Connect with us

Hi, what are you looking for?

သတင်း

ပဲခူးရိုးမ‌ပေါ် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

မိုင်းဆွဲတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်အန္တရာယ်မရှိဘဲ အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်း အသိပေးသည်။

(ပြည်ခရိုင် တပ်ရင်း ၃၆၀၁(PPDF)မှ တော်လှန်ရေးရဲဘော်များအား ပဲခူးရိုးမတစ်နေရာတွင် တွေ့ရစဥ်။ ဓာတ်ပုံ-ပေးပို့)
(ပြည်ခရိုင် တပ်ရင်း ၃၆၀၁(PPDF)မှ တော်လှန်ရေးရဲဘော်များအား ပဲခူးရိုးမတစ်နေရာတွင် တွေ့ရစဥ်။ ဓာတ်ပုံ-ပေးပို့)

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်တာဝါတိုင်စခန်းမှ ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးရန်ထွက်လာသော စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင် တပ်ရင်း ၃၆၀၁ (PPDF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့(နိုဝင်ဘာ ၈)နေ့လယ် ၁ နာရီ ၁၅မိနစ်ခန့်က သစ်ပုတ်တာဝါတိုင်စခန်းမှ ထွက်လာသော အင်အား ၂၄ ဦးခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို သစ်ပုတ်အုပ်စု မရိုးကျွန်းရွာနှင့် သရက်စမ်း ကျေးရွာကြားတွင် ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ(၁)က ပဒေသာမိုင်းလေးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“(သစ်ပုတ်စခန်းနှင့် မိုင်းဆွဲ့သည့်နေရာ)နဲနဲတော့ ဝေးတယ်။ ၁ နာရီလောက်တော့ လမ်း လျှောက်ရတယ်။ (ပဲခူးရိုးမ)အပေါ်မတက်ရဲလို့ အနီးနားကရွာတွေနား ပတ်နေတာ”ဟု စစ်ကောင်စီတပ်လှုပ်ရှားမှုအခြေအနေအား တပ်ရင်း(၃၆၀၁)မှ တာဝန်ရှိသူက People’s Spring သို့ ပြောသည်။

အဆိုပါ မိုင်း‌ဆွဲတိုက်ခိုက်မှု‌ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသွားသော တပ်ဖွဲ့ဝင်သုံးဦးကို ခေါ်ဆောင်၍ သစ်ပုတ်တာဝါတိုင်စခန်းသို့ နောက်ကြောင်းပြန်ဆုတ်သွားခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

မိုင်းဆွဲတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်အန္တရာယ်မရှိဘဲ အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်း အသိပေးသည်။

ထို့အပြင် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များအားလုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အမြန်ဆုံးဆက်သွယ်၍ ပြည်သူလူထုထံ အလင်းဝင်ခိုလှုံကြရန် သက်ဆိုင်ရာ PDF တပ်ရင်း၊ တပ်ဖွဲ့များက တိုက် တွန်းထားသည်။

အထက်ပါ စစ်ကောင်စီတပ် တပ်စွဲထားသည့် သစ်ပုတ်တာဝါတိုင်စခန်းကို ပြီးခဲ့သည့် အောက်တိုဘာ ၃၀ရက်ကလည်း ပြည်ခရိုင် PDF တပ်ရင်း(၃၆၀၁)နှင့် (၃၆၀၂)တို့မှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook