Connect with us

Hi, what are you looking for?

သတင်း

PDF မှလက်နက်ချ၍ပျူ​စောထီးလုပ်ခဲ့​သည်ဆိုသော လူငယ်နှစ်ဦးက တမူးပျူ​ခေါင်း​ဆောင်အပါအဝင်ပျူ ၃ဦးကိုသတ်၍ PDF နှင့်ပြန်ပူး​ပေါင်း

ပျူ​စောထီး(ပြည်သူ့စစ်)များမှာ စစ်အြပ်စုအာဏာသိမ်းပြီး​မှ​ပေါ်လာခြင်းဖြစ်သည်။ စစ်​ကောင်စီကလက်နက်တပ်ဆင်​ပေးပြီး စစ်သင်တန်း​ပေးကာ စစ်​ကောင်စီကို ဆန့်ကျင်သူများကို ဖိနှိပ်ရန် ၊တိုက်ခိုက်ရန် စစ်တပ်က ​​မွေးထား​သောအဖွဲ့ဖြစ်သည်။

(စစ်တပ်အာဏာမသိမ်းခင်းကတမူးမြို့ မြင်ကွင်း။ ဓါတ်ပုံ-Wordpress)
(စစ်တပ်အာဏာမသိမ်းခင်းကတမူးမြို့ မြင်ကွင်း။ ဓါတ်ပုံ-Wordpress)

စစ်ကောင်စီထံ လက်နက်ချပူး​ပေါင်းခဲ့သည့် PDF နှစ်ဦးကပြည်သူ့စစ်(ပျူ) ဝင်လုပ်ရင်း တမူးမြို့မှ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်း ပြည့်သူ့စစ်ခေါင်းဆောင်အပါအဝင် ပြည်သူ့စစ်သုံးဦးကို သတ်၍ PDF ထံ ပြန်လည်ပူးပေါင်းခဲ့သည်။

” ဘာ တွေ ဘယ်လိုဖြစ်ကုန်တယ်မသိဘူး။ အလင်းဝင်သွားတဲ့ ကလေးနှစ်ယောက်က ပြည်သူ့စစ်ထဲဝင်နေတာ ကြာပြီ။ အခု ပြည်သူ့စစ်ခေါင်းဆောင်နဲ့ သုံး‌ယောက်ကို မြို့ပြင်ကိုခေါ်ထုတ်ပြီး သတ်ပစ်တာ” ဟု တမူးမြို့ခံတစ်ဦးက ပြောသည်။

သတ်ဖြတ်ခံရသူသည် သမ္မတ ဦးသိန်းစိန်လက်ထက်က တမူးမြို့၊ အမှတ်(၁)တိုင်းဒေသကြီးအမတ်ဦးမြင့်အောင်ဖြစ်သည်။ ဦးမြင့်အောင်သည် စစ်ကောင်စီအာဏာသိမ်းပြီးနောက် ပြည်သူ့စစ် (ပျူ​​​စောထီး)​ခေါင်​ဆောင်တစ်ဦးအဖြစ်လက်နက်ကိုင်ခဲ့သည်။ တမူးမြို့သည် ပျူ​စောထီးအား​ကောင်း​သောမြို့ဖြစ်ပြီး စစ်​ကောင်စီဆန့်ကျင်​သော ပြည်သူများကို ပျူစောထီးများက မကြာခဏသတ်ဖြတ်ခဲ့သည်။​ငွေ​ကြေးချမ်းသာသူများကိုလည်း ပျူ​စောထီးများကသတ်ဖြတ် ​ငွေလုယက်မှုများလည်း ကျူလွန်ထားသည်။

၂၀၂၂ ခုနှစ် ဇူလိုင်၅ တွင် အိန္ဒိယနိုင်ငံသား နှစ်ဦး တမူးမြို့လာသည်ကိုပင် ပျူ​စောထီးများက သတ်ဖြတ်ခဲ့ဖူးသည်။သို​သော် ပျူ​စောထီးများ ကျူးလွန်​သော ပြစ်မှုများအတွက် စသ်​ကောင်စီက မသိဟန်ပြု၍ အ​ရေးယူခံရခြင်း မရှိ​သလို အိန္ဒိယနိုင်ငံသား ၂ ဦး၏အ​လောင်းများကိုစစ်​ကောင်စီက မီးရှို့ ၍ သက်​သေများ​ဖျောက်ခဲ့​ကြောင်း​ဒေသခံများက​ပြောသည်။

Public Service Announcement

Public Service Announcement

ပျူ​စောထီး(ပြည်သူ့စစ်)များမှာ စစ်အြပ်စုအာဏာသိမ်းပြီး​မှ​ပေါ်လာခြင်းဖြစ်သည်။ စစ်​ကောင်စီကလက်နက်တပ်ဆင်​ပေးပြီး စစ်သင်တန်း​ပေးကာ စစ်​ကောင်စီကို ဆန့်ကျင်သူများကို ဖိနှိပ်ရန် ၊တိုက်ခိုက်ရန် စစ်တပ်က ​​မွေးထား​သောအဖွဲ့ဖြစ်သည်။

ယမန်နေ့(နိုဝင်ဘာလ ၂၁ရက်) နေ့လယ်တွင် ၎င်းနှင့်အတူ ပြည်သူ့စစ်နှစ် ဦးသည် တမူးမြို့ပန်းသာရွာအနီး ထန်းတပင်ရွာလမ်းတွင် PDF မှ ပြည်သူ့စစ်လုပ်​နေ​သော လူငယ်နှစ်ဦးက ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

” ကလေးနှစ်ယောက်စလုံး တမူး PDF နဲ့ ပြန်ပူးပေါင်းသွားပါပြီ”ဟု တမူးမြို့မှ ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲ​ဘော်တစ်ဦးကပြောသည်။

ထိုသတင်းနှင့်ပတ်သက်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကသတင်းမထုတ်ပြန်သေးပေ။သို​သော် စစ်​ကောင်စီဝါဒဖြန့်တယ်လီဂရန် ချန်နယ် နှင့် မီဒီယာ အချို့ တွင်ယ​နေ့နံနက်စတင်​ဖော်ပြ​နေကြသည်၊

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။