စစ်ကိုင်းတိုင်း၊ ရွှေဘိုနှင့်မုံရွာခရိုင်အတွင်းရှိ မီးရှို့ဖျက်ဆီးခံရသည့်ပြည်သူများအတွက် နေအိမ်များ ပြန်လည်တည်ဆောက်ပေးခဲ့ရာ မကြာမီ အလုံးရေတစ်ထောင်ပြည့်မည်ဖြစ်ကြောင်း S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ပြောသည်။
ရွှေဘိုခရိုင်အတွင်းရှိ ရွှေဘို၊ ဒီပဲယင်းနှင့် ရေဦးမြို့နယ်နှင့် မုံရွာခရိုင်အတွင်းရှိ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခံရသော ကျေးရွာများမှ နေအိမ်များပြန်လည်တည်ဆောက်ပေးခဲ့ရာ လာမည့် နိုဝင်ဘာအတွင်း နေအိမ်အလုံးရေတစ်ထောင်ပြည့်မည်ဟု S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့၏ တာဝန်ခံ ကိုစိုးမိုးအောင်က ပြောသည်။
“စာရင်းကတော့ ပြည့်သွားပြီ။ ဆောက်ပြီးသွားတာ ၉၆၀။ ကျန်တဲ့အလုံး၄၀ လည်း အခုလက်ရှိဆောက်နေတယ်။ဒီလနဲ့ လာမယ့်လအတွင်းလောက် ပြီးမယ်”ဟု ကိုစိုးမိုးအောင်က ပြောသည်။
နေအိမ်တစ်ထောင်ပြည့်သွားသော်လည်း လိုအပ်လျှင် ထပ်မံဆောက်လုပ် လှူဒါန်းပေးသွားမည်ဟု S&C အဖွဲ့က ဆိုသည်။
ထို့အပြင် အိမ်စီမံကိန်းအဖြစ် အရေးပေါ်စစ်ကြောင်းဝင်၍ ပြေးလျှင် အလွယ်တကူသယ်ယူဆောက်လုပ်နိုင်ရန် ရွေ့လျားအိမ်စီစဥ်နေကြောင်း S&C အဖွဲ့တာဝန်ခံ ကိုစိုးမိုးအောင်က ပြောသည်။

Public Service Announcement
အိမ်အလှူတော်အစီအစဥ်သည် ပြည်သူများ၏ လှူဒါန်းငွေဖြင့် ယခုနှစ် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ခဲ့ခြင်းဖြစ်ပြီး အိမ်တစ်လုံးလျှင် ကျပ်နှစ်သိန်းနှူန်းဖြင့် ဆောက်လုက်လှူဒါန်းပေးခဲ့သည်။ ယခုနောက်ပိုင်း ကုန်စျေးနှုန်းမြင့်တက်လာ၍ နှစ်သိန်းခွဲနှူန်းဖြင့် S&C အဖွဲ့က ဆောက်လုပ်ပေးခဲ့သည်။
S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့သည် စစ်ကိုင်းအတွင်း စစ်ဘေးရှောင်ပြည်သူများ၏ စားဝတ်နေရေး၊ ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်းများအား ဆောင်ရွက်ပေးနေသည်။
