Connect with us

Hi, what are you looking for?

သတင်း

လက်ပံတန်းတွင် ရက်ပိုင်းအတွင်း ပြည်သူရှစ်ဦးထက်မနည်းကို စစ်ကောင်စီ ဖမ်းဆီး

လက်ရှိအခြေအနေတွင် လက်ပံတန်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ပြည်သူများကို မတရားရိုက်နှက်ဖမ်းဆီးမှုများ ဆက်တိုက်ကျူးလွန်နေရာ ဒေသခံများစိုရိမ်ထိတ်လန့်လျှက်ရှိသည်။

လက်ပံတန်းတွင် ရက်ပိုင်းအတွင်း ပြည်သူရှစ်ဦးထက်မနည်းကို စစ်ကောင်စီ ဖမ်းဆီး
လက်ပံတန်းတွင် ရက်ပိုင်းအတွင်း ပြည်သူရှစ်ဦးထက်မနည်းကို စစ်ကောင်စီ ဖမ်းဆီး

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် နိုဝင်ဘာနောက်ဆုံးပတ်မှ ယခုဒီဇင်ဘာလဆန်းအထိ ပြည်သူရှစ်ဦးထက်မနည်းကို စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့က ရိုက်နှက်ဖမ်းဆီမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများက People’s Spring သတင်းဌာနသို့ ပြောသည်။

ဖမ်းဆီးခံရသူများတွင် လက်ပံတန်းမြို့နယ်၊ ပျဥ်းကတိုးကုန်းအုပ်စု ဒီချုပ်ပါတီ ရပ်ကျေးတာ ဝန်ခံ ဦးဝင်းအောင်ကျော်နှင့် အတွင်းရေးမှူး ဦးမောင်မောင်တာတို့နှစ်ဦးလည်းပါဝင်သည့်အပြင် အချို့ပြည်သူများမှာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်၌ ၁၀၂၇ စစ်ဆေးရေးကို ထောက်ခံကြောင်း ရေးသားခြင်းနှင့် ပြန်လည်မျှဝေခြင်းတို့ကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။

ဒီချုပ်ပါတီ ရပ်ကျေးအလုပ်မှုဆောင်များအား ဖမ်းဆီးရာတွင် ပျဥ်းကတိုးကုန်းကျေးရွာအုပ်စု စစ်ကောင်စီအုပ်ချုပ်ရေးမှူး ဌေးနိုင်နှင့် ပျူစောထီးအဖွဲ့တာဝန်ခံ ဌေးအောင်ရှိန်ဆိုသူ နှစ်ဦးက စစ်ကောင်စီတပ်အား ခေါ်ဆောင်လာခြင်းဖြစ်ပြီး ယမန်နေ့(ဒီဇင်ဘာ ၂)ညပိုင်းအထိ မိသားစုနှင့် အဆက်အသွယ်မရသေးကြောင်း ဒေသခံများက ပြောသည်။

“ခုထိ အဆက်အသွယ်မရသေးတာ။ ပြည်သူတွေလည်း လန့်နေတယ်။ သတင်းမမေးရဲကြဘူး”ဟု လက်ပံတန်းမြို့နယ်မှ ဒေသခံတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိအခြေအနေတွင် လက်ပံတန်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ပြည်သူများကို မတရားရိုက်နှက်ဖမ်းဆီးမှုများ ဆက်တိုက်ကျူးလွန်နေရာ ဒေသခံများစိုရိမ်ထိတ်လန့်လျှက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

Facebook