Connect with us

Hi, what are you looking for?

သတင်း

စစ်တပ် စစ်ကြောင်းထိုးနေ၍ မုံရွာ – မန္တလေးလမ်းပိုင်း ယာယီပိတ်

စစ်ကောင်စီတပ်သည် ငါးယှန်ကျေးရွာအနီး၌ ကင်းပုန်းများချထားကြောင်း၊ မုံရွာ-မန္တလေးကားလမ်းမကြီးတလျှောက် ခြေရှုပ်နေပြီး ပြည်သူများအား စစ်ဆေးနေကြောင်း Chaung U Revolution အဖွဲ့က ပြောသည်။

(မုံရွာမြို့အဝင် စစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခုကို တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(မုံရွာမြို့အဝင် စစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခုကို တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပိုင်းတလျှောက် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ၍ ယာယီပိတ်ထားကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ယနေ့ (သြဂုတ်၄ ရက်)နံနက်ပိုင်းမှစတင်ကာမုံရွာ – မန္တလေးလမ်းပိုင်း အရေးပေါ်လိုအပ်ချက်အရ ယာယီပိတ်ထားလိုက်ပြီး လိုက်နာခြင်းမရှိသူတို့၏လုံခြုံရေးအတွက် အာမမခံကြောင်း ချောင်းဦး(ပကဖ)အဖွဲ့က ထုတ်ပြန်သည်။

လမ်းပိုင်း၌ ရောက်ရှိနေသော မော်တော်ယာဉ်များ အနေဖြင့် ရောက်ရာအရပ်တွင် ခေတ္တရပ်နားထားရန်နှင့် အချင်းချင်း ထပ်ဆင့်အကြောင်းကြားပေးကြရန် ပကဖအဖွဲ့က မေတ္တာရပ်ခံထားသည်။

စစ်ကောင်စီတပ်သည် ငါးယှန်ကျေးရွာအနီး၌ ကင်းပုန်းများချထားကြောင်း၊ မုံရွာ-မန္တလေးကားလမ်းမကြီးတလျှောက် ခြေရှုပ်နေပြီး ပြည်သူများအား စစ်ဆေးနေကြောင်း Chaung U Revolution အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ မုံရွာ – မန္တလေးလမ်းပေါ်ရှိ မြင်းမူမြို့နယ်တွင်လည်း ညောင်ပင်ဝန်း၊ မြင်းမူမြို့ပေါ်နှင့် မြောင်လမ်းခွဲတို့မှ စစ်ကောင်စီတပ်က ကင်းပုန်းဝပ်နေကြောင်း မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ထို့အပြင် စစ်ကိုင်းမြို့နယ်အတွင်း မုံရွာ-မန္တလေးလမ်းဘေးရှိ ကျေးရွာများရှိ ဒေသခံပြည်သူအချို့လည်း ဖမ်းဆီးခံထားရကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး