Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီစခန်းများကို တိုက်ခိုက်မှုအရှိန်မြှင့်မည်ဖြစ်၍ ပြည်သူများသတိပြု ပူးပေါင်းပါဝင်ကြရန် ပအိုဝ်းတပ် PNDF ထုတ်ပြန်

စစ်ကောင်စီတပ်သားများသည် (၂)ရက်ကြာ တော်လှန်ရေးပူးပေါင်းတပ် စစ်ကြောင်းအားခုခံကာကွယ်ခဲ့ပြီး နိုဝင်ဘာ ၁၄ရက်တွင် လက်နက်ခဲယမ်းများကိုစွန့်ကာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း PDFက ထုတ်ပြန်သည်။

(ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(PNDF)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - PNDF)
(ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(PNDF)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - PNDF)

တော်လှန်ရေးအင်အားစုများသည် စစ်ကောင်စီတပ်စခန်းများ တည်ရှိရာနေရာများတွင် တော်လှန်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့်၍ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ရာ ပြည်သူများအနေဖြင့် တော်လှန်ရေးအင်အားစုများမှ ထုတ်ပြန်သော ထုတ်ပြန်ချက်များကို အစဉ်တစိုက်သတိပြုကြရန် ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(PNDF) က ထုတ်ပြန်လိုက်ပြီး ပူးပေါင်းပါဝင်ပေးကြရန်လည်း တိုက်တွန်းထားသည်။

PNDFသည် ရှမ်းတောင်နှင့် ကရင်နီနယ်စပ်ဒေသများ၌ ကရင်နီတော်လှန်ရေးတပ်များနှင့် ပူးပေါင်း တိုက်ပွဲဝင်နေသည့် တပ်ဖွဲ့ဖြစ်သည်။

PNDF အမှတ်(၁၀၁၁)တပ်ရင်းသည် KA၊ KNDF၊ KNPLF၊ DMO Local PDF၊ Loikaw PDF၊ မြို့ပြပြောက်ကြားတပ်ဦး(URF)၊နှင့် ရှမ်းတောင် ဗျူဟာ(၂)တပ်ရင်းများဖြစ်သော အမှတ်(၁၀၀၃) တပ်ရင်း ၊အမှတ် (၁၀၀၅)တပ်ရင်း ရှမ်းတောင်(SSPDF)၊ အမှတ် ၁၀၀၈ တပ်ရင်း (SSRY) ၊ အမှတ် ၁၀၀၉ တပ်ရင်း (IPDF) တို့နှင့်အတူ လက်တွဲပြီး လွိုင်ကော်မြို့၊လွိုင်လင်လေးခရိုင် ရှေ့တန်းအမှတ်(၅၃၀)ခြေမြန်တပ်ရင်း၊နွားလဝိုးစစ်ဆင်ရေးစခန်းအား တိုက်ခိုက်မှုတွင် ပါဝင်သည်။

နိုဝင်ဘာ ဒုတိယ ပတ်အတွင်းက အဆိုပါ တပ်စခန်းကို တိုက်ခိုက်ခဲ့ရာ ၂ရက်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သားများသည် (၂)ရက်ကြာ တော်လှန်ရေးပူးပေါင်းတပ် စစ်ကြောင်းအားခုခံကာကွယ်ခဲ့ပြီး နိုဝင်ဘာ ၁၄ရက်တွင် လက်နက်ခဲယမ်းများကိုစွန့်ကာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း PDFက ထုတ်ပြန်သည်။

စစ်ကောင်စီဘက်မှ လက်နက်ကြီးနှင့် လေယာဉ် ပစ်ခတ်မှုများကြောင့် ရန်သူ၏ စခန်းအနီးရှိ လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပြီး ပူးပေါင်း စစ်ကြောင်းမှလည်း ရဲဘော်အချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။