Connect with us

Hi, what are you looking for?

သတင်း

ဆိပ်ဖြူတွင် စစ်တပ်က တစ်ပတ်အတွင်း ပြည်သူ ၄ဦးသတ်ဖြတ်ပြီး ၅ ဦးကို ဖမ်းဆီး

အဆိုပါစစ်ကြောင်းမှာ ဆိပ်ဖြူမြို့နယ်၊ အမှတ်(၉)လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လစခ ၉)နှင့် ကပစ(၂၁)၊ (၂၂)တပ်များမှ ထွက်လာသည့် စစ်ကြောင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများထံမှ သိရသည်။

(ဇန်နဝါရီ၂၈ ရက်က ကျွန်းတောကျေးရွာကို စစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးသွားခဲ့သည့် နေအိမ်အချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-We Love Seikphyu)
(ဇန်နဝါရီ၂၈ ရက်က ကျွန်းတောကျေးရွာကို စစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးသွားခဲ့သည့် နေအိမ်အချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-We Love Seikphyu)

▪️ကျေးရွာသုံးရွာမှ နေအိမ် ၅၀ခန့် မီးရှို့ဖျက်ဆီးခံရ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က တစ်ပတ်အတွင်း ပြည်သူ ၄ဦးအားသတ်ဖြတ်ပြီး ၅ ဦးအား ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ဆိပ်ဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးမီးရှို့နေသည့် စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၂၂ရက်က ကျစ်ပြင်ကျေးရွာမှ အသက်(၃၄)နှစ်အရွယ် ကိုမိုးမြင့်အောင်နှင့် အသက် (၂၃)နှစ်အရွယ် ကိုကျော်မင်းထွန်း၊ ဇန်နဝါရီ၂၉ ရက်တွင် သပြေရွာက အသက် (၅၀)ခန့်အရွယ် ဦးအုန်းဆွေ၊ ကျွန်းတောရွာနေ ဦးဖိုးချစ်တို့ သတ်ဖြတ်ခံခဲ့ရကြောင်း We Love Seik Phyu အဖွဲ့က ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ဇန်နဝါရီ၂၂ ရက်က ငါးချဉ်ချောင်းကျေးရွာရှိ နေအိမ် ၁၈လုံး၊ ကျစ်ပြင်ကျေးရွာရှိ နေအိမ်၂လုံး၊ ဇန်နဝါရီ၂၈ ရက်နှင့် ၂၉ ရက်တွင် ကျွန်းတောကျေးရွာရှိ နေအိမ် ၂၆ လုံးတို့အား မီးရှို့ဖျက်ဆီးသွားကြောင်း We Love Seik Phyu အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးခံရသည့် အမျိုးသား၅ဦးမှာ ကျစ်ပြင် ကျေးရွာမှဖြစ်ပြီး ဇန်နဝါရီ၂၂ရက်က ဖမ်းဆီးသွားရာ ယနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။

“ရွာအပြင်မှာ ထင်းခွေသွားရင်း အဖမ်းခံရတာပြောတယ်။ ခုထိပြန်မလွတ်သေးဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ဇန်နဝါရီ၂၉ ရက်က ဆိပ်ဖြူမြို့နယ်၊ ကျွန်းတောရွာ၊ သက္ကယ်ကျင်းရွာနှင့် ရှားလှကျေးရွာအနီးတဝိုက်တွင်ပါ စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရဲဘော်နှင့် ပြည်သူအချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါစစ်ကြောင်းမှာ ဆိပ်ဖြူမြို့နယ်၊ အမှတ်(၉)လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လစခ ၉)နှင့် ကပစ(၂၁)၊ (၂၂)တပ်များမှ ထွက်လာသည့် စစ်ကြောင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများထံမှ သိရသည်။

Data For Myanmar အဖွဲ့၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီအာဏာသိမ်းပြီးချိန်မှစ၍ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ စစ်တပ်က နိုင်ငံတဝန်းရှိ နေအိမ်ပေါင်း ၇၈,၇၃၇ လုံး မီးရှို့ဖျက်ဆီးထားသည်။ စစ်ကိုင်းတိုင်းပြီးလျှင် မကွေးတိုင်း၌ ဒုတိယအများဆုံး ဖျက်ဆီးခံခဲ့ရပြီး အိမ်အလုံးပေါင်း ၁၁,၆၈၂ လုံး ပျက်စီးဆုံးရှုံးခဲ့သည်။ ထို့အပြင် အင်တာနက်နှင့်ဖုန်းလိုင်းအခက်အခဲကြောင့် မြေပြင်၌ ယခုထက်ပင် ပိုမိုပျက်စီးနိုင်ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။