Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံရှိ နာမည်ကျော်အမျိုးသမီးပျူခေါင်းဆောင်နှင့်အဖွဲ့ စစ်ဆေးရေးပြုလုပ်နေချိန် PDFကဒရုန်းဖြင့်တိုက်ခိုက်

နိုဝင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းက မြင်းခြံမြို့မှထွက်လာပြီး မြင်းခြံမြို့နယ်၊ နနွင်းတော်ဘိုးရွာအနီး၌ စစ်ဆေးရေးလုပ်နေစဥ် ဒရုန်းဖြင့် ဗုံးချတိုက်ခံခဲ့ရခြင်းဖြစ်သည်။

(နွားထိုးကြီး​-တောင်သာ လမ်း​ပေါ်တွင် ၂၀၂၂ ဧပြီလက လမ်းလုံခြုံ​ရေးလုပ်​နေ​သောPDF များ။ ဓါတ်ပုံ-NPDF)
(နွားထိုးကြီး​-တောင်သာ လမ်း​ပေါ်တွင် ၂၀၂၂ ဧပြီလက လမ်းလုံခြုံ​ရေးလုပ်​နေ​သောPDF များ။ ဓါတ်ပုံ-NPDF)

မန္တလေးတိုင်း၊ မြင်းခြံမြို့က နာမည်ကျော်အမျိုးသမီးပျူစောထီးခေါင်းဆောင် ဒေါ်သီတာယုမွန်နှင့်ပျူအဖွဲ့ စစ်ဆေးရေးလုပ်နေချိန် ဗုံးချတိုက်ခိုက်ခံရာ ၎င်းအပါအဝင် ပျူ ၄ ဦး ထိခိုက်မှုရှိကြောင်းနွားထိုးကြီး PDF မှတာဝန်ရှိသူက​ပြော သည်။

နိုဝင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းက မြင်းခြံမြို့မှထွက်လာပြီး မြင်းခြံမြို့နယ်၊ နနွင်းတော်ဘိုးရွာအနီး၌ စစ်ဆေးရေးလုပ်နေစဥ် ဒရုန်းဖြင့် ဗုံးချတိုက်ခံခဲ့ရခြင်းဖြစ်သည်။

ထိုဗုံးကြောင့် ဒေါ်သီတာယုမွန်မှာ ခြေခုံရိုး ခြေဖမိုး ဗုံးဆံထိမှန် ဒဏ်ရာရခဲ့ပြီး အခြားပျူ၃ဦးလည်း ဒဏ်ရာရခဲ့ကြောင်း၊ ၎င်းတို့အားလုံး မန္တလေး၌ ဆေးကုနေရကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးသည်။

ဒေါ်သီတာယုမွန်သည် မြင်းခြံခရိုင်၌ စစ်အုပ်စုနှင့်ပေါင်းကာ ပျူစောထီးခေါင်းဆောင်အဖြစ် လှုပ်ရှားနေသူဖြစ်သည်။

Public Service Announcement

Public Service Announcement

“သူတို့ စစ်ဆေးရေးလုပ်နေတဲ့အချိန် ကျွန်တော်တို့က နောက်ကျောကနေ ဝင်ပြီးတော့မှ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်လိုက်တာ။သီတာယုမွန် ဒဏ်ရာရသွားတယ်။ ပျူစောထီးနှစ်ကောင်လည်း အဲနားမှာတင် ပွဲချင်းပြီးသွားတယ်။”ဟု နွားထိုးကြီး PDFအဖွဲ့၏ တာဝန်ခံက ပြောသည်။

ထိုအပြင် ယင်းနေ့မှာပင် မြင်းခြံမှ နွားထိုးကြီးမြို့နယ်ဘက်သို့ အိမ်စီးကားနှစ်စီးဖြင့်မောင်းနှင်လာသော စစ်ကောင်စီတပ်ဖွဲ့ကိုလည်း လျှော်ဖြူရွာအနီး၌ မိုင်းဆွဲတိုက်ခိုက်ခဲ့​သေးကြောင်း အထက်ပါတာဝန်ခံက ပြောသည်။

နိုဝင်ဘာလ ၇ ရက်နေ့ကပင် မြင်းခြံမြို့နယ်၊ ပျားရွာအနီး၌ စစ်တပ်နှင့်ဒေသတွင်းတော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်အုပ်စု၏လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက်၃နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးပြီး ပြည်သူ၅ ဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည်။ ထို့အပြင် ပျားရွာရှိ နေအိမ်၆၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၂၃ ရက်နေ့က မြင်းခြံမြို့ထဲက အဓိကလမ်းမကြီးပေါ်မှာ ဆိုင်ကယ်တွေ၊ ကားတွေနဲ့အတူ လူတွေ လှိုင်းလုံးထ စည်ကားနေတယ်။ ယာဥ်တွေရဲ့ရှေ့ဆုံးပေါ်မှာတော့ ဖျော်ဖြေရေးယာဥ်တွေ။ တီးဝိုင်းတွေ၊ အဆိုတော်တွေနဲ့ လှည့်လည်နေတယ်။ ကိုဗစ်ကတည်းက ရပ်နားလိုက်တဲ့ မြင်းခြံမြို့ရဲ့အထင်ကရ သုံးဆူဘုရားပွဲကို ဒီနှစ်မှာ ပြန်လည် ကျင်းပနေတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

Facebook