Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု အိုးဘိုအကျဥ်းထောင် အမှန်တရားဘက်တော်သားများကထုတ်ပြန်

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းရေးအတွက် မြန်မာပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ ခိုင်ကျည်သောစိတ်ဓာတ်ဖြင့် မဆုတ်မနစ်ဆက်လက်တိုက်ပွဲဝင်ရန် လေးလေးနက်နက်ကတိကဝတ်ပြုလိုက်ကြောင်း ဖော်ပြသည်။

(အိုးဘို​ထောင်နှင့် အမှန်တရားဘက်တော်သားများ၏ အိုဘို​ကြေညာစာတမ်း။ဓါတ်ပုံ-CJ)
(အိုးဘို​ထောင်နှင့် အမှန်တရားဘက်တော်သားများ၏ အိုဘို​ကြေညာစာတမ်း။ဓါတ်ပုံ-CJ)

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းရေးအတွက် ပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ မဆုတ်မနစ်ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု “အိုးဘိုကြေညာစာတမ်း” ​ခေါင်စီးဖြင့် အိုးဘိုအကျဥ်းထောင် အမှန်တရားဘက်တော်သားများက ယနေ့ထုတ်ပြန်ကြေညာလိုက်သည်။

စစ်ကောင်စီက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ သဘောထားဆန္ဒနှင့်ဆန့်ကျင်၍ အတင်းအဓမ္မအာဏာသိမ်းယူခဲ့သည့် ၃ နှစ်ပြည့်သည့် ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မန္တလေး အိုးဘိုအကျဥ်းထောင်မှ အမှန်တရားဘက်တော်သားများက အချက်၃ ချက်ပါဝင်သည့် အိုးဘိုကြေညာစာတမ်းကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

(အိုးဘို​ထောင်နှင့် အမှန်တရားဘက်တော်သားများ၏ အိုဘို​ကြေညာစာတမ်း။ဓါတ်ပုံ-CJ)
(အိုးဘို​ထောင်နှင့် အမှန်တရားဘက်တော်သားများ၏ အိုဘို​ကြေညာစာတမ်း။ဓါတ်ပုံ-CJ)

မြန်မာပြည်သူလူထုတစ်ရပ်လုံးအပေါ် နည်းမျိုးစုံဖြင့် ဖိနှိပ်ချုပ်ချယ်၍ လူ့အခွင့်အရေးချိုးဖောက်မှုများကို အကြိမ်ကြိမ်ကျူးလွန်ခဲ့သည့် အကြမ်းဖက်စစ်တပ်နှင့် ၎င်းတို့၏လက်ပါးစေများ၊ လက်ဝေခံများကို ပြင်းပြင်းထန်ထန်ဆန့်ကျန်ကန့်ကွက်လိုက်ကြောင်း အိုးဘိုအကျဥ်းထောင် အမှန်တရားဘက်တော်သားများက အသိပေးသည်။

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းရေးအတွက် မြန်မာပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ ခိုင်ကျည်သောစိတ်ဓာတ်ဖြင့် မဆုတ်မနစ်ဆက်လက်တိုက်ပွဲဝင်ရန် လေးလေးနက်နက်ကတိကဝတ်ပြုလိုက်ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထိုအပြင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီးနောက် မြန်မာပြည်သူလုထုတစ်ရပ်လုံး၏ သဘောထားဆန္ဒနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီအရေး အာမခံချက်ပေးနိုင်သည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသစ်တစ်ရပ် ရေးဆွဲအတည်ပြုပြဌာန်းပြီး ငြိမ်းချမ်းသာယာဖွံ့ဖြိုးသည့် နိုင်ငံတော်ကြီးတည်ဆောက်နိုင်ရေးအတွက် အမြော်အမြင်ရှိရှိ၊ သဘောထားကြီးကြီး၊ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ် လက်တွဲဖော်ဆောင်သွားကြရန် သက်ဆိုင်သူအားလုံးကို မေတ္တာရပ်ခံတိုက်တွန်းလိုက်ကြောင်း အိုးဘိုအကျဥ်းထောင် အမှန်တရားဘက်တော်သားများက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။