Connect with us

Hi, what are you looking for?

သတင်း

ဝှေခါစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ထက်မနည်းသေဆုံး၊ ငါးဦးအရှင်ဖမ်းမိ ဟု

တပ်မ ၃၃ လက်အောင်ခံဖြစ်သည့် ဝှေခါရွာမှ စစ်ကောင်စီတပ်စခန်းကုန်းကို KIAနှင့်KPDF ပူးပေါင်းတပ်ဖွဲ့က ဇန်နဝါရီလ ၁၈ ရက်နေ့မှစတင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ ၂၀ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့သည်။

(စခန်းသိမ်းတိုက်ပွဲတွင် စစ်​ကောင်စီတပ်ကားတစ်စီး​မှောက်​နေစဥ်။ဓါတ်ပုံ-CJ)
(စခန်းသိမ်းတိုက်ပွဲတွင် စစ်​ကောင်စီတပ်ကားတစ်စီး​မှောက်​နေစဥ်။ဓါတ်ပုံ-CJ)

▪︎တပ်ရင်းမှူး ဗိုလ်မှူးစံလွင် ဒဏ်ရာများဖြင့်ထွက်ပြေး

ဖားကန့်မြို့၊ ဝှေခါရွာမှ စစ်ကောင်စီစခန်းအား KIAနှင့် PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ထက်မနည်းသေဆုံးပြီး ငါးဦးအရှင်ဖမ်းမိကာ တပ်ရင်းမှူးမှာ ဒဏ်ရာများဖြင့်ထွက်ပြေးလွတ်မြောက်သွားကြောင်း သတင်းရရှိသည်။

“သေတာ ၃၀ ထက်မနည်းဘူး။ ဗိုလ်မှူးစံလွင်နဲ့သူ့တပည့် ၁၅ယောက်လောက်ထွက်ပြေးသွားတယ်။ဗိုလ်မှူးစံလွင်ဒဏ်ရရပြီ ဖားကန့်တပ်မကုန်းမှာ ဆေးကုနေတယ်” ဟု ဖားကန့် PDF ရဲဘော်တစ်ဦးကပြောသည်။

တပ်မ ၃၃ လက်အောင်ခံဖြစ်သည့် ဝှေခါရွာမှ စစ်ကောင်စီတပ်စခန်းကုန်းကို KIAနှင့်KPDF ပူးပေါင်းတပ်ဖွဲ့က ဇန်နဝါရီလ ၁၈ ရက်နေ့မှစတင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ ၂၀ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်က ထားခဲ့သည့် ရုပ်အလောင်း ၁၃လောင်းကို မီးရှို့သင်္ဂြိုဟ်ပေးခဲ့ရကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီထံမှ လက်နက်ခဲယမ်းများကိုလည်း KIA၊KPDFက ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲ တွင်ပါဝင်ခဲ့သော KPDF တပ်ဖွဲ့ဝင်ကလေးငါးဦး၏မိခင် မချောစုက တိုက်ပွဲအစအဆုံးရဲရဲဝ့ဝံ့ပါဝင်တိုက်ခိုက်ခဲ့​သော​ကြောင့် KIA က တပ်သားအဆင့်မှတပ်ကြပ်ကြီးအဆင့်သို့ ရာထူးတိုးကာ ဂုဏ်ပြုခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook