Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စားနပ်ရိက္ခာ ခေါင်းပါးမှုပြဿနာ ​ဒေသအချို့မှာ စိုးရိမ်စရာအဆင့်ထိ ရောက်ရှိလာ

Global Network Against Food Crisesနဲ့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) လက်အောက်ခံ Relief Webတို့လို အဖွဲ့အစည်းတွေက ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း မြန်မာနိုင်ငံရဲ့ ဒေသတချို့မှာ ဆိုးဆိုးရွားရွား စားနပ်ရိက္ခာ ခေါင်းပါးလာတဲ့ ပြဿနာကို မီးမောင်းထိုး ဖော်ပြထားပါတယ်။

(စစ်ကိုင်းတိုင်းမှ စစ်​ဘေး​ရှောင်ပြည်သူ​တွေ။ဓါတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြား​ရေး၊CJ)
(စစ်ကိုင်းတိုင်းမှ စစ်​ဘေး​ရှောင်ပြည်သူ​တွေ။ဓါတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြား​ရေး၊CJ)

စားနပ်ရိက္ခာ ခေါင်းပါးမှု ပြဿနာဟာ မြန်မာနိုင်ငံရဲ့ ​ဒေသ အစိတ်အပိုင်း တချို့မှာ စိုးရိမ်စရာ အဆင့်မျိုးထိ ရောက်ရှိလာနေကြောင်း နိုင်ငံတကာ အဖွဲ့အစည်း တချို့က သတိပေး ဖော်ပြထားပါတယ်။

Global Network Against Food Crisesနဲ့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) လက်အောက်ခံ Relief Webတို့လို အဖွဲ့အစည်းတွေက ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း မြန်မာနိုင်ငံရဲ့ ဒေသတချို့မှာ ဆိုးဆိုးရွားရွား စားနပ်ရိက္ခာ ခေါင်းပါးလာတဲ့ ပြဿနာကို မီးမောင်းထိုး ဖော်ပြထားပါတယ်။

ပြည်သူတွေ စားနပ်ရိက္ခာ ခေါင်းပါးမှုနဲ့ ရင်ဆိုင်နေရတဲ့ အဓိက အကြောင်းတရားတွေက ၂၀၂၂ ခုနှစ်အတွင်း ကောက်ပဲသီးနှံ စိုက်ပျိုးထုတ်လုပ်မှု လျော့ကျသွားတာ၊ နိုင်ငံအနှံ့ လက်နက်ကိုင် ပဋိပက္ခတွေ အရှိန်ပိုကောင်းလာတာ၊ ကုန်​ဈေးနှုန်းတွေ စံချိန်တင် မြင့်တက်လာတာ၊မိုခါ မုန်တိုင်း​ကြောင့်ထိခိုက်ပျက်စီးမှုများခဲ့ပြီး ပြန်လည်ထူ​ထောင်​ရေး​ကောင်း​ကောင်းမလုပ်နိုင်တာ စတာတွေကြောင့် ဖြစ်ပါတယ်။

(စစ်ကိုင်းတိုင်းမှ စစ်​ဘေး​ရှောင်ပြည်သူ​တွေ။ဓါတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြား​ရေး၊CJ)
(စစ်ကိုင်းတိုင်းမှ စစ်​ဘေး​ရှောင်ပြည်သူ​တွေ။ဓါတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြား​ရေး၊CJ)

ဇန်နဝါရီလတုန်းက လူသားချင်း စာနာမှု အစီအမံ (HRP)က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်း ဒေသတွေမှာ စားနပ်ရိက္ခာ ခေါင်းပါးမှု အကျပ်အတည်းကို အဆိုးဆုံး ရင်ဆိုင်နေရကြောင်း သိရပါတယ်။ အဲဒီ နယ်မြေတွေကို ခြုံကြည့်ရင် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေအပြင် စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းရဲ့ အစိတ်အပိုင်း တချို့ပါ အကျုံးဝင်နေတာကို တွေ့နိုင်ပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၂ ခုနှစ် အလယ်လောက်ကစလို့ မြန်မာနိုင်ငံ အနှံ့မှာ စစ်ရေး ပဋိပက္ခတွေ ပိုမို အရှိန်ကောင်းလာပြီး ပိုမို ကျယ်ကျယ်ပြန့်ပြန့် ကူးစက်လာခြင်းကြောင့် လူသန်းနဲ့ချီ နေရပ်စွန့်ခွာ ရွှေ့ပြောင်းရတဲ့ အခြေအနေတွေ ဖြစ်ပေါ်လာပါတယ်။ ကုန်သွယ် ရောင်းဝယ်မှု လမ်းကြောင်းတွေ ရပ်တန့်ကုန်ပြီး လူသားချင်း စာနာမှု လုပ်ငန်းတွေ ဆောင်ရွက်ဖို့လည်း ကန့်သတ်ချက်တွေ ပေါ်ပေါက်လာပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)ရဲ့ စာရင်းတွေအရ ၂၀၂၃ ခုနှစ်၊ ဇွန်လအထိ အခြေအနေအရ မြန်မာနိုင်ငံမှာ စံချိန်တင် အရေအတွက်အဖြစ် ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည် (IDP)ဦးရေဟာ ၁.၈၃ သန်းထိ မြင့်တက်ခဲ့ကြောင်း သိရပါတယ်။ ဒါဟာ ၂၀၂၂ ခုနှစ်၊ ဇွန်လနဲ့ နှိုင်းယှဉ်ရင် ၃ ဆ တိုးလာတာပါ။ IDP အများစုဟာ နေထိုင်စားသက်မှုအတွက် လူသားချင်း စာနာမှုဆိုင်ရာ လှူဒါန်း ထောက်ပံ့မှုတွေကိုပဲ အဓိက မှီခိုနေရပါတယ်။

IDPတွေအပြင် ဘင်္ဂလားဒေ့ရှ်လိုမျိုး အိမ်နီးချင်း နိုင်ငံတွေဆီ ထွက်ပြေးသွားတဲ့ ဒုက္ခသည် အရေအတွက်ကလည်း နောက်ထပ် ၁.၁၂ သန်းလောက် ရှိနေပြန်ပါတယ်။ အခြေအနေတွေကို ပိုမို ဆိုးရွားသွားစေတာကတော့ အခုနှစ်၊ မေလ ၁၄ ရက်မှာ ရခိုင် ကမ်းရိုးတန်းကို ဖြတ်သန်း တိုက်ခတ်ခဲ့တဲ့ အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း မိုခါဖြစ်ပြီး လူဦးရေ ၃.၄ သန်းလောက်ကို ဆိုးရွားတဲ့ ထိခိုက် သက်ရောက်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

(စစ်ကိုင်းတိုင်းမှ စစ်​ဘေး​ရှောင်ပြည်သူ​တွေ။ဓါတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြား​ရေး၊CJ)
(စစ်ကိုင်းတိုင်းမှ စစ်​ဘေး​ရှောင်ပြည်သူ​တွေ။ဓါတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြား​ရေး၊CJ)

မိုခါကြောင့် အိုးမဲ့အိမ်မဲ့ဘဝ ရောက်သွားတဲ့ မိသားစု အများအပြား ရှိခဲ့သလို စိုက်ပျိုးမြေတွေ၊ သိုလှောင်ထားတဲ့ စားနပ်ရိက္ခာ အရင်းအမြစ်တွေ အမြောက်အမြား ဆုံးရှုံးခဲ့ပါတယ်။ ဒီအခြေအနေကလည်း မြန်မာ့ စားနပ်ရိက္ခာ အကျပ်အတည်းကို မီးစာဖြည့်ပေးရာ ရောက်ခဲ့ပြန်ပါတယ်။

Global Network Against Food Crisesရဲ့ အစီရင်ခံ ဖော်ပြမှုအရ မြန်မာနိုင်ငံ လူဦးရေရဲ့ ၂၈ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ လူပေါင်း ၁၅..၂ သန်းလောက်ဟာ ၂၀၂၂ နောက်ပိုင်းမှာ စားနပ်ရိက္ခာ မဖူလုံမှု ပြဿနာကို လက်တွေ့ကျကျ ရင်ဆိုင်လာရကြောင်း​ပြောပါတယ်။ အမျိုးသမီးနဲ့ ကလေးငယ် ၂ ဒသမ.၂ သန်းလောက်ဟာ အာဟာရ ဖြည့်တင်းမှု အကူအညီတွေ လိုအပ်နေပြီး အဲဒီ ကိန်းဂဏန်းတွေကလည်း ၂၀၂၁ နဲ့ ယှဉ်လိုက်ရင် ၁၀ ရာခိုင်နှုန်းလောက် တိုးလာတဲ့ အဓိပ္ပါယ်ပါပဲ။

Global Network Against Food Crisesကတော့ စားနပ်ရိက္ခာ ပြဿနာ ကြုံနေတဲ့ လူ့အဖွဲ့အစည်းတွေမှာ တပိုင်တနိုင် ဥယျာဉ်စိုက်ပျိုးတာ၊ တိရစ္ဆာန်တွေ မွေးမြူတာမျိုး နည်းလမ်းတွေနဲ့ ဖြေရှင်းမှုက လက်ရှိ ဖိစီးမှုတွေကို အတိုင်းအတာ တစ်ခုထိ ပြေလျော့စေမယ်လို့ အကြံပြုထားပေမယ့် နယ်မြေ မငြိမ်သက်တဲ့ နေရာတွေမှာတော့ လက်တွေ့ အကောင်အထည်ဖော်ဖို့ အကန့်အသတ်တွေ အများအပြား ရှိနေဆဲပါ။

HRPကတော့ အခုနှစ်ထဲမှာ မြန်မာနိုင်ငံရဲ့ စားနပ်ရိက္ခာ ဖူလုံရေးကို ပံ့ပိုးထောက်ပံ့ဖို့ ဒေါ်လာ ၁၉၂ သန်းနဲ့ အာဟာရ ဖြည့်တင်းရေးဆိုင်ရာ ကြားဝင် အကူအညီ ပေးမှုတွေအတွက် ဒေါ်လာ ၄၈ သန်း လိုအပ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ပြီးတော့ ပြည်တွင်းပြည်ပ ထောက်ပံ့ရေး အဖွဲ့အစည်းတွေ အနေနဲ့ အကူအညီတွေ အမှန်တကယ် လိုအပ်နေတဲ့ လူ့အဖွဲ့အစည်းတွေဆီ ထိထိရောက်ရောက် ကူညီ ပံ့ပိုးနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီးနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်လည်း HRPက ထောက်ပြခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ စားသောက်ကုန် စျေးတွေ ထိုးတက်နေတာ၊ ရွှေ့ပြောင်း ဒုက္ခသည် ပြဿနာတွေ ပိုမိုဆိုးရွားလာတာ၊ လူ့အဖွဲ့အစည်းအလိုက် လုံခြုံမှု ကင်းမဲ့နေတာမျိုး နောက်ခံ အကြောင်းတရားတွေ ဆက်လက် တည်တံ့နေရင် လာမယ့် နှစ်တွေမှာလည်း စားနပ်ရိက္ခာ ဖူလုံမှု ပြဿနာက ပိုမို ဆိုးရွားလာနိုင်ကြောင်း Global Network Against Food Crisesက အလေးအနက် သတိပေး ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မတ်လ ၇ရက်တွင် စစ်ကောင်စီက လေကြောင်းမှ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ပြီး စက်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း PDF ရဲဘော် တစ်ဦးကျဆုံးခဲ့ရကြောင်း အမှတ် (၁)စစ်ဒေသရုံးက ထပ်မံအသိပေးသည်။

သတင်း

ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်(၁၀၅)မိုင် စစ်ကောင်စီဗျူဟာကုန်းကို မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က ၂၀၂၃ ဒီဇင်ဘာ၁၅ရက်တွင် တိုက်ခိုက် သိမ်းယူထားခြင်းဖြစ်သည်။

သတင်း

လမ်း​တွေပိတ်သွားလို့ ​ရောက်ရာမြို့ရွာ​တွေမှာပဲ ပိတ်မိ​နေတဲ့ ပြည်သူ​တွေလည်းရှိ​နေ​သေးပြီး လမ်း​တွေပြန်ဖွင့်မယ့်ရက်ကို​စောင့်​နေကြတယ်လို့ ​ဒေသခံအချို့က ​ပြောပါတယ်။

သတင်း

စစ်ကောင်စီသည် ၎င်းတို့ တရားဝင်မှု ရရှိရေးအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး လုပ်ငန်းစဥ်များကို အလွဲသုံးစားလုပ်ရန် အမြဲစဥ်းစားနေသည်ကို သတိပြုရန်လိုအပ်ကြောင်းတို့ကို ဝန်ကြီးများက UNOCHA အကြီးအကဲကို အလေးထား ပြောကြားခဲ့သည်ဟု ဆိုသည်။