Connect with us

Hi, what are you looking for?

သတင်း

ကနီမြို့နယ် ဆယ်ရွာချောင်စခန်းကို PDFများ တိုက်ခိုက်၊ နှစ်ဖက်ထိခိုက်မှုရှိ

စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများရှိပြီး ပြည်သူ့ရဲဘော်နှစ်ဦးကျဆုံးကာ ရဲဘော် ၆ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဆယ်ရွာချောင်ရွာရှိ ဆက်သွယ်ရေးတာဝါတိုင်ကုန်းစခန်းအား ဒေသတွင်း PDFများ တိုက်ခိုက်ခဲ့စဥ်။ ဓာတ်ပုံ-ပြည့်အောင်နိုင်(ကနီ)
ဆယ်ရွာချောင်ရွာရှိ ဆက်သွယ်ရေးတာဝါတိုင်ကုန်းစခန်းအား ဒေသတွင်း PDFများ တိုက်ခိုက်ခဲ့စဥ်။ ဓာတ်ပုံ-ပြည့်အောင်နိုင်(ကနီ)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ဆယ်ရွာချောင်ကျေးရွာရှိ စစ်ကောင်စီတပ်၏ ဆက်သွယ်ရေးတာဝါတိုင်ကုန်းစခန်းကို ဒေသတွင်း PDFများက သွားရောက်တိုက်ခိုက်ရာ နှစ်ဖက်ထိခိုက်မှုရှိကြောင်း သတင်းရရှိသည်။

ယမန်နေ့ (နိုဝင်ဘာ ၂၃ ရက်) နံနက်ပိုင်းက ကနီမြို့နယ်၊ ဆယ်ရွာချောင်ရွာရှိ ဆက်သွယ်ရေးတာဝါတိုင်ကုန်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ဒေသတွင်းတော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများရှိပြီး ပြည်သူ့ရဲဘော်နှစ်ဦးကျဆုံးကာ ရဲဘော် ၆ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ထို့နောက် စစ်ကောင်စီတပ်က နံနက် ၈ နာရီ၊ နေ့လယ် ၁၂နာရီခန့်နှင့် ည ၁၂နာရီခန့်တို့တွင် ဂျက်ဖိုက်တာတစ်စီးဖြင့် ပျံသန်းပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“မနက်၈နာရီက ဂျက်နဲ့ဝဲရုံသာဝဲတယ်။ နောက် တော့ဂျက်တွေနဲ့ပဲ ပစ်တယ်။ နေ့လယ် ၁၂နာရီမှာ ပစ်တာ သုံးလုံး။ ပြည်သူ့အချို့ထိတယ်။ ညမှာ နှစ်လုံးကြဲတာ တစ်လုံးပဲ ပေါက်တယ်။”ဟု ကနီနယ် တက်ကြွလှုပ်ရှားသူ ကိုပြည့်အောင်နိုင်(ကနီ) က အသိပေးသည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ဖြစ်စဥ်နှင့်ပတ်သက်၍ ဒေသတွင်းတော်လှန်ရေးအင်အားစုများက ထုတ်ပြန်ခြင်းမရှိသေးပေ။

ယနေ့ (နိုဝင်ဘာလဒ၂၃ ရက်) နံနက်ပိုင်းကလည်း စစ်ကောင်စီ၏ လေယာဥ်တစ်စီး ပျံဝဲခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook