Connect with us

Hi, what are you looking for?

သတင်း

ကောလင်းတစ်မြို့လုံးကို PDF နှင့်မဟာမိတ်များသိမ်းပိုက်

နိုဝင်ဘာ ၃ ရက်ည​နေတွင်ကောလင်းမြို့ရဲစခန်းအချုပ်မှ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသားအားလုံးကို ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

(​ကောလင်းရဲစခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-CJ)
(​ကောလင်းရဲစခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-CJ)

▪︎စစ်ကိုင်းတိုင်းတွင်မြို့သိမ်းတိုက်ပွဲ ပထမဆုံး​အောင်မြင်​သောမြို့ဖြစ်လာ

ခရိုင်မြို့ကြီးဖြစ်​သော ကောလင်းမြို့တမြို့လုံးကို ပြည်သူ့ကာကွယ်ရေးတပ်မ​​တော် (PDF )နှင့် မဟာမိတ်များက သိမ်းပိုက်လိုက်နိုင်ပြီဖြစ်​ကြောင်း PDFများနှင့် စစ်​ရေးသတင်းရင်းမြစ်များက​ပြောသည်။

နိုဝင်ဘာ ၃ ရက်မနက်မှ စတင်ခဲ့​သော ​ကောလင်းမြို့သိမ်းတိုက်ပွဲမှာ ၃ ရက်ဆက်အပြင်းအထန်ဖြစ်ခဲ့ပြီး ​မြို့တွင်းကျန်ရှိ​နေ​သော စစ်​သားများကို စစ်​​ကောင်စီကလေ​ကြောင်းမှ အပြင်းအထန်စစ်ကူ​ပေးခဲ့​သော်လည်း ယ​နေ့နံနက်တွင်​နောက်ဆုံးကျန်ရှိ​​သော​ထွေအုပ်ရုံးကိုသိမ်းပိုက်နိုင်ခဲ့​ကြောင်းသိရသည်။

“တမြို့လုံးကို ထိန်းနိုင်ပါပြီ။ ပုဒ်မမျိုးစုံတပ်ပြီး ဖမ်းထားတဲ့ ကျတော်တို့ မြို့က နိုင်ကျဉ်းတွေ၊ အကျဉ်းသားတွေ အကုန်ကယ်ထုတ်နိုင်ပါပြီ” ဟု ပြည်သူ့ကာကွယ်ရေးထောက်ပို့ ရဲဘော်တစ်ဦးကပြောသည်။

နိုဝင်ဘာ ၃ ရက်ည​နေတွင်ကောလင်းမြို့ရဲစခန်းအချုပ်မှ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသားအားလုံးကို ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီတပ်ဖွဲ့ဝင်များ​နောက်ဆုံးကျန်ရှိ​သော ​ကောလင်းမြို့​ထွေအုပ်ရုံးရှိ စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ယ​နေ့နံနက်တွင် လက်နက်ချခဲ့ပြီး​နောက်မြို့ကိုထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်​ကြောင်း ​ဒေသတွင်းသတင်းရင်းမြစ်များက​ပြောသည်။

သို့​သော် ​​ထောက်ပို့PDF တစ်ဦးကမူ ​ထွေအုပ်ရုံးမှ စစ်သား ၆ ဦးလက်နက်ချခဲ့ခြင်းဖြစ်ပြီး စစ်​ကောင်စီတပ်သားအချို့ကျန်​သေး​ကြောင်း​ပြောသည်။ သို့​သော် အဆိုပါအချက်ကို People’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါ။

စစ်​ရေးသတင်းရင်းမြစ်တစ်ဦးကမူ ​ကောလင်းမြို့မှ​နောက်ဆုံးကျန်​သောစစ်​ကောင်စီတပ်သားများမှ လက်နက်ချခြင်းရှိ၊မရှိကို အ​သေးစိပ်မသိ​သော်လည်း နေ့နံနက်တွင် မြို့ကို သိမ်း နိုင်ပြီဆိုသည်မှာ မှန်ကန်​ကြောင်း​ပြောသည်။

“စစ်ကိုင်းတိုင်း၊ ခရိုင်မြို့ကြီးဖြစ်တဲ့ ကောလင်းကို စစ်ဒေသ ၁ PDF နဲ့ မဟာမိတ်များ သိမ်းပိုက်ရရှိ။တလှိုင်းပြီး တလှိုင်း လာမယ်” ဟု သပိတ်​ခေါင်း​ဆောင် ​ဒေါက်တာ​တေဇာဆန်း က၎င်း၏ ​ဖေစ်ဘွခ်တွင်​ရေးသားထားသည်။

​ကောလင်းခရိုင် တွင်ပင်လယ်ဘူးမြို့ ၊ဝန်းသို ၊​ကောလင်းမြို့သုံးမြို့ပါဝင်သည်။ ​ကောလင်းမြို့မှာ လူဦး​ရေ နှစ်​သောင်း​ခွဲကျော်​နေထိုင်​​သောမြို့ဖြစ်သည်။ထို​ကြောင့် စစ်ကိုင်းတိုင်းတွင် ​တော်လှန်​ရေးအဖွဲ့များက မြို့ သိမ်းတိုက်ပွဲ​အောင်မြင်စွာဆင်နွှဲနိုင်သည်မှာ ​ကောလင်းမြို့မှာ ပထမဆုံးဖြစ်လာသည်။

ကောလင်းမြို့ရဲစခန်းကို နိုဝင်ဘာ ၅ ရက်က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ရာတွင် သေနတ် ၄ဝ ကျော် သိမ်းနိုင်ခဲ့ကြောင်း PDF တစ်ဦးက ပြောသည်။ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အချုပ်သားများအားလုံးကို ဘေးလွတ်ရာသို့ပို့ဆောင်ပြီးဖြစ်ကြောင်းလည်း​ဒေသခံများက​ပြောသည်။

စစ်​ကောင်စီတပ်က ​လေ​ကြောင်းမှ တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်ခဲ့​သော​ကြောင့် ​တော်လှန်​​ရေးအဖွဲ့များက မြို့ခံများကို ​ဆက်တိုက်​ရွေ့​ပြောင်း​ပေးခဲ့သည်။စစ်တပ်က​လေ​ကြောင်းမှ တိုက်ခိုက်မှု နှင့် ​တွေသမျှ ပစ်ခတ်မှုတို့​ကြောင့်​ အနည်းဆုံးဒေသခံပြည်သူ ၂၀ ​ကျော်​သေဆုံးခဲ့​ကြောင်း​ဒေသခံအချို့က​ပြောသည်။

“ဒီမနက် လေ‌ယာဉ်ဝဲနေတယ်။ Air Strike တော့ မလုပ်သေးဘူး။ ဝန်းသိုဘက်ကနေ အင်အား ၇ဝ နဲ့ ခြေလျင်တက်လာတယ်လို့ သတင်းရတယ်” ဟု ထောက်ပို့ရဲဘော်ကပြောသည်။

လက်ရှိတွင် ကောလင်းမြို့ပေါ်၌ စစ်ကောင်စီတပ်စွဲထားသည့်နေရာတခုမှမရှိတော့ဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကထိန်းချုပ်ထားသည်ဟု တော်လှန်ရေးအင်အားစုများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။