Connect with us

Hi, what are you looking for?

သတင်း

ဆော – ဆိပ်ဖြူလမ်းပိုင်းမြေပြိုကျမှု နာရီပိုင်းအတွင်းပြုပြင်ပေးခဲ့ဟု ဂန့်ဂေါခရိုင် တပ်ရင်း(၆) အသိပေး

အဆိုပါ ဆော-ဆိပ်ဖြူလမ်းပိုင်းသည် မြေပြိုကျမှုကြောင့် ပေ (၃၀) ခန့်ပြိုကျပျက်စီးသွားပြီး ယမန်နေ့(အောက်တိုဘာ ၂၃)ညပိုင်းတွင် ထပ်မံပြိုကျခဲ့ရာ ယနေ့ညနေပိုင်းတွင် နောက်ထပ်တစ်ကြိမ် လမ်းပြုပြင်မှုများ လုပ်ဆောင်ပေးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

(မြေပြိုကျ၍ ပျက်စီးသွားသော ဆော-ဆိပ်ဖြူလမ်းပိုင်းအား ဂန့်ဂေါခရိုင် တပ်ရင်း(၆)နှင့် ပြည်သူများပူးပေါင်းကာ ပြုပြင်နေစဥ်။ ဓာတ်ပုံ - LSRPDF)
(မြေပြိုကျ၍ ပျက်စီးသွားသော ဆော-ဆိပ်ဖြူလမ်းပိုင်းအား ဂန့်ဂေါခရိုင် တပ်ရင်း(၆)နှင့် ပြည်သူများပူးပေါင်းကာ ပြုပြင်နေစဥ်။ ဓာတ်ပုံ - LSRPDF)

မကွေးတိုင်းအတွင်းရှိ ဆော – ဆိပ်ဖြူလမ်းပိုင်းတွင် မြေပြိုကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ရာ ယာယီဖြတ်သန်းနိုင်ရန် နာရီပိုင်းအတွင်း ပြုပြင်ပေးနိုင်ခဲ့ကြောင်း ဂန့်ဂေါခရိုင် အမှတ်(၆) တပ်ရင်း(LSRPDF)က ယနေ့ (အောက်တိုဘာ ၂၄)အသိပေး ထုတ်ပြန် သည်။

ယမန်နေ့(အောက်တိုဘာ ၂၃)နံနက် ၁၀နာရီခန့်တွင် ဆော-ဆိပ်ဖြူလမ်းပိုင်း၊ နဂါးပွက်တောင်နှင့် (၄၄)မိုင်ကြားတွင် မိုးရွာသွန်းပြီး တောင်ကမ်းပါးယံပြိုကျရာ လမ်းပိုင်းပျက်စီး၍ ယာဥ်အစီးရေ ၂၀ ကျော် ပိတ်မိခဲ့သည်။

(မြေပြိုကျ၍ ပျက်စီးသွားသော ဆော-ဆိပ်ဖြူလမ်းပိုင်းအား ဂန့်ဂေါခရိုင် တပ်ရင်း(၆)နှင့် ပြည်သူများပူးပေါင်းကာ ပြုပြင်နေစဥ်။ ဓာတ်ပုံ - LSRPDF)
(မြေပြိုကျ၍ ပျက်စီးသွားသော ဆော-ဆိပ်ဖြူလမ်းပိုင်းအား ဂန့်ဂေါခရိုင် တပ်ရင်း(၆)နှင့် ပြည်သူများပူးပေါင်းကာ ပြုပြင်နေစဥ်။ ဓာတ်ပုံ – LSRPDF)

ထို့ကြောင့် ဂန့်ဂေါခရိုင်တပ်ရင်း(၆)မှ ဦးဆောင်ပြီး ပြည်သူများပူးပေါင်းပါဝင်မှုဖြင့် လမ်းပေါ်လဲကျနေသော သစ်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ​ဘက်ဟိုးဖြင့် ​လမ်းမြေအားပြန်ညှိခြင်းအပါအဝင် အချိန် ၄ နာရီခန့် ပြုပြင်ခဲ့ပြီးနောက် လမ်းပိုင်းပြန်ပွင့်သွားပြီဖြစ်ကြောင်း ၎င်းတပ်ရင်းက အသိပေးသည်။

“ကျနော်တို့ ဘက်ဟိုးစောင့်ချိန်နဲ့ဘာနဲ့ဆို ၄ နာရီလောက်တော့ ကြာသွားတယ်။ သူက အဝေးကနေ လှမ်းခေါ်ရတာကိုး။ လမ်းပြင်နေချိန် ပိတ်မိတဲ့ကားတွေပေါ်မှာပါလာတဲ့ ပြည်သူတွေကိုလည်း ရေနဲ့ ရိက္ခာစီစဥ်ပေးလိုက်နိုင်တယ်။ လမ်းမှာပိတ်မိပြီး ဘာမှစားစရာပါမလာဘူးလေ”ဟု တပ်ရင်း(၆)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

(မြေပြိုကျ၍ ပျက်စီးသွားသော ဆော-ဆိပ်ဖြူလမ်းပိုင်းအား ဂန့်ဂေါခရိုင် တပ်ရင်း(၆)နှင့် ပြည်သူများပူးပေါင်းကာ ပြုပြင်နေစဥ်။ ဓာတ်ပုံ - LSRPDF)
(မြေပြိုကျ၍ ပျက်စီးသွားသော ဆော-ဆိပ်ဖြူလမ်းပိုင်းအား ဂန့်ဂေါခရိုင် တပ်ရင်း(၆)နှင့် ပြည်သူများပူးပေါင်းကာ ပြုပြင်နေစဥ်။ ဓာတ်ပုံ – LSRPDF)

အဆိုပါ ဆော-ဆိပ်ဖြူလမ်းပိုင်းသည် မြေပြိုကျမှုကြောင့် ပေ (၃၀) ခန့်ပြိုကျပျက်စီးသွားပြီး ယမန်နေ့(အောက်တိုဘာ ၂၃)ညပိုင်းတွင် ထပ်မံပြိုကျခဲ့ရာ ယနေ့ညနေပိုင်းတွင် နောက်ထပ်တစ်ကြိမ် လမ်းပြုပြင်မှုများ လုပ်ဆောင်ပေးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

လောင်းရှည်ဒေသရှိ ပြည်သူများအနေဖြင့် ကုန်စည်ကူးသန်းရောင်းဝယ်ရေးတွင် ဆော -ဆိပ်ဖြူလမ်းပိုင်းအား အဓိကမှီခိုအားထားနေရပြီး မြေပြိုကျမှုဖြစ်ပေါ်ခဲ့သော လမ်းပိုင်းအား ရေရှည်အသုံးပြုနိုင်စေရန် ကျွမ်းကျင်အင်ဂျင်နီယာများနှင့် ညှိနှိုင်းတိုင်ပင်ကာ ဆက်လက်ပြုပြင်ရန် လိုအပ်လျှက်ရှိကြောင်း ဂန့်ဂေါခရိုင် တပ်ရင်း(၆)က ဆိုသည်။

လက်ရှိအခြေအနေတွင် ရာသီဥတုအခြေအနေအရ ဆော-ဆိပ်ဖြူလမ်းပိုင်းတွင် ထပ်မံ၍ မြေပြိုကျမှုများ ဖြစ်ပေါ်နိုင်သဖြင့် ခရီးသွားပြည်သူများအနေနှင့် ဂန့်ဂေါခရိုင် အမှတ်(၆)တပ်ရင်းထံ ဆက်သွယ်စုံစမ်း၍ သွားလာကြရန် အသိပေးတိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။