Connect with us

Hi, what are you looking for?

သတင်း

မြိတ်မြို့နယ်ရှိ စစ်ကောင်စီရှေ့တန်းစခန်းအား​တော်လှန်​ရေးအဖွဲ့များ တိုက်ခိုက်

အလားတူ အောက်တိုဘာ ၂၁ ရက်နေ့ညနေ ၄ နာရီတွင် ငါးရံ့အင်းကျေးရွာအနီး နှစ်ဖက်ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၂၀ ကျော်သေဆုံး၍ ပူးပေါင်းစစ်ကြောင်းမှ တော်လှန်ရေးရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း မြိတ်(ပကဖ)က သိရသည်။

(တုံးဗျောကြီးစစ် တပ်ရှေ့တန်းစခန်းကို ​တော်လှန်​ရေးအဖွဲ့များက ၂၀၂၃ ဇူလိုင်လတွင်တိုက်ခိုက်ခဲ့စဥ်။ ဓါတ်ပုံ-CJ)
(တုံးဗျောကြီးစစ် တပ်ရှေ့တန်းစခန်းကို ​တော်လှန်​ရေးအဖွဲ့များက ၂၀၂၃ ဇူလိုင်လတွင်တိုက်ခိုက်ခဲ့စဥ်။ ဓါတ်ပုံ-CJ)

မြိတ်မြို့နယ်ရှိ စစ်ကောင်စီရှေ့တန်းစခန်းအား ဝင်ရောက်တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများကြောင်း မြိတ် (ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အောက်တိုဘာ ၂၀ ရက်နေ့နံနက် ၅ နာရီခွဲခန့်က မြိတ်-တနင်္သာရီလမ်းပိုင်းရှိ တုံးဗျောကြီးစစ် တပ်ရှေ့တန်းစခန်းအား မြိတ်(ပကဖ)၊ တနင်္သာ ရီ(ပကဖ)နှင့် KNDO တပ်ရင်း(၇)စသည့်ပူးပေါင်းစစ်ကြောင်းမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ယင်းနေ့နံနက် ၇ နာရီခွဲအထိ တိုက်ပွဲဖြစ် ပွားခဲ့သည်ဟုသိရသည်။

နှစ်နာရီ ခန့်ကြာ​သောအဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၁၃ ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိကြောင်း၊ တော်လှန်ရေးပူးပေါင်းတပ်များဘက်မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရှိကြောင်း မြိတ်(ပကဖ)မှ ​အသိပေးထားသည်။စခန်းကိုသိမ်းနိုင်လု အ​ခြေအ​နေ​ရောက်ပြီးမှ ကျည်နှင့်ခဲယမ်းနည်းလာ၍ မသိမ်းနိုင်ခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။ အဆိုပါစခန်းကို ယခုနှစ်ဇူလိုင်လကလည်း​တော်လှန်​ရေးအဖွဲ့များက တိုက်ခိုက်ခဲ့​သေးကြောင်းသိ့ရသည်။

အလားတူ အောက်တိုဘာ ၂၁ ရက်နေ့ညနေ ၄ နာရီတွင် ငါးရံ့အင်းကျေးရွာအနီး နှစ်ဖက်ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၂၀ ကျော်သေဆုံး၍ ပူးပေါင်းစစ်ကြောင်းမှ တော်လှန်ရေးရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း မြိတ်(ပကဖ)က သိရသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုအ​ခြေအ​နေကို People’s Spring မှ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထို့ကြောင့် ၎င်းတို့တော်လှန်ရေးတပ်ဖွဲ့များအ နေဖြင့် စစ်ရေးလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်လျှက်ရှိရာ ခရီးသွားများနှင့် ဒေသခံပြည်သူများအနေဖြင့် သတိပြုသွားလာနေ ထိုင်ကြရန် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။