Connect with us

Hi, what are you looking for?

သတင်း

ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲ လုံခြုံရေးအရ စစ်ကောင်စီဖျက်သိမ်း

လူသိများတဲ့ ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲကို မြို့ပြင် ပြည်ချစ်ဘုရားရှေ့ ကွင်းပြင်မှာ နိုဝင်ဘာလ ၂၄ ရက်ကနေ ၂၈ ရက်အထိ စည်စည်ကားကား ကျင်းပဖို့စစ်ကောင်စီက စီစဉ်ထားတာပါ။

ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲ လုံခြုံရေးအရ စစ်ကောင်စီဖျက်သိမ်း
ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲ လုံခြုံရေးအရ စစ်ကောင်စီဖျက်သိမ်း

စစ်တပ်မြို့ ပြင်ဦးလွင်မှာ နှစ်စဉ်ကျင်းပနေကြ တန်ဆောင်တိုင်ပွဲကို ပွဲကျင်းပမယ့် ရက်ပိုင်းအလိုမှာ လုံခြုံရေးအရဖျက်သိမ်းလိုက်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

လူသိများတဲ့ ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲကို မြို့ပြင် ပြည်ချစ်ဘုရားရှေ့ ကွင်းပြင်မှာ နိုဝင်ဘာလ ၂၄ ရက်ကနေ ၂၈ ရက်အထိ စည်စည်ကားကား ကျင်းပဖို့စစ်ကောင်စီက စီစဉ်ထားတာပါ။

ဒါပေမယ့် ပြင်ဦးလွင် နဲ့အနီးဆုံးရှမ်းမြောက်ဒေသ နောင်ချိုထိ တိုက်ပွဲတွေ ဖြစ်လာချိန်မှာတော့ စစ်ကောင်စီဘက်ကပွဲဖျက်လိုက်တာလို့ စုံစမ်းသိရပါတယ်။

” မကျင်းပဖြစ်တော့ဘူးလို့ အကြောင်းကြားလာတယ်၊လုံခြုံရေးအခြေအနေအရပါပဲ”လို့ မီးပုံးပျံအသင်းဝင်တစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ပွဲတော်အတွက် ဆိုင်ခန်းနေရာတွေ ရောင်းချထားပြီးဖြစ်သလို အစမ်းလေ့ကျင့်မှုတွေ ပြုလုပ်ထားပြီဖြစ်တယ်လို့သိရပါတယ်။

တန်ဆောင်တိုင်ပွဲကို စစ်ကောင်စီဘက်က ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် မြောက်ပိုင်းအခြေစိုက် ညီနောင်သုံးဖွဲ့ရဲ့ စစ်ဆင်ရေးလှိုင်း စစ်တက္ကသိုလ်တွေ ၊ တပ်ရင်းတပ်ဖွဲ့တွေရှိတဲ့ ပြင်ဦးလွင်အနီးအနား ရောက်လာချိန်မှာတော့ ပွဲကို ဖျက်လိုက်ရတာပါ။

၁၀၂၇ စစ်ဆင်ရေးဟာ ပြင်ဦးလွင်နဲ့ ထိစပ်နေတဲ့ ရှမ်းမြောက်ဒေသ နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဟာ အဲဒီတိုက်ပွဲတွေမှာမြေပြင်တပ်အထိနာလို့ လေကြောင်းကိုပါ သုံးခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook