Connect with us

Hi, what are you looking for?

သတင်း

မြောင်မြို့နယ် ခေါင်းခွဲရွာမီးရှို့ဖျက်ဆီးသည့် စစ်ကောင်စီတ​ပ် တိုက်ခိုက်ခံရ

ခေါင်းခွဲကျေးရွာအား ​ည ၈ နာရီခွဲကျော်အထိ မီးငြှိမ်းသတ်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

(မြောင်နယ်ရှိ ခေါင်းခွဲကျေးရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးသွားစဥ်။ ဓာတ်ပုံ-Ko Nway Oo-Myaung)
(မြောင်နယ်ရှိ ခေါင်းခွဲကျေးရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးသွားစဥ်။ ဓာတ်ပုံ-Ko Nway Oo-Myaung)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ ခေါင်းခွဲကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတ​ပ်အား တိုက်ခိုက်ခဲ့ကြောင်း မြောင်ဗိုလ်တောက်ထွန်း (MBTT) အထူးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်တောက်ထွန်းက ပြောသည်။

ယမန်နေ့( အောက်တိုဘာ၁၂ ရက်) ညနေ ၅နာရီ ခန့်က မြောင်မြို့နယ် ကျောက်ရစ်ကျေးရွာမှ လာသော စစ်ကောင်စီတပ်စစ်ကြောင်းသည် ခေါင်းခွဲကျေးရွာ နေအိမ်များအား မီးရှိို့ဖျက်ဆီးခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM)မှ ကိုနွေဦး(မြောင်)က ပြောသည်။

(မြောင်နယ်ရှိ ခေါင်းခွဲကျေးရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးသွားစဥ်။ ဓာတ်ပုံ-Ko Nway Oo-Myaung)
(မြောင်နယ်ရှိ ခေါင်းခွဲကျေးရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးသွားစဥ်။ ဓာတ်ပုံ-Ko Nway Oo-Myaung)

“လက်တလောစာရင်းအရ နွား ၅ကောင်မီးကျွမ်းသေဆုံးခဲ့တာကိုတွေ့ခဲ့ရပြီး အိမ်အရေအတွက်ကိုတော့ မသိရသေးပါဘူး။”ဟု ကိုနွေဦး(မြောင်)က ပြောသည်။

ခေါင်းခွဲကျေးရွာအား ​ည ၈ နာရီခွဲကျော်အထိ မီးငြှိမ်းသတ်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကြောင်းအား ဒေသကာကွယ်ရေးအဖွဲ့များက နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများပြားကြောင်း ဗိုလ်တောက်ထွန်းက ပြောသည်။

(မြောင်နယ်ရှိ ခေါင်းခွဲကျေးရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးသွားစဥ်။ ဓာတ်ပုံ-Ko Nway Oo-Myaung)
(မြောင်နယ်ရှိ ခေါင်းခွဲကျေးရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးသွားစဥ်။ ဓာတ်ပုံ-Ko Nway Oo-Myaung)

ထို့အပြင် ရေစကြိုမြို့နယ်တွင်လည်း စစ်ကောင်စီစစ်ကြောင်းအား ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာထိခိုက်မှုမသိရသေးကြောင်း CDSOM မှ ကိုနွေဦး(မြောင်)က ပြောသည်။

“ခန့်မှန်းအင်အား ငါးဆယ်လောက်ပါတယ်။ နှစ်ပွိုင့်လုံးထိတာ။ ရွာထဲရောက်မှ သေကြတာ “ဟု MBTT အထူးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်တောက်ထွန်းက ပြောသည်။

သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook