Connect with us

Hi, what are you looking for?

သတင်း

ရေတာရှည်မြို့နယ် ကျွဲရိုင်းပြင်တံတားအစောင့်တပ်ကို PDF ပူးပေါင်းတပ် ပစ်ခတ်တိုက်ခိုက်

ဇူလိုင် ၁၀ ရက် နံနက်ပိုင်းကလည်း အဆိုပါကျွဲရိုင်းပြင်တံတားဂိတ်ကို PDF ပူးပေါင်းတပ်များက သွားရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားသုံးဦးထိခိုက်မှုရှိခဲ့သည်။

(ကျွဲရိုင်းပြင်တံတားဂိတ်တိုက်ခိုက်မှုမှ စနိုက်ပါသမား တော်လှန်ရေးရဲဘော်တစ်ဦးအား တွေ့ရစဥ်)
(ကျွဲရိုင်းပြင်တံတားဂိတ်တိုက်ခိုက်မှုမှ စနိုက်ပါသမား တော်လှန်ရေးရဲဘော်တစ်ဦးအား တွေ့ရစဥ်)

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် ကျွဲရိုင်းပြင်တံတားအစောင့် စစ်ကောင်စီတပ်ကို PDF ပူးပေါင်းတပ်က လက်နက်ကြီးအပါအဝင် စနိုက်ပါဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ(၄)မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

ကျွဲရိုင်းပြင်ကျေးရွာ အရှေ့တောင်ဘက် စစ်တောင်းမြစ်ကူးတံတားပေါ်တွင် အင်အား ၅၀ ခန့်ဖြင့် စစ်ဆေးရေးဂိတ်ချထားသော စစ်ကောင်စီတပ်ကို ယမန်နေ့(ဇူလိုင် ၁၇) နံနက် ၅ နာရီခန့်တွင် PDF ပူးပေါင်းတပ်ဖွဲ့က (၄၀)မမ လက်နက်ကြီး ငါးလုံးဖြင့် စတင်ပစ်ခတ်ခဲ့ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၁၅မိနစ်ခန့် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ ထိ ခိုက်သေဆုံးမှုရှိနိုင်သော်လည်း အတိအကျမသိရသေးကြောင်း တပ်ခွဲ(၄)မှ တာဝန်ရှိသူက ရှင်းပြ သည်။

အလားတူ ယင်းနေ့(ဇူလိုင် ၁၇)နံနက် ၈ နာရီခန့်တွင်လည်း PDF ပူးပေါင်းတပ်က စနိုက်ပါဖြင့်သွားရောက်ပစ်ခတ်ခဲ့ရာ ဘန်ကာအတွင်းမှ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိသွားကြောင်း ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“(စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု)ရှိပါတယ်ဗျ။ လက်ရှိ သိရတာကတော့ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ”ဟု တောင်ငူခရိုင် တပ်ရင်း(၃၅၀၁)၊ တပ်ခွဲ(၄)မှ တာဝန်ရှိသူတစ်ဦးက ဆက်ပြောသည်။

အထက်ပါတိုက်ခိုက်ခံရမှုများဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က အနီးဝန်းကျင်ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိသော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ကျွဲရိုင်းပြင်တံတားဂိတ်တိုက်ခိုက်မှု စစ်ဆင်ရေးအား တောင်ငူခရိုင် တပ်ရင်း(၃၅၀၁)မှ စစ်တောင်းမြစ်အရှေ့ကမ်းတွင် အခြေစိုက်ကာ တိုက်ပွဲဖော်ဆောင်လျက်ရှိသော တပ်ခွဲ ၃/၄/၆၊ ရေတာရှည်မြို့နယ် ပကဖ နှင့် PDF ပူးပေါင်းစစ်ကြောင်းတို့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဇူလိုင် ၁၀ ရက် နံနက်ပိုင်းကလည်း အဆိုပါကျွဲရိုင်းပြင်တံတားဂိတ်ကို PDF ပူးပေါင်းတပ်များက သွားရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားသုံးဦးထိခိုက်မှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။