Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု အိုးဘိုအကျဥ်းထောင် အမှန်တရားဘက်တော်သားများကထုတ်ပြန်

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းရေးအတွက် မြန်မာပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ ခိုင်ကျည်သောစိတ်ဓာတ်ဖြင့် မဆုတ်မနစ်ဆက်လက်တိုက်ပွဲဝင်ရန် လေးလေးနက်နက်ကတိကဝတ်ပြုလိုက်ကြောင်း ဖော်ပြသည်။

(အိုးဘို​ထောင်နှင့် အမှန်တရားဘက်တော်သားများ၏ အိုဘို​ကြေညာစာတမ်း။ဓါတ်ပုံ-CJ)
(အိုးဘို​ထောင်နှင့် အမှန်တရားဘက်တော်သားများ၏ အိုဘို​ကြေညာစာတမ်း။ဓါတ်ပုံ-CJ)

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းရေးအတွက် ပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ မဆုတ်မနစ်ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု “အိုးဘိုကြေညာစာတမ်း” ​ခေါင်စီးဖြင့် အိုးဘိုအကျဥ်းထောင် အမှန်တရားဘက်တော်သားများက ယနေ့ထုတ်ပြန်ကြေညာလိုက်သည်။

စစ်ကောင်စီက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ သဘောထားဆန္ဒနှင့်ဆန့်ကျင်၍ အတင်းအဓမ္မအာဏာသိမ်းယူခဲ့သည့် ၃ နှစ်ပြည့်သည့် ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မန္တလေး အိုးဘိုအကျဥ်းထောင်မှ အမှန်တရားဘက်တော်သားများက အချက်၃ ချက်ပါဝင်သည့် အိုးဘိုကြေညာစာတမ်းကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

(အိုးဘို​ထောင်နှင့် အမှန်တရားဘက်တော်သားများ၏ အိုဘို​ကြေညာစာတမ်း။ဓါတ်ပုံ-CJ)
(အိုးဘို​ထောင်နှင့် အမှန်တရားဘက်တော်သားများ၏ အိုဘို​ကြေညာစာတမ်း။ဓါတ်ပုံ-CJ)

မြန်မာပြည်သူလူထုတစ်ရပ်လုံးအပေါ် နည်းမျိုးစုံဖြင့် ဖိနှိပ်ချုပ်ချယ်၍ လူ့အခွင့်အရေးချိုးဖောက်မှုများကို အကြိမ်ကြိမ်ကျူးလွန်ခဲ့သည့် အကြမ်းဖက်စစ်တပ်နှင့် ၎င်းတို့၏လက်ပါးစေများ၊ လက်ဝေခံများကို ပြင်းပြင်းထန်ထန်ဆန့်ကျန်ကန့်ကွက်လိုက်ကြောင်း အိုးဘိုအကျဥ်းထောင် အမှန်တရားဘက်တော်သားများက အသိပေးသည်။

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းရေးအတွက် မြန်မာပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ ခိုင်ကျည်သောစိတ်ဓာတ်ဖြင့် မဆုတ်မနစ်ဆက်လက်တိုက်ပွဲဝင်ရန် လေးလေးနက်နက်ကတိကဝတ်ပြုလိုက်ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထိုအပြင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီးနောက် မြန်မာပြည်သူလုထုတစ်ရပ်လုံး၏ သဘောထားဆန္ဒနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီအရေး အာမခံချက်ပေးနိုင်သည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသစ်တစ်ရပ် ရေးဆွဲအတည်ပြုပြဌာန်းပြီး ငြိမ်းချမ်းသာယာဖွံ့ဖြိုးသည့် နိုင်ငံတော်ကြီးတည်ဆောက်နိုင်ရေးအတွက် အမြော်အမြင်ရှိရှိ၊ သဘောထားကြီးကြီး၊ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ် လက်တွဲဖော်ဆောင်သွားကြရန် သက်ဆိုင်သူအားလုံးကို မေတ္တာရပ်ခံတိုက်တွန်းလိုက်ကြောင်း အိုးဘိုအကျဥ်းထောင် အမှန်တရားဘက်တော်သားများက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေအတွက်လွန်စွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်လို့ ဦးစွာပြောလိုပါတယ်။ အကြောင်းရင်းကတော့ မိမိတို့နိုင်ငံရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ ဗြဟ္မာ့ဦးခေါင်းကြီးကြောင့် သင်တို့မြေမှာ ဆိုးကျိုး တွေ ကြုံတွေ့ခဲ့ရတာကြောင့်ဖြစ်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။