Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လက်ပံတန်းတွင် ရက်ပိုင်းအတွင်း ပြည်သူရှစ်ဦးထက်မနည်းကို စစ်ကောင်စီ ဖမ်းဆီး

လက်ရှိအခြေအနေတွင် လက်ပံတန်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ပြည်သူများကို မတရားရိုက်နှက်ဖမ်းဆီးမှုများ ဆက်တိုက်ကျူးလွန်နေရာ ဒေသခံများစိုရိမ်ထိတ်လန့်လျှက်ရှိသည်။

လက်ပံတန်းတွင် ရက်ပိုင်းအတွင်း ပြည်သူရှစ်ဦးထက်မနည်းကို စစ်ကောင်စီ ဖမ်းဆီး
လက်ပံတန်းတွင် ရက်ပိုင်းအတွင်း ပြည်သူရှစ်ဦးထက်မနည်းကို စစ်ကောင်စီ ဖမ်းဆီး

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် နိုဝင်ဘာနောက်ဆုံးပတ်မှ ယခုဒီဇင်ဘာလဆန်းအထိ ပြည်သူရှစ်ဦးထက်မနည်းကို စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့က ရိုက်နှက်ဖမ်းဆီမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများက People’s Spring သတင်းဌာနသို့ ပြောသည်။

ဖမ်းဆီးခံရသူများတွင် လက်ပံတန်းမြို့နယ်၊ ပျဥ်းကတိုးကုန်းအုပ်စု ဒီချုပ်ပါတီ ရပ်ကျေးတာ ဝန်ခံ ဦးဝင်းအောင်ကျော်နှင့် အတွင်းရေးမှူး ဦးမောင်မောင်တာတို့နှစ်ဦးလည်းပါဝင်သည့်အပြင် အချို့ပြည်သူများမှာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်၌ ၁၀၂၇ စစ်ဆေးရေးကို ထောက်ခံကြောင်း ရေးသားခြင်းနှင့် ပြန်လည်မျှဝေခြင်းတို့ကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။

ဒီချုပ်ပါတီ ရပ်ကျေးအလုပ်မှုဆောင်များအား ဖမ်းဆီးရာတွင် ပျဥ်းကတိုးကုန်းကျေးရွာအုပ်စု စစ်ကောင်စီအုပ်ချုပ်ရေးမှူး ဌေးနိုင်နှင့် ပျူစောထီးအဖွဲ့တာဝန်ခံ ဌေးအောင်ရှိန်ဆိုသူ နှစ်ဦးက စစ်ကောင်စီတပ်အား ခေါ်ဆောင်လာခြင်းဖြစ်ပြီး ယမန်နေ့(ဒီဇင်ဘာ ၂)ညပိုင်းအထိ မိသားစုနှင့် အဆက်အသွယ်မရသေးကြောင်း ဒေသခံများက ပြောသည်။

“ခုထိ အဆက်အသွယ်မရသေးတာ။ ပြည်သူတွေလည်း လန့်နေတယ်။ သတင်းမမေးရဲကြဘူး”ဟု လက်ပံတန်းမြို့နယ်မှ ဒေသခံတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိအခြေအနေတွင် လက်ပံတန်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ပြည်သူများကို မတရားရိုက်နှက်ဖမ်းဆီးမှုများ ဆက်တိုက်ကျူးလွန်နေရာ ဒေသခံများစိုရိမ်ထိတ်လန့်လျှက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။