Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်မြို့ရှိ စစ်ကောင်စီတပ်စွဲရာ နေရာလေးခုကို ဗုံးချတိုက်ခိုက်

ယင်းအဖွဲ့များသည် နိုဝင်ဘာအတွင်းကလည်း ဘုတလင်မြို့မရဲစခန်းနှင့် CB ဘဏ်ရှေ့ရှိ စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့သေးသည်။

(စစ်အုပ်စုအား မောင်းသူမဲ့လေယာဥ်ငယ်ဖြင့် ဗုံးချတိုက်ခိုက်ရန် ပြင်ဆင်နေစဥ်။ ဓာတ်ပုံ-File Photo)
(စစ်အုပ်စုအား မောင်းသူမဲ့လေယာဥ်ငယ်ဖြင့် ဗုံးချတိုက်ခိုက်ရန် ပြင်ဆင်နေစဥ်။ ဓာတ်ပုံ-File Photo)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာ နေရာလေးခုကို မောင်းသူမဲ့လေယာဥ်ငယ်များဖြင့် ဗုံးချတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း Chindwin Brothers အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

ဒီဇင်ဘာ ၁ ရက် နေ့လယ် ၂ နာရီခွဲခန့်မှစတင်ကာ ဘုတလင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများဖြစ်သော ကြောင်ပန်းလမ်းခွဲဂိတ်၊ ဗန္ဓုလကြေးရုပ်အနီး၊ CBဘဏ်ရှေ့နှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးဝင်းများအတွင်းသို့ မောင်းသူမဲ့လေယာဥ်ငယ်များဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း Chindwin Brothers အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

ညနေ ၄နာရီခန့်အထိ တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုထိခိုက်သေဆုံးမှုများရှိကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

“CBဘဏ်ရှေ့ချတာ နှစ်ကောင်သေပြီး လေးကောင် ထိခိုက်ဒဏ်ရာရတယ်လို့ ကင်းထောက်ရဲဘော်တွေက သတင်းပို့တယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

သို့သော် စစ်အုပ်စု၏ ထိခိုက်မှုများကို လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါတိုက်ခိုက်မှုကို Chindwin Brothers (DGF-တပ်ခွဲ) နှင့် မြို့နယ်အုပ်ကြီးများ (ဘ.တ.လ)၊ B21(ကနီ)၊ ကိုဘရာ(တစ်ကိုယ်တော်)၊ တပင်ရွှေထီး၊ နင်ဂျာတပ်ဖွဲ့၊ဒေသရပ်ရွာကာကွယ်ရေးအဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ယင်းအဖွဲ့များသည် နိုဝင်ဘာအတွင်းကလည်း ဘုတလင်မြို့မရဲစခန်းနှင့် CB ဘဏ်ရှေ့ရှိ စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကွမ်းခြံကျေးရွာမှာ အာဏာသိမ်း စစ်တပ်က ဒီ​နေ့ လေကြောင်းတိုက်ခိုက်လို့ ကလေး ၂ ဦးအပါအဝင် ဒေသခံ အမျိုးသမီး ၆ ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဘုတလင်နဲ့ ဆားလင်းကြီးမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ထောက်ခံဆန္ဒပြပွဲတွေကို ဒီကနေ့ (အောက်တိုဘာ ၁၉) ပြုလုပ်ခဲ့ပါတယ်။

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။