိုက်ပွဲ ၂၅နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များဟု ကော်ဘရာစစ်ကြောင်း ထုတ်ပြန်

စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးနှစ်ဦးအပါအဝင် သေဆုံးထိခိုက်မှု များပြားခဲ့ပြီး အရာရှိများသေဆုံးပြီးနောက်တွင် စခန်းစွန့်ခွာ ထွက်ပြေးမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင်း အဆိုပါ သတင်းရင်းမြစ်က ရှင်းပြသည်။

(​ကော်ဘရာအပါအဝင် ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ နှင့် သိမ်းဆည်းရမိ​သော လက်နက်ခဲယမ်းဆက်စပ်ပစ္စည်းများ။ ဓါတ်ပုံ-Cobra Column)
(​ကော်ဘရာအပါအဝင် ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ နှင့် သိမ်းဆည်းရမိ​သော လက်နက်ခဲယမ်းဆက်စပ်ပစ္စည်းများ။ ဓါတ်ပုံ-Cobra Column)

ကရင်ပြည်နယ် မြ၀တီမြို့အနီးလက်ခတ်တောင်တာဝါတိုင်စခန်းကုန်းကို ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့က ယနေ့မနက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း တိုက်ပွဲဝင် စစ်ကြောင်းဖြစ်သည့် ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

တပ်မဟာ(၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ ကျားသစ်နက်၊ Federal Wings တို့သည် လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းအား ဇူလိုင် ၂၀ရက် နံနက် ၆နာရီမှ စတင် စီးနင်းတိုက်ခိုက်ခဲ့ရာ ၂၅နာရီ ခန့်အကြာ ယနေ့ ဇူလိုင် ၂၁ရက် နံနက် ၅နာရီခန့်တွင်လက်ခတ်တောင်ကြော တစ်ခုလုံးအား သိမ်းပိုက်နိုင်ခဲ့သည်ဟု အသိပေးထားသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ခမရ(၁၁၈)၊ လ(၈) တို့ပါဝင်ပြီး ရန်သူထိခိုက်သေဆုံးမှုများရှိကြောင်း ဖော်ပြသည်။

စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့သည်။ဆက်သွယ်ရေးစက်(၁)လုံး၊ 60mm(၁၆)လုံး၊ ရှေ့ထွက်မိုင်း(၆)လုံး၊ ကားမိုင်း(၉)လုံး၊ Jammerစက်(၂)လုံး၊ မိုင်းရှာစက်(၂)လုံး၊ စက်လက်ပြောင်း(၁)ပြောင်း၊ ကွန်မန်ဒို60mmပြောင်း(၂)လက်၊ 40mm(၉)လုံး၊ G3ကျည်ဘောက်(၄)ခု၊ MAကျည်ဘောက်(၂)ဘောက်၊ စစ်ခမောက်(၈)လုံး၊ RPGပို့ယမ်း(၃)တောင့်၊ RPGသီး(၁)လုံး၊ 7.62ကျည်(၁၈၈၀)တောင့်၊ 5.56ကျည်(၃၀၂)တောင့် တို့ဖြစ်သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့များဘက်က ရဲဘော် ၆ဦး ဒဏ်ရာရခဲ့ကြောင်းလည်းအသိ​ပေးထားသည်။

(​ကော်ဘရာအပါအဝင် ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ နှင့် သိမ်းဆည်းရမိ​သော လက်နက်ခဲယမ်းဆက်စပ်ပစ္စည်းများ။ ဓါတ်ပုံ-Cobra Column)
(​ကော်ဘရာအပါအဝင် ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ နှင့် သိမ်းဆည်းရမိ​သော လက်နက်ခဲယမ်းဆက်စပ်ပစ္စည်းများ။ ဓါတ်ပုံ-Cobra Column)

လတ်ခတ်တောင်၏ တောင်ကုန်းများတွင် နေရာယူထားသော စစ်ကောင်စီတပ်များကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် သီတင်းပတ်ကတည်းက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တုန့်ပြန်ခဲ့သော်လည်း ၎င်းတို့၏ အရာရှိအချို့ သေဆုံးခဲ့ပြီးနောက် လက်ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားကြသည်ဟု သတင်းရင်းမြစ်က ပြောသည်။ ထို့အတွက် ယမန်နေ့(ဇူလိုင် ၂၀ ရက်)ညတွင် တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့များက လက်ခတ်တောင်၏ အမြင့်ဆုံးတောင်ကုန်းအပါအဝင် တောင်ကြောတစ်ခုလုံးကို သိမ်းပိုက်နေရာယူထားကြောင်း ရှင်းပြသည်။

Public Service Announcement
Public Service Announcement

“တကြောလုံးလို့ ပြောလို့ရတာပေါ့။ ကျွန်တော်တို့ဘက်က ထိခိုက်တဲ့ ဒဏ်ရာ အနည်းအကျဥ်း လူနည်းနည်းပဲရှိတယ်။ လောလောဆယ် ထိခိုက်ထားတာ နှစ်ယောက်ရှိတာပေါ့” ဟု မြေပြင်ရှိ သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးနှစ်ဦးအပါအဝင် သေဆုံးထိခိုက်မှု များပြားခဲ့ပြီး အရာရှိများသေဆုံးပြီးနောက်တွင် စခန်းစွန့်ခွာ ထွက်ပြေးမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင်း အဆိုပါ သတင်းရင်းမြစ်က ရှင်းပြသည်။

“ဒီနေ့မှာ မရှိတော့ဘူး။ သူတို့(စစ်ကောင်စီတပ်) ခံမနိုင်တော့ဘူးလေ။ သူတို့ခေါင်းဆောင် သေသွားတဲ့အခါကျတော့ သူတို့ကို ဦးဆောင်မယ့်ကောင်မှ မရှိတော့ပဲ။ ပြန်ဆင်းရတာပေါ့။ သေတဲ့ကောင်လည်း သူတို့ဆွဲနိုင်သလောက် လိုက်ဆွဲပေါ့။ ဆွဲကြမှာပေါ့” ဟု ၎င်းက ဆိုသည်။ ဒေသခံများ၏ ပြောကြားချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးကျော် သေဆုံးခဲ့ပြီး ရုပ်အလောင်းများကို ပြန်ဆွဲယူသွားကြောင်း သိရသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။