Connect with us

Hi, what are you looking for?

သတင်း

ပေါင်းတည်နယ် စစ်ကောင်စီ သစ်ပုတ်တာဝါတိုင်စခန်းကို PDF ပူးပေါင်းတပ်တိုက်ခိုက်

ပြည်သူများအနေ့ဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အတူတကွနေထိုင်ခြင်း၊ ငွေအားလူအား ကူညီပံ့ပိုးခြင်းများ မလုပ်ကြပါရန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မေတ္တာ ရပ်ခံထားသည်။

(ပြည်ခရိုင် တပ်ရင်း ၃၆၀၁မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာတွင် တွေ့ရစဥ်။ဓာတ်ပုံ-ပေးပို့)
(ပြည်ခရိုင် တပ်ရင်း ၃၆၀၁မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာတွင် တွေ့ရစဥ်။ဓာတ်ပုံ-ပေးပို့)

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်ရှိ စစ်ကောင်စီ သစ်ပုတ်တာဝါတိုင်စခန်းကို ပြည်ခရိုင် PDF တပ်ရင်းများမှ ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲမှ ယနေ့(နိုဝင်ဘာ ၁)အသိပေး ထုတ်ကြန်သည်။

သစ်ပုတ်အုပ်စုရှိ သစ်ပုတ်ရွာတာဝါတိုင်စောင့်စစ်ကောင်စီတပ်ကို ပြည်ခရိုင်တပ်ရင်းခရိုင် ၃၆၀၁(PPDF)၊ တပ်ခွဲ(၅)နှင့် တပ်ရင်း ၃၆၀၂၊ တပ်ခွဲ(၁)နှင့် တပ်ခွဲ(၄)တို့ပူးပေါင်းပြီး အောက် တိုဘာ ၃၀ ရက် ည ၉ နာရီခွဲခန့်က သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

“ထိခိုက်မှု ရှိနိုင်ပါတယ်။ သေတာတော့ မသိရသေးဘူး။ ပစ်ခတ်ချိန်က ၁၀မိနစ်လောက်ရှိမယ်။ သူတို့ဘက်က လက်နက်ကြီး၊ လက်နက် ငယ်တွေနဲ့ ပြန်ပစ်တယ်။ ရဲဘော်တွေ အထိ အခိုက်အန္တရာယ်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်”ဟု ပြည်ခရိုင် တပ်ရင်း ၃၆၀၁ မှ ဆက်သွယ်ရေးနှင့် ပြန်ကြာရေးတာဝန်ခံက People’s Spring သို့ ပြောသည်။

ယခုကဲ့သို့ တိုက်ခိုက်ရခြင်းမှာ ပဲခူးရိုးမပေါ်သို့စစ်ကြောင်းထိုးရန်လာသော စစ်ကောင်စီတပ် ဖွဲ့ဝင်များအား ယာယီစခန်းချရန် နေရာပေးခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ သတင်းများပေးပို့ခြင်း၊ အနီးပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများအပေါ် နိုင်ထက် စီးနင်းအဓမ္မငွေကြေးတောင်းခံခြင်း၊ မပေးနိုင်ပါက ဖမ်းစီးနှိပ်စက်ခြင်းတို့ကြောင့်ဖြစ်​သည်ဟု ပဲခူးတိုင်းစစ်ဒေသခွဲက ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ သစ်ပုတ်တာဝါတိုင်စခန်းတွင် စစ်ကောင်စီတပ်မှ အင်အား ၂၀ နှင့် ၂၅ ကြားချထားလေ့ရှိပြီး တပ်အချိန်းအပြောင်းပြုလုပ်ကာ စခန်းထိုင်လေ့ရှိကြောင်း တော်လှန် ရေးတပ်ဖွဲ့များထံမှ စုံစမ်းသိရသည်။

ပြည်သူများအနေ့ဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အတူတကွနေထိုင်ခြင်း၊ ငွေအားလူအား ကူညီပံ့ပိုးခြင်းများ မလုပ်ကြပါရန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မေတ္တာ ရပ်ခံထားသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၄ရက်ကလည်း သစ်ပုတ်တာဝန်တိုင်စခန်းမှ အင်အား ၂၄ဦးပါ စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခု ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာစဥ် စမ်းမအိုင်ရွာသို့အရောက်၌ ပြည်ခရိုင် တပ်ရင်း ၃၆၀၁မှ ကြားဖြတ်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook