Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကလေး – တမူးလမ်းပိုင်းတွင် ကျေးရွာဝင် ရောက်စီးနင်းသည့် စစ်ကောင်စီတပ်ကို PDFများတိုက်ခိုက်

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုများရှိပြီး အသေးစိပ်ကို အတည်မပြုနိုင်သေးကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

၂၀၂၂ အတွင်းက ကလေးမြို့၌ တွေ့ရသော စစ်ကောင်စီတပ်သားများ။(ဓာတ်ပုံ - CJ)
၂၀၂၂ အတွင်းက ကလေးမြို့၌ တွေ့ရသော စစ်ကောင်စီတပ်သားများ။(ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ပိုင်း၌ ကလေး – တမူးလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

အင်အား ၁၀၀ခန့်ရှိသည့် စစ်ကောင်စီတပ်က ကလေး – တမူးလမ်းမပေါ်ရှိ နန်းစောင်းပုကျေးရွာကို ဝင်ရောက်စီးနင်းရာ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များက ပြည်သူများကို ကယ်ထုတ်စဉ် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ဟု ဒေသခံများက ပြောသည်။

” စစ်ကောင်စီတပ်က မတ် ၅ရက်ညဘက်ကြီး ဝင်စီးလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြည်သူတွေကိုကယ်ထုတ်ရင်း နှစ်ဖက်ထိတွေ့ပြီး ပစ်ခတ်ကြတာပါ”ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုများရှိပြီး အသေးစိပ်ကို အတည်မပြုနိုင်သေးကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်က ဒေသခံအချို့ကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးထားပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ ဒေသခံ အမျိုးသားများအား လက်နက်မဲ့ ကင်းစောင့်ခိုင်းမှုများလည်းရှိသည်ဟု ၎င်းက ဆိုသည်။

ကလေးမြို့မြောက်ပိုင်းတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေခြင်းကြောင့် နန်းစောင်းပု၊ နန်းဗဟိုရ်၊ အင်းဒိုင်းကြီး၊ အင်းဒိုင်းလေး၊ နန်းဟံနွဲ၊စခန်းကြီး၊ ကံကြီး၊ကံသာယာ၊မော်လိုက်ကလေးစသည့်ကျေးရွာများမှ ဒေသခံ တစ်သောင်းကျော်မှာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟုလည်း ဒေသခံများက ပြောသည်။

ကလေးမြို့တောင်ပိုင်းနှင့် မြောက်ပိုင်းတွင် စစ်ကောင်စီတပ်အထိုင်စခန်းကို ကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်မှုကြောင့် ဒေသခံ နှစ်သောင်းကျော်က ထွက်ပြေးတိမ်းရှောင်နေရသည်ဟုလည်း ဒေသခံများကပြောသည်။ ကလေးမြို့တောင်ပိုင်းတွင် ကလေးမြို့တာဟန်းရပ်ကွက်၊ မွန်းလိုင်၊ကြို့သုံးပင်၊ စက်မှုဇုံ၊ လှိုင်သာယာ၊ ကိုးမိုင်၊ သာယာကုန်း၊ မြို့လှ၊အင်ဒိုင်းစသည့် ရပ်ကွက်များမှ ဒေသခံများက စစ်ကောင်စီနှင့်ကာကွယ်ရေးတပ်များကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီလက်အောက်ခံလူမှုကွန်ရက်စာမျက်နှာများ၌ အမ်း၊ ဘူးသီးတောင်၊မောင်တောမြို့နယ်တို့တွင် တိုက်ပွဲများပြင်းထန်​နေကြောင်း၊စစ်ကူ​ပေးရန် ၊​လေ​ကြောင်းမှညအပြင်းအထန်တိုက်ခိုက်ရန် တိုက်တွန်း ရေးသား​နေကြသည်။