Connect with us

Hi, what are you looking for?

သတင်း

ဖား​ဆောင်းမြို့တိုက်ပွဲတွင် ပိတ်မိ​နေ​သော ပြည်သူ တစ်ထောင်ခန့်ကို ကရင်နီပူး​​ပေါင်းတပ် ကယ်ထုတ်

ကယ်ထုတ်ခဲ့သူများတွင် ဘုန်းကြီးနှင့် ကိုရင်များ ၊က​လေူငယ်များ ၊အမျိုးသမီး အများစုပါဝင်ပြီး သက်ကြီးရွယ်အိုနှင့်အရွယ်စုံအမျိုးသားများလည်းပါဝင်သည်။

(တိုက်ပွဲအတွင်းပိတ်မိ​နေ​သော ပြည်သူများကို ကရင်နီပူး​ပေါင်းတပ်က ကယ်ထုတ်စဥ်။ရုပ်သံ-File Photo)
(တိုက်ပွဲအတွင်းပိတ်မိ​နေ​သော ပြည်သူများကို ကရင်နီပူး​ပေါင်းတပ်က ကယ်ထုတ်စဥ်။ရုပ်သံ-File Photo)

တိုက်ပွဲ ပြင်းထန်လျက်ရှိသော ဖားဆောင်းမြို့အတွင်း ပိတ်မိနေသည့် ပြည်သူ ၁,၀၀၀ ခန့်ကို ကရင်နီပူးပေါင်း တပ်များက ကယ်ထုတ်နိုင်ခဲ့ကြောင်း ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်က ယနေ့ ထုတ်ပြန်သည်။

ကယ်ထုတ်ခဲ့သူများတွင် ဘုန်းကြီးနှင့် ကိုရင်များ ၊က​လေူငယ်များ ၊အမျိုးသမီး အများစုပါဝင်ပြီး သက်ကြီးရွယ်အိုနှင့်အရွယ်စုံအမျိုးသားများလည်းပါဝင်သည်။

ဖေဖော်ဝါရီ ၂၉ ရက်က ဖားဆောင်းမြို့ရှိ စစ်ကောင်စီ တပ်စွဲနေရာများကို ကရင်နီပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပြီးနောက်ဖား​ဆောင်းမြို့တွင်တိုက်ပွဲများပြင်းထန်​နေသည်။စစ်ကောင်စီက လေကြောင်း အသုံးပြု၍ တန်ပြန်ဗုံးကြဲခဲ့ကာ ဘုန်ကြီးကျောင်းများအပါ အဝင် အရပ်သားနေအိမ်ရာနှင့်ချီမီးလောင်ပျက်စီးခဲ့သည်ဟု ဆိုသည်။

(တိုက်ပွဲအတွင်းပိတ်မိ​နေ​သော ပြည်သူများကို ကရင်နီပူး​ပေါင်းတပ်က ကယ်ထုတ်စဥ်။ရုပ်သံ-File Photo)
(တိုက်ပွဲအတွင်းပိတ်မိ​နေ​သော ပြည်သူများကို ကရင်နီပူး​ပေါင်းတပ်က ကယ်ထုတ်စဥ်။ရုပ်သံ-File Photo)

ထို့အပြင် မတ်လ ၃ ရက်ကစစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖားဆောင်းမြို့မှ စစ်ရှောင် အရပ် သားငါးဦးသေဆုံးကာ ၂၀ဦး ထိခိုက်ဒဏ်ရာရရှိသည်စု ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်က အတည်ပြုသည်။

Public Service Announcement

Public Service Announcement

“လက်ရှိထိတော့ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်လိုက် လေယာဥ်နဲ့ဗုံးကြဲလိုက် လုပ်နေဆဲပဲ”ဟု ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

(တိုက်ပွဲအတွင်းပိတ်မိ​နေ​သော ပြည်သူများကို ကရင်နီပူး​ပေါင်းတပ်က ကယ်ထုတ်စဥ်။ရုပ်သံ-File Photo)
(တိုက်ပွဲအတွင်းပိတ်မိ​နေ​သော ပြည်သူများကို ကရင်နီပူး​ပေါင်းတပ်က ကယ်ထုတ်စဥ်။ရုပ်သံ-File Photo)

ဖားဆောင်းမြို့တွင် စစ်ကောင်စီ အ​ခြေစိုက်တပ် နှစ်ခုအနက် ခလရ(၁၃၅) ကို ကရင်နီပူးပေါင်းတပ်က သိမ်း ပိုက်ထားနိုင်ပြီဟု သတင်းများထွက်ပေါ်နေသော်လည်း ကရင်နီပူးပေါင်းတပ်က တရားဝင်သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

“ဖားဆောင်း မီးသတ်ကုန်းဘက်မှာ မနေ့ကတိုက်ပွဲဖြစ်တယ်။စကစ ဘက်က လေကြောင်းပစ်ကူသုံး တယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

(တိုက်ပွဲအတွင်းပိတ်မိ​နေ​သော ပြည်သူများကို ကရင်နီပူး​ပေါင်းတပ်က ကယ်ထုတ်စဥ်။ရုပ်သံ-File Photo)
(တိုက်ပွဲအတွင်းပိတ်မိ​နေ​သော ပြည်သူများကို ကရင်နီပူး​ပေါင်းတပ်က ကယ်ထုတ်စဥ်။ရုပ်သံ-File Photo)

ဖာဆောင်းမြို့၊ တံတားလမ်းခွနှင့် စေတီတို့တွင်တပ်စွဲထားသောစစ်ကောင်စီတပ်စခန်းနေရာများကို သိမ်း ပိုက်ရာ သေနတ် ၁၇ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ​ကြောင်း ကရင်နီပြည် ပြည်သူ့လွှတ်မြှောက့်ရေးတပ်မတော်(KPLA-ကလလတ) က မတ်လ ၉ ရက်တွင်ထုတ်ပြန်ထားသည်။

၂၀၂၀ ခုနှစ် ပြည်နယ်အစိုးရ၏စာရင်းအရ ဖားဆောင်းမြို့ပေါ်တွင် အိမ်ခြေ ၃၉၃ လုံးနှင့် လူဦးရေ ၃,၄၀၁ဦးရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook