Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ(၅)နယ်မြေတွင် အောက်တိုဘာအတွင်း တိုက်ပွဲ ၉၀နီးပါးဖြစ်ဟုအသိ​ပေး

စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှု လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ရွာသား တစ်ဦး ဒဏ်ရာရခဲ့ကြောင်း လည်းဖော်ပြသည်။

(​ရှေ့တန်းမှ KNU/KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-KNU)
(​ရှေ့တန်းမှ KNU/KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-KNU)

▪︎စစ်ကောင်စီ ၃၀ဦးကျော်သေ၊ တော်လှန်ရေးရဲဘော် ၄ဦး ကျဆုံးခဲ့ဟုထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေတွင် အောက်တိုဘာလအတွင်း တိုက်ပွဲပေါင်း ၈၇ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ဦးကျော်သေဆုံးခဲ့ကြောင်း KNU တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၁ရက်မှ ၃၁ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားမှုနှင့် စစ်ကောင်စီက ပြည်သူလူထုများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေတို့ကို အသိပေး ထုတ်ပြန်လာခြင်းဖြစ်သည်။

တိုက်ပွဲ ၈၇ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ်ဖွဲ့(BGF) ဘက်က ၃၁ဦး သေဆုံးကာ ၅၁ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးသည်။

ရင်ဆိုင်တိုက်ပွဲများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)ဘက်က ၄ဦး ကျဆုံးကာ ၆ဦး ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှု လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ရွာသား တစ်ဦး ဒဏ်ရာရခဲ့ကြောင်း လည်းဖော်ပြသည်။

စစ်ကောင်စီတပ်သည် ရပ်ရွာအတွင်းသို့ လက်နက်ကြီး ပစ်ခတ်မှုများ ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်နေ၍ ပြည်သူလူထု ထိခိုက်မှုများအပြင် အိုးအိမ်ပျက်စီးဆုံးရှုံးမှုများလည်း ဖြစ်ပေါ်နေရသည်ဟု KNUက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင်၊လယ်ဒို(ကျောက်ကြီး)မြို့နယ်မှာ စစ်ကောင်စီတပ်သား ၁၆ ဦး အလင်းဝင်လာကြောင်း KNUက ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

သတင်း

အိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်က ခါမ်းပတ်မြို့ထဲမှာ တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ် ရပ်ကွက်တချို့ကို အာ​ဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်ထားတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။