Connect with us

Hi, what are you looking for?

သတင်း

ဖောင်းပြင်ရှိ စစ်ကောင်စီတပ်စခန်းကို ဒေသတွင်း PDFများ နှစ်ရက်ဆက်တိုက်ခိုက်

ယမန်နေ့(နိုဝင်ဘာ ၁ရက်) နံနက် ၄နာရီခန့်က ဖောင်းပြင်မြို့နယ်၊ ရေအောက်တောင်းကျေးရွာရှိ စစ်ကောင်စီတပ်သား၊ ရဲများ၏ စခန်းကို ဒေသခံကာကွယ်ရေးအဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဖောင်းပြင်ရှိ စစ်ကောင်စီတပ်စခန်းကို ဒေသတွင်း PDFများ နှစ်ရက်ဆက်တိုက်ခိုက်
ဖောင်းပြင်ရှိ စစ်ကောင်စီတပ်စခန်းကို ဒေသတွင်း PDFများ နှစ်ရက်ဆက်တိုက်ခိုက်

လေကြောင်းဖြင့် ပြန်လည်ပစ်ခတ်၍ စစ်ရှောင်ပြည်သူအချို့ ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ​ဒေသတွင်း PDFများက နှစ်ရက်ဆက်တိုက်ခိုက်ရာ လေကြောင်းဖြင့်ပြန်လည်ပစ်ခတ်တိုက်ခိုက်နေကြောင်း ​ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့(နိုဝင်ဘာ ၁ရက်) နံနက် ၄နာရီခန့်က ဖောင်းပြင်မြို့နယ်၊ ရေအောက်တောင်းကျေးရွာရှိ စစ်ကောင်စီတပ်သား၊ ရဲများ၏ စခန်းကို ဒေသခံကာကွယ်ရေးအဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်အထိနာ၍ ဂျက်ဖိုက်တာ နှစ်စီးဖြင့် နံနက် ၈ နာရီခွဲဝန်းကျင်ခန့်တွင် တစ်ကြိမ်၊ နံနက် ၈ နာရီ ၄၅မိနစ်ခန့်တွင် တစ်ကြိမ်၊ ညနေ ၄ နာရီ မိနစ် ၅၀ခန့်တွင် တစ်ကြိမ် MI35 ယာဥ်ဖြင့် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

“အင်အား ၇၀လောက်တော့ရှိနိုင်မယ်။ အကူထပ်လိုက်လာတာက ၅၀ လောက်ရှိတယ်။ ပွဲကြမ်းနေတုန်းဗျ။ အပြင်စခန်းငယ်ပဲ သိမ်းနိုင်တယ်။ ဘန်ကာကိုမဖောက်ခင် ဂျက်ဖိုက်တာနဲ့ကြဲသွားတယ်။ ပွဲကမပြီးသေးဘူး။ မနေ့က သေတာက ရှစ်ကောင်သေတယ်လို့ သတင်းရတယ်။”ဟု ဒေသတွင်း PDF ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့နံနက်ပိုင်းတွင်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က နံနက် ၁၀ နာရီ ၁၅ မိနစ်က Mi-35ဖြင့် ကယားကျေးရွာဘုန်းကြီးကျောင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါဘုန်းကြီးကျောင်း၌ စစ်ရှောင်ပြည်သူများရှိပြီး ပြည်သူအချို့ထိခိုက်​ဒဏ်ရာရရှိခဲ့ကြောင်း ​ဒေသခံများက ပြောသည်။

လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် ကရားရွာ၊ သာစည်ရွာ၊ မိုးကောင်းရွာ၊ ကွန်းတောရွာ၊ မဲတင်ရွာနှင့် မြို့မကျေးရွာများမှ ဒေသခံပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်​ရေးအဖွဲ့(ပ.က.ဖ)လှုပ်ရှားတပ်ဖွဲ့မှ ရဲဘော်တဦးက ဒေသခံတစ်ဦးကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့မှုအတွက်ကျူးလွန်ခံရသူ မိသားစုထံ လှုပ်ရှားတပ်ဖွဲ့ခေါင်းဆောင်ကိုယ်တိုင် အုန်း

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။