Connect with us

Hi, what are you looking for?

သတင်း

မင်းရွာရဲစခန်းသိမ်းတိုက်ပွဲတွင်ထွက်​ပြေးသွား​သောရဲအားလုံးကို PDF များဖမ်းဆီ

(မင်းရွာရဲစခန်းသိမ်းတိုက်ပွဲတွင် ထွက်ပြေးသွားသည့် စစ်ကောင်စီရဲများကို ​PDF များကဖမ်းဆီးပြီး​နောက်​တွေ့ရစဥ်။ဓာတ်ပုံ - CJ)
(မင်းရွာရဲစခန်းသိမ်းတိုက်ပွဲတွင် ထွက်ပြေးသွားသည့် စစ်ကောင်စီရဲများကို ​PDF များကဖမ်းဆီးပြီး​နောက်​တွေ့ရစဥ်။ဓာတ်ပုံ - CJ)

မကွေးတိုင်း ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်းသိမ်းတိုက်ပွဲတွင် ထွက်ပြေးသွားသည့် စစ်ကောင်စီရဲများ အားလုံးကို ဖမ်းဆီးရမိကြောင်း ဂန့်ဂေါခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နိုဝင်ဘာ ၃ရက်နံနက်က မင်းရွာရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) ဂန့်ဂေါခရိုင် အမှတ်(၁/၇/၁၁/၁၂/၁၄/၁၉)တပ်ရင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး(ABSDF)၊နယ်မြေခံ ပကဖ တို့ပူးပေါင်းကာ စခန်းသိမ်း တိုက်ပွဲဆင်နွှဲခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးပြီး၊ ၁၁ ဦး လက်နက်ချခဲ့ကာ၊ ငါးဦးမှာ ထွက် ပြေးသွားခဲ့​ခြင်းဖြစ်သည်။

“ထွက်ပြေးသွားတဲ့ ရခတွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက တစ်ယောက်မကျန်အားလုံးဖမ်းဆီးရမိပါပြီ”ဟု အထက်ပါတာဝန်ရှိသူက ၎င်း၏လူမှုကွန်ယက်၌ ရေးသားထားသည်။

Public Service Announcement

Public Service Announcement

ယောဒေသအတွင်းရှိ စစ်ကောင်စီလက်အောက်ခံတပ်သားများအနေဖြင့် ယခုချိန်တွင် လက်နက်ချ အလင်းဝင်ပါကလူ့ဂုဏ်သိက္ခာရှိရှိ ရပ်တည်ခွင့်ရမည်ဖြစ်ကြောင်းလည်း ၎င်းက အသိပေးသည်။

မင်းရွာရဲစခန်းသိမ်းတိုက်ပွဲ၌ G-3 သေနတ် (၁၁) လက်၊ G-4 သေနတ် တစ်လက်၊ MA-1 သေနတ် တစ်လက်MA- 3 သေနတ်(၁)လက်၊ MA-4 သေနတ် တစ်လက်၊ ခြောက်လုံးပြူးသေနတ် ၂လက်နှင့် ကျည်ခဲယမ်းများ ၊ အခြားပစ္စည်းများစွာ သိမ်းဆည်းရရှိခဲ့​ကြောင်း NUG၊ ကာကွယ်​ရေးဝန်ကြီးဌာနက အသိ​ပေးသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၁၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။