Connect with us

Hi, what are you looking for?

သတင်း

ခိုင်ကမ်းရဲစခန်းအနီး ပြည်သူများ ဘေးကင်းရာရှောင်ရှားကြရန် CDF-CDM (စီးယင်း) အသိပေး

ကလေး – သိုင်းငင်းလမ်းပိုင်းသည် ကလေးမြို့မှ တီးတိန်နှင့် ဖလမ်းမြို့တို့ကို ဆက်သွယ်ထားသည့် အဓိကလမ်းမကြီးဖြစ်သည်။

(CDF-CDM (စီးယင်း)နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ဝင်အချို့ ။ဓာတ်ပုံ-CDF-CDM (စီးယင်း))
(CDF-CDM (စီးယင်း)နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ဝင်အချို့ ။ဓာတ်ပုံ-CDF-CDM (စီးယင်း))

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ခိုင်ကမ်းရဲစခန်းအနီးရှိ ဒေသခံပြည်သူများအနေဖြင့် ဘေးကင်းရာရှောင်ရှားပေးကြရန် CDF-CDM (စီးယင်း)က ထုတ်ပြန်သည်။

တီးတိန်မြို့နယ်အတွင်း သိုင်းငင်းစခန်းကို သိမ်းပြီးနောက် ကျန်ရှိနေသေးသော ခိုင်ကမ်းမြို့ရှိ ရဲစခန်းကို မကြာမီအချိန်အတွင်း သိမ်းပိုက်ထိန်းချုပ်တော့မည်ဖြစ်သောကြောင့်ဟု CDF – CDM(စီးယင်း)က ဆိုသည်။

“ကိုးမိုင် ခိုင်ကမ်းရှိ ပြည်သူ့ချစ်ရဲဝန်ထမ်းများ၊ စစ်ဝန်ထမ်းများ တိုက်ပွဲမစမီ အမြန်ဆုံး CDF-CDM (စီးယင်း)ထံ အလင်းဝင်ကာ ပြည်သူ့ရင်ခွင်ခိုလှုံပါ”ဟု CDF-CDM (စီးယင်း)မှ တာဝန်ရှိသူက ပြောသည်။

ခိုင်းကမ်းမြို့သည် ကလေးမြို့မှ (၉)မိုင်အကွာ၊ ကလေး – သိုင်းငင်းလမ်းမကြီးပေါ်တွင် ရှိသည်။

Public Service Announcement

Public Service Announcement

“ပြည်သူတွေအနေနဲ့ ကြိုတင်ရှောင်ရှားနိုင်အောင် အသိပေးထားတော့ မဖြစ်မနေရှောင်ရမှာပေါ့။ အသက်က အရေးကြီးပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

သိုင်းငင်းမြို့ရှိ စစ်ကောင်စီစခန်းကို ဇန်နဝါရီ ၁၆ရက်တွင် တော်လှန်ရေးအဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ထားသည်။

ထို့အပြင် နှစ်လကျော်ကြာပိတ်ထားသည့် ကလေး – သိုင်းငင်းလမ်းမကြီးကို ဇန်နဝါရီ ၂၂ ရက်ကစတင်ပြီး ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း CDF-CDM (စီးယင်း)က ထုတ် ပြန်ထားသည်။

ကလေး – သိုင်းငင်းလမ်းပိုင်းသည် ကလေးမြို့မှ တီးတိန်နှင့် ဖလမ်းမြို့တို့ကို ဆက်သွယ်ထားသည့် အဓိကလမ်းမကြီးဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

စစ်ရေးအခြေအနေတွေကြောင့် ဟားခါးမြို့အနီးဝန်းကျင်ရှိ တောတောင်များ၊ စစ်ရေးလှုပ်ရှားမှုဖြစ်ပွားနိုင်တဲ့ နေရာတွေနဲ့ လူသွားလာမှုနည်းပါးတဲ့ ဒေသတွေကို မလိုအပ်ဘဲ သွားလာခြင်းမပြုကြဖို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)- ဟားခါးက ပြည်သူတွေကို မေတ္တာရပ်ခံလိုက်ပါတယ်။