Connect with us

Hi, what are you looking for?

သတင်း

မော်လမြိုင် – ရေး – ထားဝယ် ပြည်ထောင်စုကားလမ်းပိုင်းအား KNLA၊ PDF ပူးပေါင်းတပ် စစ်ဆေး

ရေးမြို့နယ်အတွင်းရှိ လမ်းပိုင်းတနေရာတွင် ယမန်နေ့(ဩဂုတ် ၁၆ရက်)က လုံခြုံရေးစစ်ဆေးနေသည့် မှတ်တမ်းဓာတ်ပုံများကို ဖော်ပြထုတ်ပြန်လာခြင်းဖြစ်သည်။

(KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်များ စစ်ဆေးနေစဥ်။ ဓာတ်ပုံ - ဒုစစ်ဒေသခွဲမှူးရုံး၊ အမှတ်(၃)စစ်ဒေသခွဲ)
(KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်များ စစ်ဆေးနေစဥ်။ ဓာတ်ပုံ - ဒုစစ်ဒေသခွဲမှူးရုံး၊ အမှတ်(၃)စစ်ဒေသခွဲ)

ဒေသစိုးမိုးရေးအတွက် အရေးပါ‌သော မော်လမြိုင် – ရေး – ထားဝယ် ပြည်ထောင်စုကားလမ်းမတလျှောက်ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်များက နေ့စဉ် လုံခြုံရေးစစ်ဆေးနေကြောင်း ဒုစစ်ဒေသခွဲမှူးရုံး၊ အမှတ်(၃)စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်းက သတင်းထုတ်ပြန်သည်။

ရေးမြို့နယ်အတွင်းရှိ လမ်းပိုင်းတနေရာတွင် ယမန်နေ့(ဩဂုတ် ၁၆ရက်)က လုံခြုံရေးစစ်ဆေးနေသည့် မှတ်တမ်းဓာတ်ပုံများကို ဖော်ပြထုတ်ပြန်လာခြင်းဖြစ်သည်။

(KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်များ စစ်ဆေးနေစဥ်။ ဓာတ်ပုံ - ဒုစစ်ဒေသခွဲမှူးရုံး၊ အမှတ်(၃)စစ်ဒေသခွဲ)
(KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်များ စစ်ဆေးနေစဥ်။ ဓာတ်ပုံ – ဒုစစ်ဒေသခွဲမှူးရုံး၊ အမှတ်(၃)စစ်ဒေသခွဲ)

ယင်းလမ်းပိုင်းတလျှောက် လုံခြုံရေးရယူခြင်းနှင့် ခရီးသွားပြည်သူများ လုံခြုံစိတ်ချစွာသွားလာနိုင်ရေးအတွက် စစ်ဆေးခြင်းကို KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေက နေ့စဉ် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

မော်လမြိုင်၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ထားဝယ်နှင့် မြိတ်လမ်းပိုင်းတွင် သွားလာနေသော မော်တော်ယာဉ်များအနေဖြင့် စစ်ဆေးမှုကို ကြည်ဖြူစွာလက်ခံရန်၊ စစ်ကောင်စီနှင့် ပတ်သက်သော လူများ၊ ပစ္စည်းများတင်ဆောင်ခြင်းမပြုလုပ်ရန်၊ စစ်ကောင်စီယာဉ်များနှင့် လိုက်ပါခြင်းမပြုလုပ်ကြရန်နှင့် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း ကြည်ဖြူစွာအစစ်ဆေးခံရန် တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

(KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်များ စစ်ဆေးနေစဥ်။ ဓာတ်ပုံ - ဒုစစ်ဒေသခွဲမှူးရုံး၊ အမှတ်(၃)စစ်ဒေသခွဲ)
(KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်များ စစ်ဆေးနေစဥ်။ ဓာတ်ပုံ – ဒုစစ်ဒေသခွဲမှူးရုံး၊ အမှတ်(၃)စစ်ဒေသခွဲ)

“မွန်ပြည်နယ်ကပဲ ဖြစ်ဖြစ်၊ တနင်္သာရီတိုင်းကပဲ ဖြစ်ဖြစ် ဒီလမ်းက စစ်ကောင်စီအသုံးပြုနေတဲ့လမ်းဖြစ်တယ်။ ဒါကို မွန်၊ကရင်၊တနင်္သာရီက အဖွဲ့တွေက နယ်မြေစိုးမိုးရေးလုပ်နေတာ။ စစ်ရေးအရသိပ်ပြီးအရေးပါတဲ့လမ်းပိုင်း ဖြစ်ပါတယ်”ဟု တနင်္သာရီစစ်ဒေသခွဲမှ စစ်ရေးတာဝန်ခံကပြောသည်။

စစ်ကောင်စီက အင်တားတိုးချဲ့နေသည်ကို တားဆီးရန်နှင့် စစ်ရေးအရှိန်မြှင့်ရန်အတွက်အမှတ်(၈) လမ်းမကြီးအသုံးပြုမည့် ယာဥ်များအား လုံခြုံရေးအရစစ်ဆေးသွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် တော်လှန်ရေးအင်အားစုများက ပြီးခဲ့သည့် ဇွန်လတွင် ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ဩဂုတ် ၉ရက်ကလည်း မော်လမြိုင် – ရေး – ထားဝယ် ပြည်ထောင်စုလမ်းမလုံခြုံရေးအတွက် Taung Nyo Columnစစ်ကြောင်းမှ အမျိုးသမီးစစ်သည်များက လုံခြုံရေး‌တာဝန်ထမ်းဆောင်နေသည့် မှတ်တမ်းဓာတ်ပုံများကို ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။