Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လွိုင်ကော်မြို့၌ စစ်ဆင်ရေးများ မကြာမီစတင်မည်ဟု Loikaw Local PDF ပြော

Loikaw Local PDFကို ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU)နှင့် မိုးကြိုးတပ်ရင်းတို့မှ တပ်ရင်း (၄)ရင်းဗျုဟာ(၁)ခု သတ်မှတ်၍ အောက်တိုဘာ ၃၁ ရက်က ဖွဲ့စည်းခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

(Loikaw Local PDFမှ ရဲဘော်များ စစ်ရေးပြအခမ်းအနားတစ်ခု၌ တွေ့ရစဥ်။ ဓာတ်ပုံ - Loikaw Local PDF)
(Loikaw Local PDFမှ ရဲဘော်များ စစ်ရေးပြအခမ်းအနားတစ်ခု၌ တွေ့ရစဥ်။ ဓာတ်ပုံ - Loikaw Local PDF)

ကရင်နီ(ကယား)ပြည်နယ်ရှိ စစ်ကောင်စီအခြေစိုက်ရာ လွိုင်ကော်မြို့၌ စစ်ဆင်ရေးများ မကြာမီ စတင်မည်ဟု Loikaw Local PDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

“ရဲဘော်ရဲဘက်တွေ အားလုံးက လွိုင်ကော် ဒေသခံတွေများတယ်။အဲဒါကြောင့် လွိုင်ကော် Local PDF အဖြစ်ပြောင်းလဲလိုက်တယ်။နောက်ပြီး အဓိကတော့ ကရင်နီ(ကယား)ပြည်နယ် အတိုင်းအတာမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားက လွိုင်ကော်ပဲရှိတော့တာဆိုတော့ လွိုင်ကော်မှာ စစ်ရေး တွေ မကြာမီစတင်မယ်လို့ ကျွန်တော်တို့ ပြောနိုင်တယ်။စစ်ရေးတွေ ပုံဖော်မယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Loikaw Local PDFကို ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU)နှင့် မိုးကြိုးတပ်ရင်းတို့မှ တပ်ရင်း (၄)ရင်းဗျုဟာ(၁)ခု သတ်မှတ်၍ အောက်တိုဘာ ၃၁ ရက်က ဖွဲ့စည်းခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

လွိုင်ကော်လူထု၏ လုံခြုံမူကို ဦးတည်ဆောင်ရွတ်သွားမည်ဖြစ်ပြီး ပြည်သူသာအမိ၊ ပြည်သူသာအဖ စိတ်နှလုံးသွင်း၍ ပြည်သူ၏အသက်အိုးအိမ် စည်စိမ်းများကိုကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်းလည်း Loikaw Local PDF က အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မဟာမိတ်တပ်များကြား၌လည်း ပူးပေါင်းစစ်ရေးဖော်ဆောင်သွားမည်‌ဖြစ်ကြောင်း သီးခြားထုတ်ပြန်ထားသည်။

Loikaw Local PDF ဖွဲ့စည်းမှုကို DMO Local PDF၊ မိုးဗြဲ Local PDF ၊ ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်တပ်ဦး(ကလလတ)နှင့် အလယ်ပိုင်းတိုင်းစစ်ဒေသမှ တာဝန်ယူရှိသူများတက်ရောက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။