Connect with us

Hi, what are you looking for?

သတင်း

ကြာအင်းဆိပ်ကြီးမှာ တိုက်ပွဲပြင်းထန်နေ

ကြာအင်းဆိပ်ကြီးမြို့ခံတစ်ဦးက ” ဘေးကင်း လုံခြုံတဲ့ နေရာမှာပဲ နေကြပါ၊ ကြာအင်းဆိပ်ကြီးကို ဖြတ်သန်းသွားလာမယ့်သူများ ရပ်နားထားပါ” လို့ သူရဲ့ဖေ့ဘွတ်ခ်လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။

ကြာအင်းဆိပ်ကြီးမှာ တိုက်ပွဲပြင်းထန်နေ
ကြာအင်းဆိပ်ကြီးမှာ တိုက်ပွဲပြင်းထန်နေ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ထဲမှာ ဒီနေ့ နိုဝင်ဘာလ ၂ ရက်မနက်အစောပိုင်း. စစ်ကောင်စီ တပ်နဲ့ KNU ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ မြို့ခံတွေထံကသိရပါတယ်။

ကြာအင်းဆိပ်ကြီးမြို့ပေါ်က ရဲစခန်းကို KNU နဲ့ ပူးပေါင်းတပ်တွေ သွားရောက်တိုက်ခိုက်ရာမှာ ၂ ဖက် ထိတွေ့တိုက်ပွဲဖြစ်တာပါ။

“ရဲစခန်းကို လာတိုက်တယ်လို့ သိရတယ်။ တိုက်ပွဲအပြင်းအထန်ပဲ” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

၂ ဖက်တိုက်ပွဲအတွင်း လက်နက်ကြီး ကျည်ကျလို့ လူနေ နေအိမ်အချို့ ပျက်စီးတာတွေရှိသလို ထိခိုက်ဒဏ်ရာရသူတွေလည်းရှိနေတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

Public Service Announcement

Public Service Announcement

ကြာအင်းဆိပ်ကြီးမြို့ခံတစ်ဦးက ” ဘေးကင်း လုံခြုံတဲ့ နေရာမှာပဲ နေကြပါ၊ ကြာအင်းဆိပ်ကြီးကို ဖြတ်သန်းသွားလာမယ့်သူများ ရပ်နားထားပါ” လို့ သူရဲ့ဖေ့ဘွတ်ခ်လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ်ဟာ KNU တပ်မဟာ ၆ နယ်မြေမှာရှိပြီး မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်တဲ့ ဒေသဖြစ်ပါတယ်။

အခုနှစ် ဇန်နဝါရီနဲ့ဇွန်လအတွင်း KNU ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ ကြာအင်းဆိပ်ကြီးမြို့ပေါ်က စစ်ကောင်စီစခန်းတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

Facebook