Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြိတ်မြို့နယ်ရှိ စစ်ကောင်စီရှေ့တန်းစခန်းအား​တော်လှန်​ရေးအဖွဲ့များ တိုက်ခိုက်

အလားတူ အောက်တိုဘာ ၂၁ ရက်နေ့ညနေ ၄ နာရီတွင် ငါးရံ့အင်းကျေးရွာအနီး နှစ်ဖက်ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၂၀ ကျော်သေဆုံး၍ ပူးပေါင်းစစ်ကြောင်းမှ တော်လှန်ရေးရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း မြိတ်(ပကဖ)က သိရသည်။

(တုံးဗျောကြီးစစ် တပ်ရှေ့တန်းစခန်းကို ​တော်လှန်​ရေးအဖွဲ့များက ၂၀၂၃ ဇူလိုင်လတွင်တိုက်ခိုက်ခဲ့စဥ်။ ဓါတ်ပုံ-CJ)
(တုံးဗျောကြီးစစ် တပ်ရှေ့တန်းစခန်းကို ​တော်လှန်​ရေးအဖွဲ့များက ၂၀၂၃ ဇူလိုင်လတွင်တိုက်ခိုက်ခဲ့စဥ်။ ဓါတ်ပုံ-CJ)

မြိတ်မြို့နယ်ရှိ စစ်ကောင်စီရှေ့တန်းစခန်းအား ဝင်ရောက်တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများကြောင်း မြိတ် (ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အောက်တိုဘာ ၂၀ ရက်နေ့နံနက် ၅ နာရီခွဲခန့်က မြိတ်-တနင်္သာရီလမ်းပိုင်းရှိ တုံးဗျောကြီးစစ် တပ်ရှေ့တန်းစခန်းအား မြိတ်(ပကဖ)၊ တနင်္သာ ရီ(ပကဖ)နှင့် KNDO တပ်ရင်း(၇)စသည့်ပူးပေါင်းစစ်ကြောင်းမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ယင်းနေ့နံနက် ၇ နာရီခွဲအထိ တိုက်ပွဲဖြစ် ပွားခဲ့သည်ဟုသိရသည်။

နှစ်နာရီ ခန့်ကြာ​သောအဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၁၃ ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိကြောင်း၊ တော်လှန်ရေးပူးပေါင်းတပ်များဘက်မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရှိကြောင်း မြိတ်(ပကဖ)မှ ​အသိပေးထားသည်။စခန်းကိုသိမ်းနိုင်လု အ​ခြေအ​နေ​ရောက်ပြီးမှ ကျည်နှင့်ခဲယမ်းနည်းလာ၍ မသိမ်းနိုင်ခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။ အဆိုပါစခန်းကို ယခုနှစ်ဇူလိုင်လကလည်း​တော်လှန်​ရေးအဖွဲ့များက တိုက်ခိုက်ခဲ့​သေးကြောင်းသိ့ရသည်။

အလားတူ အောက်တိုဘာ ၂၁ ရက်နေ့ညနေ ၄ နာရီတွင် ငါးရံ့အင်းကျေးရွာအနီး နှစ်ဖက်ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၂၀ ကျော်သေဆုံး၍ ပူးပေါင်းစစ်ကြောင်းမှ တော်လှန်ရေးရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း မြိတ်(ပကဖ)က သိရသည်။

စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုအ​ခြေအ​နေကို People’s Spring မှ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ၎င်းတို့တော်လှန်ရေးတပ်ဖွဲ့များအ နေဖြင့် စစ်ရေးလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်လျှက်ရှိရာ ခရီးသွားများနှင့် ဒေသခံပြည်သူများအနေဖြင့် သတိပြုသွားလာနေ ထိုင်ကြရန် တိုက်တွန်းထားသည်။