ကရင်နီ(ကယား)ပြည်နယ်ရှိ စစ်ကောင်စီအခြေစိုက်ရာ လွိုင်ကော်မြို့၌ စစ်ဆင်ရေးများ မကြာမီ စတင်မည်ဟု Loikaw Local PDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
“ ရဲဘော်ရဲဘက်တွေ အားလုံးက လွိုင်ကော် ဒေသခံတွေများတယ်။အဲဒါကြောင့် လွိုင်ကော် Local PDF အဖြစ်ပြောင်းလဲလိုက်တယ်။နောက်ပြီး အဓိကတော့ ကရင်နီ(ကယား)ပြည်နယ် အတိုင်းအတာမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားက လွိုင်ကော်ပဲရှိတော့တာဆိုတော့ လွိုင်ကော်မှာ စစ်ရေး တွေ မကြာမီစတင်မယ်လို့ ကျွန်တော်တို့ ပြောနိုင်တယ်။စစ်ရေးတွေ ပုံဖော်မယ်” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
Loikaw Local PDFကို ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU)နှင့် မိုးကြိုးတပ်ရင်းတို့မှ တပ်ရင်း (၄)ရင်းဗျုဟာ(၁)ခု သတ်မှတ်၍ အောက်တိုဘာ ၃၁ ရက်က ဖွဲ့စည်းခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။
လွိုင်ကော်လူထု၏ လုံခြုံမူကို ဦးတည်ဆောင်ရွတ်သွားမည်ဖြစ်ပြီး ပြည်သူသာအမိ၊ ပြည်သူသာအဖ စိတ်နှလုံးသွင်း၍ ပြည်သူ၏အသက်အိုးအိမ် စည်စိမ်းများကိုကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်းလည်း Loikaw Local PDF က အသိပေးသည်။

Public Service Announcement
ထို့အပြင် မဟာမိတ်တပ်များကြား၌လည်း ပူးပေါင်းစစ်ရေးဖော်ဆောင်သွားမည်ဖြစ်ကြောင်း သီးခြားထုတ်ပြန်ထားသည်။
Loikaw Local PDF ဖွဲ့စည်းမှုကို DMO Local PDF၊ မိုးဗြဲ Local PDF ၊ ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်တပ်ဦး(ကလလတ)နှင့် အလယ်ပိုင်းတိုင်းစစ်ဒေသမှ တာဝန်ယူရှိသူများတက်ရောက်ခဲ့သည်။
















































