Connect with us

Hi, what are you looking for?

သတင်း

မြင်းမူနှင့် ငါန်းဇွန်တွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးများ တပ်စွဲရာနေရာကို PDFတိုက်ခိုက်

အာဏာသိမ်းစစ်ကောင်စီတပ်သည် စစ်မှုထမ်းဥပဒေအသက်မသွင်းမီကတည်းက မန္တလေးတိုင်းအတွင်း ဒေသအချို့တွင် ပြည်သူ့စစ်ခေါ် ပျူသင်တန်းများ အဓမ္မဖွင့်လှစ်နေသည်။

(မြင်းမူမြန်မာ့စီးပွားရေးဘဏ်၌ တပ်စွဲထားသော စစ်အုပ်စုအား သွားရောက်တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ - File Photo)
(မြင်းမူမြန်မာ့စီးပွားရေးဘဏ်၌ တပ်စွဲထားသော စစ်အုပ်စုအား သွားရောက်တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ - File Photo)

မြင်းမူနှင့် ငါန်းဇွန်တွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးများ တပ်စွဲရာနေရာများကို သွားရောက် တိုက်ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၃ရက်)နံနက် ၁၁နာရီ ၁၅မိနစ်ခန့်က ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ်နေ့အဖြစ် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားရာ စီးပွားရေးဘဏ်အား လက်နက်ကြီး၊လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း DKPDF-MMU၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“အနီးကပ်ဆုံး မီတာ၁၀၀ ဝန်းကျင်လောက်ပဲ။ RPG နှစ်လုံးပစ်ပြီး လက်နက်ငယ် တွေနဲ့ပစ်ခတ်ခဲ့တာပါ။”ဟု ၎င်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

အပြန်အလှန်ပစ်ခတ်မှု ၁၅မိနစ်ခန့်ကြာမြင့်ခဲ့ပြီးစစ်အုပ်စုရှိရာသို့ လက်နက်ကြီးထိခိုက်မှန်ခဲ့ကာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ကာကွယ်ရေးအဖွဲ့ဝင်ရဲဘော်များထံမှ သိရသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက မြို့ပေါ်ရမ်းသမ်းပစ်ခတ်ပြီး လှည့်လည်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း မြင်းမူမြို့ခံများက ပြောသည်။

အဆိုပါစစ်ဆင်ရေးကို Dog Killers People’s Defence Force Myinmu (DK PDF-MMU)၊ဇာမဏီ(MMU)၊မြင်းမူဖိုက်တာ(MMU)ဒေါင်းဘုရင်(MMU). D.B.B.F.MMU၊ မြင်းမူမြို့နယ် ပ.က.ဖ စသည့်မဟာမိတ်အဖွဲ့များမှပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အလားတူ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ခေါင်ဘိုရွာတွင် ပျူသင်တန်းပေးနေစဥ် ဒရုန်းများဖြင့် ၂ ရက်ဆက် ဗုံးသီးချတိုက်ခိုက်ပြီး အလင်းဝင်ရန် သတိပေးစာများပါ ကြဲချခဲ့ကြောင်းဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

ဖေဖော်ဝါရီ ၉ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က မြင်းခြံခရိုင်၊ ငါးဇွန်မြို့နယ်၊ မြင်းခြံခရိုင် ခေါင်ဘိုရွာ၌ ပျူစောထီးသင်တန်းပေးနေသည့်နေရာကို ဒရုန်းများဖြင့် ဗုံးသီး ၇လုံးချ တိုက်ခိုက်ခဲ့ရာ စစ်သား နှစ်ဦးသေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိကြောင်း CDSOM၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“သင်တန်းက ဘယ်လောက်ကြာနေလဲမသိဘူး။ သင်တန်းဆင်းတာက ၈ရက်နေ့။ မစ်ရှင်လုပ်တာက သင်တန်းဆင်းပြီး ရွာစဥ်စစ်ကြောင်းလျှောက်တဲ့ ၉ရက်နေ့မှာလုပ်ခဲ့တာပါ။ မစ်ရှင်လုပ်တဲ့နေ့ ပျူနဲ့ စခအင်အားကတော့ ၄၉ ကောင်ရှိတယ်။”ဟု CDSOM၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့အပြင် ပြည်သူ့ဘက်သို့ ကူးပြောင်းအလင်းဝင်ရန် သတိပေးစာရွက်များကိုလည်း ကြဲချခဲ့ကြောင်း သိရသည်။

ထို့အပြင် ဖေဖော်ဝါရီ ၁ဝ ရက် နေ့လယ် ၂ နာရီခန့်တွင်လည်း ခေါင်ဘိုရွာရှိ စစ်အုပ်စုကိုပင် ဒရုန်းများဖြင့် ဗုံးသီး ၁၄ လုံးချ ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးကြောင်း ငါန်းဇွန်(ပကဖ) အဖွဲ့၏ တာဝန်ခံက ပြောသည်။

သို့သော် စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုကိုမူ လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဖေဖော်ဝါရီ ၉ ရက် စစ်ဆင်ရေးကို Shar Htoo Waw နည်းပညာသုံး ဒရုန်းများဖြင့် CDSOM 001 Drone Team၊ CDSOM ငါးဇွန် (တပ်ခွဲ)၊ ဒေါင်းညီနောင် ​ပျောက်ကြားတပ်ဖွဲ့၊ ငါန်းဇွန် ပကဖအဖွဲ့တို့ကလည်းကောင်း၊ ၁၀ ရက်နေ့စစ်ဆင်ရေးကို ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ငါန်းဇွန်- ပကဖ၊ ငါန်းဇွန်ပကဖ အဖွဲ့ဝင်များဖြစ်သော ရွှေဂျိုးဖြူပျောက်ကျားအဖွဲ့၊ 925 ပျောက်ကျားအဖွဲ့၊ TGYR ပျောက်ကျားအဖွဲ့၊ ဒေါင်းဖိုက်တာပျောက်ကျားအဖွဲ့၊ ပြည်တော်ဝင်ပျောက်ကျားအဖွဲ့၊ လက်ရုံးပျောက်ကျားအဖွဲ့၊ ငန်းနက် ပျောက်ကျားအဖွဲ့၊ အားမာန်သစ်ပျောက်ကျားအဖွဲ့တို့ကလည်းကောင်း ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် စစ်မှုထမ်းဥပဒေအသက်မသွင်းမီကတည်းက မန္တလေးတိုင်းအတွင်း ဒေသအချို့တွင် ပြည်သူ့စစ်ခေါ် ပျူသင်တန်းများ အဓမ္မဖွင့်လှစ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook