Connect with us

Hi, what are you looking for?

သတင်း

စိုင်ပြင်တွင် စစ်တပ်က ​လေ​​ကြောင်းမှဗုံးကျဲပြီးလက်နက်ကြီးဖြင့်ပစ်ခတ်၍ ပြည်သူအချို့ဒဏ်ရာရ

လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၄၀ အရွယ်အမျိုးသားတစ်ဦး မျက်ခုံးနှင့် ဦးခေါင်းတို့၌ လက်နက်ကြီးစထိမှန်ပြီး အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး တင်ပါးထိမှန် ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

( စစ်​ကောင်စီတပ်၏ ပစ်ခတ်အကြမ်းဖက်မှုကြောင့်​အေညက်တိုဘာလတွင် ထွက်ပြေတိမ်းရှောင်ခဲ့သော​ဒေသခံ ပြည်သူများ။ ။ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ )
( စစ်​ကောင်စီတပ်၏ ပစ်ခတ်အကြမ်းဖက်မှုကြောင့်​အေညက်တိုဘာလတွင် ထွက်ပြေတိမ်းရှောင်ခဲ့သော​ဒေသခံ ပြည်သူများ။ ။ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ )

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့တွင် စစ်​ကောင်စီတပ်ရဲစခန်းအတွင်းမှလက်နက်ကြီးဖြင့်ပစ်ခတ်ပြီးလေယာဥ်ဖြင့်ပါ ဗုံးချတိုက်ခိုက်ခဲ့၍ ပြည်သူအချို့ ဒဏ်ရာရရှိခဲ့ကြောင်းဒေသခံများကပြောသည်။

ယမန်နေ့( နိုဝင်ဘာလ ၅ ရက်) နံနက်အစောပိုင်းက ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့သို့ စစ်တပ်ကတိုက်လေယာဉ်တစ်စင်းဖြင့် ဗုံး ၂ လုံးကြဲချခဲ့သည်။ထို့အပြင် စိုင်ပြင်ရဲစခန်းကပါ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် စိုင်ပြင်မြို့မှ အရပ်သား ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။

“ပြည်သူတွေကတော့ လက်နက်ကြီးရမ်းပစ်လို့မှန်တယ်လို့ကြားတယ်။”ဟု ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။

( စစ်​ကောင်စီတပ်၏ ပစ်ခတ်အကြမ်းဖက်မှုကြောင့်​အေညက်တိုဘာလတွင် ထွက်ပြေတိမ်းရှောင်ခဲ့သော​ဒေသခံ ပြည်သူများ။ ။ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ )
( စစ်​ကောင်စီတပ်၏ ပစ်ခတ်အကြမ်းဖက်မှုကြောင့်​အေညက်တိုဘာလတွင် ထွက်ပြေတိမ်းရှောင်ခဲ့သော​ဒေသခံ ပြည်သူများ။ ။ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ )

လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၄၀ အရွယ်အမျိုးသားတစ်ဦး မျက်ခုံးနှင့် ဦးခေါင်းတို့၌ လက်နက်ကြီးစထိမှန်ပြီး အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး တင်ပါးထိမှန် ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

စိုင်ပြင်မြို့အနီးတွင် နိုဝင်ဘာ ၄ ရက် ည​နေပိုင်းကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်သားများ တိုက်ပွဲဖြစ်ပွားခဲ့​ကြောင်း​ဒေသခံအချို့က ​ပြောသည်။ တိုက်ပွဲအ​ခြေအ​နေအ​သေးစိပ်ကိုမူ မသိရ​သေး​ပေ ။

တိုက်ပွဲဖြစ်ပွားပြီး​နောက်​နေ့တွင် စစ်​ကောင်စီတပ်က ​​လေ​ကြောင်းမှ ဗုံးကြဲပြီး မြို့ထဲမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

( စစ်​ကောင်စီတပ်၏ ပစ်ခတ်အကြမ်းဖက်မှုကြောင့်​အေညက်တိုဘာလတွင် ထွက်ပြေတိမ်းရှောင်ခဲ့သော​ဒေသခံ ပြည်သူများ။ ။ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ )
( စစ်​ကောင်စီတပ်၏ ပစ်ခတ်အကြမ်းဖက်မှုကြောင့်​အေညက်တိုဘာလတွင် ထွက်ပြေတိမ်းရှောင်ခဲ့သော​ဒေသခံ ပြည်သူများ။ ။ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ )

လေကြောင်းမှဗုံးချတိုက်ခိုက်မှုတွင် ထိခိုက်ပျက်စီးမှုရှိနိုင်ပြီး ပြည်သူများထွက်ပြေးတိမ်းရှောင်နေရ၍ အတိအကျမသိရသေးကြောင်း ဒေသခံများက ပြောသည်။

ထိုအပြင် နိုဝင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ဒီပဲယင်းမြို့ပေါ်မှ အင်အား ၇၀ ခန့်ဖြင့် စစ်ကောင်စီစစ်ကြောင်းထိုးလာ၍ ကျေးရွာ ၁၀ ရွာခန့်က ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း လည်းသိရသည်။

နိုဝင်ဘာလ ၁ ရက် ညနေပိုင်းကလည်း စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒီပဲယင်းနယ်အရှေ့ခြမ်းရှိ လက်ယက်ကုန်းကျေးရွာသို့ လက်နက်ကြီး ၂ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးနှစ်ဦးသေဆုံးကာ ကလေး၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်က ဇွန်လ ၁၉ရက်ည သန်းခေါင်လောက်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်