Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့ရှိ ဆီဆိုင်နှစ်ဆိုင်ဓားပြတိုက်သွားသည့် ပျူစောထီးနှစ်ဦးကို PDFက တစ်ရက်အတွင်း ဖမ်းဆီး

War Lord Defense Force ၊ Guardian Force SBDF B-4 C-1၊ ရွှေဘိုမြို့ပြပျောက်ကျား UGတပ်ဖွဲ့ နှင့် ဗိုလ်မိကျောင်းအဖွဲ့ မဟာမိတ်ဖြစ်သော ဘီလူးညီနောင် နယ်မြေခံ(ပကဖ) တို့ ပူးပေါင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

(ဖမ်းဆီးရမိသောပျူနှစ်ဦးနှင့် ၎င်းတို့၏ ပစ္စည်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-ရွှေဘိုအားမာန်မြို့ပြပြောက်ကျားတပ်ဖွဲ့)
(ဖမ်းဆီးရမိသောပျူနှစ်ဦးနှင့် ၎င်းတို့၏ ပစ္စည်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-ရွှေဘိုအားမာန်မြို့ပြပြောက်ကျားတပ်ဖွဲ့)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် ဓာတ်ဆီဆိုင်နှစ်ဆိုင်မှ ကျပ်သိန်း ၁၀၀ကျော် ဓားပြတိုက်သွားသည့် ပျူစောထီး နှစ်ဦးကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက အချိန် ၂၄နာရီအတွင်းဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁ ရက် နံနက် ၁၁ နာရီခန့်က ရွှေဘိုမြို့၊ ရွှေဘို – ဆိပ်ခွန် ကားလမ်းမဘေးရှိ ဓာတ်ဆီဆိုင်နှစ်ဆိုင်အား စစ်ကောင်စီတပ်လက်အောက်ခံ ပျူစောထီး နှစ်ဦးက ဓားပြတိုက်ပြီး ကျပ်သိန်း ၁၀၀ကျော် ယူဆောင်သွားခဲ့သည်။

အဆိုပါ ပျူစောထီးနှစ်ဦးကို PDFများက လိုက်လံစုံစမ်း၍ နိုဝင်ဘာ ၂ ရက် နံနက် ၁၀နာရီခွဲခန့်တွင် ရွှေဘိုမြို့ပေါ်၌ ဖမ်းဆီးနိုင်ခဲ့ကြောင်း ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ဖမ်းဆီးရာတွင် ၎င်းတို့နှစ်ဦးက လက်ပစ်ဗုံးဖြင့် ပြန်လည်ခုခံတိုက်ခိုက်ရန် ကြိုးပမ်းခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ဆာလာအိတ်ထဲမှာပါတဲ့ လက်ပစ်ဗုံးနှစ်လုံးကိုသိမ်းပြီးပြီ။ တစ်ယောက်က အင်္ကျီထဲမှာ လက်ပစ်ဗုံးတစ်လုံးက ကျန်နေတာ။ ဖမ်းတဲ့အချိန်မှာ အင်္ကျီထဲကထုတ်ပြီး စနက်တံကိုဖြုတ်တာ။အဲဒီအချိန်မှာ သူ့လက်ပစ်ဗုံးကို ကျွန်တော်တို့်ကအမိအရ ဝိုင်းလုရတယ်။”ဟု ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

အဆိုပါ ပျူစောထီးနှစ်ဦးမှာ ဇီးကုန်းလေးကျေးရွာမှ အသက် (၅၀)နှင့် (၃၄)နှစ်အရွယ် အမျိုးသားနှစ်ဦး ဖြစ်သည်။ ၎င်းတို့ထံမှ လက်ပစ်မိုင်း ၂လုံး၊ ဖုန်း ၂လုံးနှင့် ကျပ်ခြောက်ထောင်သိမ်းဆည်းရမိကြောင်း၊ ဖမ်းဆီးရမိသည့် ပျူစောထီး နှစ်ဦးကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့လုံခြုံရေးအဖွဲ့ထံ အပ်နှံထားပြီး စစ်ဆေးနေကြောင်း War Lord Defense Force အဖွဲ့ကပြောသည်။

War Lord Defense Force ၊ Guardian Force SBDF B-4 C-1၊ ရွှေဘိုမြို့ပြပျောက်ကျား UGတပ်ဖွဲ့ နှင့် ဗိုလ်မိကျောင်းအဖွဲ့ မဟာမိတ်ဖြစ်သော ဘီလူးညီနောင် နယ်မြေခံ(ပကဖ) တို့ ပူးပေါင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။