Connect with us

Hi, what are you looking for?

သတင်း

ရေးမြို့ကို ထိန်းချုပ်နိုင်ဖို့ စစ်ရေးအရှိန်မြှင့်မယ်လို့ ဒေါနစစ်ကြောင်းဆို

ရေးမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း တပ်ဖွဲ့တွေကို ဒရုန်းသုံးပြီး ဗုံးချတာ ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ရေးမြို့ကို ထိန်းချုပ်နိုင်ဖို့ စစ်ရေးအရှိန်မြှင့်မယ်လို့ ဒေါနစစ်ကြောင်းဆို
ရေးမြို့ကို ထိန်းချုပ်နိုင်ဖို့ စစ်ရေးအရှိန်မြှင့်မယ်လို့ ဒေါနစစ်ကြောင်းဆို

မွန်ပြည်နယ်တောင်ဘက်အကျဆုံး ရေးမြို့နယ်ရဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ထိန်းချုပ်နိုင်ဖို့ စစ်ရေးအရှိန်မြှင့်သွားမယ်လို့ NUG လက်အောက်ခံ ဒေါနစစ်ကြောင်းက ကြေညာလာပါတယ်။

ဒေါနစစ်ကြောင်းဟာ KNU တပ်မဟာ ၆ နယ်မြေ ကော့ကရိတ်မှာ စစ်ရေးလှုပ်ရှားရာကနေ စစ်ရေးလိုအပ်ချက်အရ ရေးမြို့နယ်ဘက်ကို ရောက်လာခဲ့တာလို့ အဲဒီစစ်ကြောင်းရဲ့ စစ်ကြောင်းမှူး စောဒါးကို ကလူမှုကွန်ရက်က နေအသိပေးပါတယ်။

နယ်မြေ သစ်ကို ရောက်လာချိန်ဟာ မိုးတွင်းကာလဖြစ်ပေမယ့် ပြီးခဲ့တဲ့ ၃ လတာကာလအတွင်း နယ်မြေခံ မဟာမိတ် အဖွဲ့တွေနဲ့ပေါင်းပြီး စစ်ရေးလှုပ်ရှားမှု ၇ ကြိမ်ပြုလုပ်နိုင်ခဲ့တယ်လို့ ဒေါနစစ်ကြောင်းက မနေ့က ထုတ်ပြန်ပါတယ်။

ရေးမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း တပ်ဖွဲ့တွေကို ဒရုန်းသုံးပြီး ဗုံးချတာ ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

အခုလို ဒေါနစစ်ကြောင်း လှုပ်ရှားလာတဲ့ ရေးမြို့နယ် ဟာ မွန်နဲ့ တနင်္သာရီအစပ်မှာရှိပြီး မြောက်ဘက်မှာ မွန်ပြည်နယ် သံဖြူဇရပ်မြို့ ၊တောင်ဘက်မှာ တနင်္သာရီ ရေဖြူမြို့ တို့ ရှိပါတယ်။

အရှေ့ဘက်မှာတော့ ကရင်ပြည်နယ် ၊ကြာအင်းဆိပ်ကြီးမြို့နဲ့ အနောက်မှာတော့ အက်ဒမန်ပင်လယ် တည်ရှိနေတာတွေ့ရပါတယ်။

ရေးဒေသမှာ KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း ၂၇ ၊ ABSDF တပ်ရင်း (၁) ၊ရေးပြောက်ကျားတပ်ဖွဲ့ (YGF)၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊မွန်ပြည်နယ် အခြေပြုတော်လှန်ရေးအဖွဲ့အစည်း(MSRO) တို့ ရှိကြတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ စစ်ရှောင်နေရတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေ ပြန်လာကြဖို့ စစ်တပ်က ညွှန်ကြားထားတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ဝန်းသိုမြို့နယ်အခြေစိုက်တပ်ရင်းတွေကို အင်အားဖြည့်ပြီးကျေးရွာတွေကို စစ်ကြောင်းထိုဖို့ပြင်ဆင်​နေတဲ့အတွက် လုံခြုံရေးသတိပြုနေထိုင်ကြဖို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းကသတင်းထုတ်ပြန်ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook