Connect with us

Hi, what are you looking for?

သတင်း

မြို့လှရှိ စစ်ကောင်စီစခန်း တစ်ခုကို ယနေ့နံနက်တွင် KIA တိုက်ခိုက်သိမ်းပိုက်

KIAသည် အောက်တိုဘာ ၁၈ရက်မှစ၍ ကချင်နှင့် ရှမ်းမြောက်ဒေသ စစ်ကောင်စီတပ်စခန်းများကို စခန်းသိမ်းတိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်နေခြင်းဖြစ်ပြီး ရွှေကူမြို့နယ်ရှိ စစ်ကောင်စီစခန်း အချို့ကို သိမ်းပိုက်ထားနိုင်ခဲ့သည်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား ရှေ့တန်းတနေရာ၌ တွေ့ရစဉ်)
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား ရှေ့တန်းတနေရာ၌ တွေ့ရစဉ်)

ကချင်ပြည်နယ် ရွှေကူမြို့နယ် မြို့လှမြို့နယ်ခွဲအတွင်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့နံနက်တွင် တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဒီဇင်ဘာ ၁ရက် နံနက် ၆နာရီတွင် စစ်ကောင်စီ၏ ခလရ(၁၀)၊ ခလရ(၇၇) ပူးပေါင်းတပ်စခန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၂နာရီခန့်အကြာတွင် စခန်းသိမ်းနိုင်ခဲ့သည်ဟု ဆိုသည်။

“ဒီမနက် KIA သိမ်းတာ ရွှေကူမြို့နယ် မြို့လှ မြို့နယ်ခွဲ အမှတ်ကြီးကုန်း ရွှေငြိမ်းချမ်းစခန်းခလရ ၁၀နဲ့ ၇၇ ပူးပေါင်းစခန်းကို သိမ်းပိုက်လိုက်တယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အဆိုပါဒေသသည် KIA တပ်ရင်း(၅)က လှုပ်ရှားနယ်မြေဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စခန်သိမ်းတိုက်ပွဲအတွင်း ထိခိုက်ကျဆုံး အခြေအနေနှင့် လက်နက်ခဲယမ်းရရှိမှု အခြေအနေများကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

KIAသည် အောက်တိုဘာ ၁၈ရက်မှစ၍ ကချင်နှင့် ရှမ်းမြောက်ဒေသ စစ်ကောင်စီတပ်စခန်းများကို စခန်းသိမ်းတိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်နေခြင်းဖြစ်ပြီး ရွှေကူမြို့နယ်ရှိ စစ်ကောင်စီစခန်း အချို့ကို သိမ်းပိုက်ထားနိုင်ခဲ့သည်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား ရှေ့တန်းတနေရာ၌ တွေ့ရစဉ်)

ကနဦးဖော်ပြခဲ့သော သတင်းတွင် မိုးညှင်းမြို့နယ်ဟု မှားယွင်းဖော်ပြမိခဲ့သည့်အတွက် စာဖတ်သူများအား အနူးအညွတ်တောင်းပန်အပ်ပါသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။