Connect with us

Hi, what are you looking for?

သတင်း

ကလေး – တမူးလမ်းပိုင်းတွင် ကျေးရွာဝင် ရောက်စီးနင်းသည့် စစ်ကောင်စီတပ်ကို PDFများတိုက်ခိုက်

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုများရှိပြီး အသေးစိပ်ကို အတည်မပြုနိုင်သေးကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

၂၀၂၂ အတွင်းက ကလေးမြို့၌ တွေ့ရသော စစ်ကောင်စီတပ်သားများ။(ဓာတ်ပုံ - CJ)
၂၀၂၂ အတွင်းက ကလေးမြို့၌ တွေ့ရသော စစ်ကောင်စီတပ်သားများ။(ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ပိုင်း၌ ကလေး – တမူးလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

အင်အား ၁၀၀ခန့်ရှိသည့် စစ်ကောင်စီတပ်က ကလေး – တမူးလမ်းမပေါ်ရှိ နန်းစောင်းပုကျေးရွာကို ဝင်ရောက်စီးနင်းရာ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များက ပြည်သူများကို ကယ်ထုတ်စဉ် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ဟု ဒေသခံများက ပြောသည်။

” စစ်ကောင်စီတပ်က မတ် ၅ရက်ညဘက်ကြီး ဝင်စီးလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြည်သူတွေကိုကယ်ထုတ်ရင်း နှစ်ဖက်ထိတွေ့ပြီး ပစ်ခတ်ကြတာပါ”ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုများရှိပြီး အသေးစိပ်ကို အတည်မပြုနိုင်သေးကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်က ဒေသခံအချို့ကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးထားပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ ဒေသခံ အမျိုးသားများအား လက်နက်မဲ့ ကင်းစောင့်ခိုင်းမှုများလည်းရှိသည်ဟု ၎င်းက ဆိုသည်။

ကလေးမြို့မြောက်ပိုင်းတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေခြင်းကြောင့် နန်းစောင်းပု၊ နန်းဗဟိုရ်၊ အင်းဒိုင်းကြီး၊ အင်းဒိုင်းလေး၊ နန်းဟံနွဲ၊စခန်းကြီး၊ ကံကြီး၊ကံသာယာ၊မော်လိုက်ကလေးစသည့်ကျေးရွာများမှ ဒေသခံ တစ်သောင်းကျော်မှာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟုလည်း ဒေသခံများက ပြောသည်။

ကလေးမြို့တောင်ပိုင်းနှင့် မြောက်ပိုင်းတွင် စစ်ကောင်စီတပ်အထိုင်စခန်းကို ကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်မှုကြောင့် ဒေသခံ နှစ်သောင်းကျော်က ထွက်ပြေးတိမ်းရှောင်နေရသည်ဟုလည်း ဒေသခံများကပြောသည်။ ကလေးမြို့တောင်ပိုင်းတွင် ကလေးမြို့တာဟန်းရပ်ကွက်၊ မွန်းလိုင်၊ကြို့သုံးပင်၊ စက်မှုဇုံ၊ လှိုင်သာယာ၊ ကိုးမိုင်၊ သာယာကုန်း၊ မြို့လှ၊အင်ဒိုင်းစသည့် ရပ်ကွက်များမှ ဒေသခံများက စစ်ကောင်စီနှင့်ကာကွယ်ရေးတပ်များကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။