Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပဲခူးရိုးမ‌ပေါ် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

မိုင်းဆွဲတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်အန္တရာယ်မရှိဘဲ အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်း အသိပေးသည်။

(ပြည်ခရိုင် တပ်ရင်း ၃၆၀၁(PPDF)မှ တော်လှန်ရေးရဲဘော်များအား ပဲခူးရိုးမတစ်နေရာတွင် တွေ့ရစဥ်။ ဓာတ်ပုံ-ပေးပို့)
(ပြည်ခရိုင် တပ်ရင်း ၃၆၀၁(PPDF)မှ တော်လှန်ရေးရဲဘော်များအား ပဲခူးရိုးမတစ်နေရာတွင် တွေ့ရစဥ်။ ဓာတ်ပုံ-ပေးပို့)

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်တာဝါတိုင်စခန်းမှ ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးရန်ထွက်လာသော စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင် တပ်ရင်း ၃၆၀၁ (PPDF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့(နိုဝင်ဘာ ၈)နေ့လယ် ၁ နာရီ ၁၅မိနစ်ခန့်က သစ်ပုတ်တာဝါတိုင်စခန်းမှ ထွက်လာသော အင်အား ၂၄ ဦးခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို သစ်ပုတ်အုပ်စု မရိုးကျွန်းရွာနှင့် သရက်စမ်း ကျေးရွာကြားတွင် ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ(၁)က ပဒေသာမိုင်းလေးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“(သစ်ပုတ်စခန်းနှင့် မိုင်းဆွဲ့သည့်နေရာ)နဲနဲတော့ ဝေးတယ်။ ၁ နာရီလောက်တော့ လမ်း လျှောက်ရတယ်။ (ပဲခူးရိုးမ)အပေါ်မတက်ရဲလို့ အနီးနားကရွာတွေနား ပတ်နေတာ”ဟု စစ်ကောင်စီတပ်လှုပ်ရှားမှုအခြေအနေအား တပ်ရင်း(၃၆၀၁)မှ တာဝန်ရှိသူက People’s Spring သို့ ပြောသည်။

အဆိုပါ မိုင်း‌ဆွဲတိုက်ခိုက်မှု‌ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသွားသော တပ်ဖွဲ့ဝင်သုံးဦးကို ခေါ်ဆောင်၍ သစ်ပုတ်တာဝါတိုင်စခန်းသို့ နောက်ကြောင်းပြန်ဆုတ်သွားခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

မိုင်းဆွဲတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်အန္တရာယ်မရှိဘဲ အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များအားလုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အမြန်ဆုံးဆက်သွယ်၍ ပြည်သူလူထုထံ အလင်းဝင်ခိုလှုံကြရန် သက်ဆိုင်ရာ PDF တပ်ရင်း၊ တပ်ဖွဲ့များက တိုက် တွန်းထားသည်။

အထက်ပါ စစ်ကောင်စီတပ် တပ်စွဲထားသည့် သစ်ပုတ်တာဝါတိုင်စခန်းကို ပြီးခဲ့သည့် အောက်တိုဘာ ၃၀ရက်ကလည်း ပြည်ခရိုင် PDF တပ်ရင်း(၃၆၀၁)နှင့် (၃၆၀၂)တို့မှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။