Connect with us

Hi, what are you looking for?

သတင်း

ကနီမြို့နယ်ရှိ စစ်ကောင်စီ၏ တာဝါတိုင်စခန်းနှစ်ရက်ဆက်တိုက်ခိုက်ပြီးနောက် သိမ်းပိုက်ရရှိ

ကနီမြို့နယ်၊ ဆယ်ရွာချောင်ဒေသ၊ လာပို့ကျေးရွာအနီးရှိ ဆက်သွယ်ရေးတာဝါတိုင်စခန်းအား နိုဝင်ဘာ ၂၂ ရက် ၆ နာရီခန့်မှစတင်ကာ တိုက်ခိုက်ခဲ့သည်။

တာဝါတိုင်စခန်းအား ဒေသတွင်းPDFများ တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ-Cj
တာဝါတိုင်စခန်းအား ဒေသတွင်းPDFများ တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ-Cj

▪️လက်နက်နှင့်ခဲယမ်းအချို့ရ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ဆယ်ရွာချောင်ဒေသရှိ စစ်ကောင်စီ​၏ တာဝါတိုင်တပ်စခန်းတစ်ခုအား နှစ်ရက်ဆက် တိုက်ခိုက်ခဲ့ပြီးနောက် စခန်းအား သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ကနီမြို့နယ်၊ ဆယ်ရွာချောင်ဒေသ၊ လာပို့ကျေးရွာအနီးရှိ ဆက်သွယ်ရေးတာဝါတိုင်စခန်းအား နိုဝင်ဘာ ၂၂ ရက် ၆ နာရီခန့်မှစတင်ကာ တိုက်ခိုက်ခဲ့သည်။

နံနက် ၁၀နာရီခန့်တွင် ကျည်ထောက်ပို့မရ၍ နားသည့်အချိန် နံနက် ၁၁နာရီခန့်တွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ဒေသတွင်းရဲဘော်အချို့က ပြောသည်။

စစ်ကောင်စီက နိုဝင်ဘာ ၂၂ ရက်တွင် သုံးကြိမ်၊ နိုဝင်ဘာ ၂၃ ရက်တွင်တစ်ကြိမ် နှစ်ကြိမ် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့(နိုဝင်ဘာ၂၃ ရက်)နံနက်ပိုင်းတွင် စခန်းအား ထပ်မံသွားရောက်တိုက်ခိုက်ခဲ့ပြီး နံနက်၉ နာရီ ၄၅ မိနစ်ခန့်တွင် အပြီးအပြတ်သိမ်းပိုက်ကာ စခန်းအား မီးရှို့နိုင်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

“ထောက်ပို့တပ်ပုံစံမျိုး၊ ဆက်သွယ်ရေးကုန်းပေါ့။ လှိုဏ်ခေါင်းတွေရှိတယ်။ အရှည်ကြီးပဲ။ ပထမရက်မှာတင် ဂျက်ဖိုက်တာနဲ့ပစ်တယ်။ ဗုံးသီး၂လုံးချတယ်။ ဂန်းငယ်နဲ့ပစ်တယ်။ ထိခိုက်မှုတွေမရှိဘူး။ ရဲဘော်တွေက စခန်းကုန်းတက်တဲ့အချိန်မှာကျတာ။ တေ့ပစ်ခံရတာ။ စခန်းသိမ်းနိုင်ခဲ့တယ်။ မီးလည်း ရှို့နိုင်ခဲ့တယ်။”ဟု ဒေသတွင်း ပြည်သူ့ရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုအများအပြားရှိပြီး PDFဘက်က ပြည်သူ့ရဲဘော် သုံးဦးကျဆုံးကာ ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ထို့အပြင် စခန်းသိမ်းပိုက်မှုမှ MA4 တစ်လက်နှင့် RPG လက်နက်ကြီးကျည် ၁၃ဖူး၊ (၄၀) မမကျည် ၃၀ ကျော်၊ (၆၀) မမ ကျည်အများအပြား၊ ကျည် ပီအံအိတ်တစ်အိတ် ရရှိခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် PDF တပ်ရင်း(၁)နှင့် တပ်ရင်း(၂)တို့ ဦးဆောင်ပြီး ဒေသကာကွယ်ရေးတပ်များနှင့် ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တာဝါတိုင်ကုန်းစခန်းသည် စစ်ကောင်စီတပ်အတွက် မဟာဗျူဟာကျသည့် ဆက်သွယ်ရေးကုန်းဖြစ်ပြီး ဂျပန်ခေတ် ဥမင်လှိုဏ်ခေါင်းများရှိကြောင်း ဒေသတွင်း တက်ကြွလှုပ်ရှားသူ ကိုပြည့်အောင်နိုင်(ကနီ)က ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။