Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဗန်းမောက်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ် ဗိုလ်တစ်ဦးအပါအဝင် ၆ဦးသေ

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က နှစ်ပွင့် ဗိုလ် တစ်ဦး၊ တပ်ကြပ် တစ်ဦး၊ တပ်သား သုံးဦး စုစုပေါင်း ငါးဦး သေဆုံးကာ ခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-MOD)
(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-MOD)

▪️လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိဟု စစ်ရုံးချုပ် ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်နယ်ရှိ မြစ်သေးချင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ​​ဒေသတွင်းပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ် ဗိုလ်တစ်ဦး အပါအဝင် ၆ဦးသေဆုံးကာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ (စစ်ရုံးချုပ်)က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (နိုဝင်ဘာ ၁၁ ရက်) နံနက် ၁၁ နာရီ မိနစ် ၄၀ခန့်က ဗန်းမောက်မြို့နယ်၊မြစ်သေးချင်းကျေးရွာ တောင်ဘက်၊ ဆင်ကန်ရွာ အနောက်ဘက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ကသာခရိုင် အမှတ် (၄)တပ်ရင်းက နယ်မြေလုံခြုံရေးဆောင်ရွက်စဥ် စစ်ကောင်စီတပ်၏ အင်အား ၅၀ခန့်ရှိ တပ်မ (၇၇) လက်အောက်ခံ ခမရ(၈)နှင့် ညနေ ၅နာရီခွဲအထိ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-MOD)
(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-MOD)

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က နှစ်ပွင့် ဗိုလ် တစ်ဦး၊ တပ်ကြပ် တစ်ဦး၊ တပ်သား သုံးဦး စုစုပေါင်း ငါးဦး သေဆုံးကာ ခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ တိုက်ပွဲကို ကသာခရိုင်တပ်ရင်း(၄) လက်အောက်ခံ ဗန်းမောက်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေး ရဲဘော်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

” သေတာ ရှစ်ဦးအနည်းဆုံးရှိပါတယ်။ဒဏ်ရာရတွေလည်း များတယ်။ အရာရှိ အလောင်းတွေကို ဆွဲတင်သွားပါတယ်” ဟု ဗန်းမောက်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီစစ်ကြောင်းသည် တပ်မ ၄၄ ‌လက်အောက်ခံ၊ ခလရ ၈ မှဖြစ်ပြီး တိုက်ပွဲအပြီး ဗန်းမောက်မြို့ပေါ်သို့ ဆုတ်ခွာသွားကြောင်း သိရသည်။

(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-MOD)
(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-MOD)

စစ်ကောင်စီတပ်ထံမှ MA-1 (၁)လက်၊ MA-2 (၁) လက်၊ MA-4 (၂)လက်၊ MA-5 (၂)လက်၊ 5.56 ကျည် (၆၂၆) တောင့်၊ ငါးကြင်းမြီးကျည် (၁၀) တောင့်၊ (၉)မမ ကျည် (၁၂)တောင့်၊ (၄၀)မမ ကျည် (၁၈)လုံး၊ MA ကျည်ဘောက် (၂၀) ခု၊ MA 2 ကျည်ဘောက် တစ်ခု၊ စကားပြောစက် (၆) လုံး၊ ကျည်ကာ သုံးခု၊ ခါးပတ် ငါးခု၊ ဘေးလွယ်အိတ် လေးခု၊ နာရီ နှစ်လုံး၊ လက်ကိုင်ဖုန်း နှစ်လုံး၊ အထိုင်ဖုန်း တစ်လုံး၊ ကီးပက်ဖုန်း တစ်လုံး၊ ပါဝါဘန့် တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း အသိပေးသည်။

ထို့အပြင် စစ်ကောင်စီတပ်မှ SNA(ရှမ်းနီလက်နက်ကိုင်)သို့ ထောက်ပံ့ထားသည့် လက်နက်စာရင်းစာအုပ်တို့ ပါရှိကြောင်းလည်း အသိပေးထားသည်။

(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-MOD)
(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-MOD)

နိုဝင်ဘာ၁၀ရက်ကလည်း ဗန်းမောက်မြို့နယ် အနောက်တောကျေးရွာအနီး SNA စခန်းတစ်ခုအား PDF တပ်ရင်းတပ်ဖွဲ့ က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး AK47 သုံးလက် (၆၀)မမ တစ်လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်ပွားချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ကသာခရိုင်အမှတ် (၁)တပ်ရင်းနှင့် ဗန်းမောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဗန်းမောက် ပ.က.ဖ)တို့က စစ်ကူပစ်ကူပေးခဲ့သည်ဟု ဆိုသည်။

ဗန်းမောက်မြို့တွင် စစ်ကောင်စီ၏ တပ်မ(၇၇) လက်အောက်ခံ ခမရ(၈)တပ်က တပ်စွဲထားပြီး မြို့တွင်း၌ SNAနှင့် ပျုစောထီးများလည်းဝင်ရောက်နေထိုင်နေကြောင်း သိရသည်။