Connect with us

Hi, what are you looking for?

သတင်း

ကောလင်းမြို့တွင်စစ်​ကောင်စီတပ်တိုက်ခိုက်ခံရပြီး ၃ ဦး​သေ၊​ သေနက် ၁ လက် ဆုံးရှုံး

ကောလင်းမြို့၊မီးရထားရပ်ကွက်အတွင်း စစ်ကောင်စီအုပ်စုရောက်ရှိနေစဉ် ဝန်းသိုမြို့နယ်ပြည်သူ့ကာကွယ်‌ရေးအဖွဲ့က နေ့လယ်၂နာရီ ၂၀မိနစ်၌ အနီးကပ်ပစ်ခတ် တိုက်ခိုက်ခြင်းဖြစ်​ကြောင်းသိရသည်။

(စစ်​ကောင်စီတပ်ထံမှ ​တော်လှန်​ရေးအဖွဲ့များ သိမ်းဆည်းရရှိခဲ့​သော ​သေနက် ။ဓါတ်ပုံ-ပကဖ)
(စစ်​ကောင်စီတပ်ထံမှ ​တော်လှန်​ရေးအဖွဲ့များ သိမ်းဆည်းရရှိခဲ့​သော ​သေနက် ။ဓါတ်ပုံ-ပကဖ)

ကောလင်းမြို့ဘူတာ အနီးတွင်ယနေ့(အောက်တိုဘာလ ၃ရက်) နေ့လယ်က စစ်ကောင်စီတပ်ဖွဲ့အုပ်စုကို​တော်လှန်​ရေးအဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး သေဆုံးပြီး သေနတ်တစ်လက်သိမ်းဆည်းနိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ကောလင်းမြို့၊မီးရထားရပ်ကွက်အတွင်း စစ်ကောင်စီအုပ်စုရောက်ရှိနေစဉ် ဝန်းသိုမြို့နယ်ပြည်သူ့ကာကွယ်‌ရေးအဖွဲ့က နေ့လယ်၂နာရီ ၂၀မိနစ်၌ အနီးကပ်ပစ်ခတ် တိုက်ခိုက်ခြင်းဖြစ်​ကြောင်းသိရသည်။

“ သေတာမှာ စစ်‌ခရော၊ ရဲ‌‌ခရောပါတယ်။ ကလေးတွေဘက်က အထိအခိုက်မရှိဘူး” ဟု ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးကပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့ဝင်များသည် ကစဉ့်ကလျားထွက်ပြေးသွားစဉ် ပြည်သူ့ကာကွယ်‌ရေးရဲဘော်များက သေနတ်တစ်လက် သိမ်းယူနိုင်ခဲ့ကြောင်းလည်း ​တော်လှန်​ရေးအဖွဲ့များထံမှသိရသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ရက်က ကောလင်းမြို့တနေရာ၌ တိုက်ခိုက်ခံခဲ့ရသည်။ ဝန်းသိုမြို့မှ ထွက်လာသော စစ်ကောင်စီစစ်ကြောင်းကို ကောလင်းမြို့၊ ကားကွင်းကြီးအနီးမှ စောင့်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးခဲ့ကြောင်း ​တော်လှန်​ရေးအင်အားစုများက​ပြောသည်။

ထို့​နောက် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဝန်းသိုမြို့နယ်၊ဂျိုးထောင်ရွာ၊ ဘူတာစုရပ်ရှိ ခန္တီဝံသာရာမကျောင်းတိုက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးသုံးလုံး ပစ်ခတ်ခဲ့ရာ ကျောင်းအတွင်း စာသင်နေသည့် ကလေးငယ် ၂၀ ဦးဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုတွေစုစည်းကြဖို့​မျှော်လင့်​ကြောင်း AA တပ်မှူးချုပ်​ပြော

သတင်း

ကဆုန်လပြည့်နေ့က စစ်ကောင်စီရဲ့လွတ်ငြိမ်းမှာ နိုင်ငံရေးအကျဥ်းသား ၈ဦးသာ လွတ်မြောက်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေတာကို စစ်အုပ်စုခိုင်လုံတဲ့ သက်သေပြသခြင်းမရှိဘဲ ဓာတ်ပုံတပုံနဲ့ အချက်အလက်အချို့ကိုသာ နိုင်ငံရေးလှည့်ကွက်တခုအဖြစ် ထုတ်သုံးလာခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

Facebook